ကြက်ဥများ ကောင်းမကောင်း ဆိုတာကို အလွယ်တကူ ခွဲခြားနည်း

ကျန်တဲ့အစားအစာတွေကတော့ မျက်လုံးနဲ့ နှာခေါင်း အသုံးပြုပြီး  လတ်ဆတ်သေးရဲ့လားဆိုတာ ခွဲခြားဖို့ လွယ်ကူပေမဲ့ ကြက်ဥကျတော့ ပုပ်သိုးနေသလားဆိုတာကို ခွဲကြည့်လိုက်တော့မှ သိရတာပါ။အခုဒီမှာတော့ ဘယ်ကြက်ဥက ပုပ်နေသလဲဆိုတာကို ကြက်ဥမခွဲပဲ အလွယ်တကူခွဲခြားနိုင်မဲ့ နည်းလမ်းကို ဖော်ပြလိုက်ပါတယ်။

နည်းလမ်းကတော့

ပန်းကန်လုံး တစ်လုံးထဲကို ရေ ဖြည့်ပါ။ပြီးရင် ကြက်ဥများကို ထည့်လိုက်ပါ။

– အပေါ်ကို ပေါ်နေတဲ့ ကြက်ဥများဟာ ပုပ်နေပြီဖြစ်ပြီး အောက်အထိမြုပ်နေတဲ့ ကြက်ဥများကတော့လတ်ဆတ်သေးတဲ့ ကြက်ဥတွေဖြစ်ပါတယ်။ကြက်ဥ လတ်ဆတ်လေ ပန်းကန်လုံး အောက်ခြေနဲ့ ထိနေလေဖြစ်ပြီး ပန်ကန်လုံးအောက်ခြေနဲ့ လုံးဝမထိပဲ ရေပေါ် ပေါ်နေတဲ့ ကြက်ဥကတော့ ပုပ်သိုးနေတဲ့ ကြက်ဥဖြစ်ပြီး မသေချာပါက ခွဲပြီး စမ်းသပ်နိုင်ပါတယ်။

Shwemom

Ref : The Sun

SHARE