Deepika Padukone နဲ့ Ranveer Singh တို့ရဲ့ Wedding Date ထွက်ပေါ်လာ

Ranveer Singh နဲ့  Deepika Padukone တို့ကတော့ ဘောလိဝုဒ်ရဲ့ တကယ့် ဒိတ်ဒိတ်ကြဲ ဆယ်လီစုံတွဲပါ။ နှစ်ေ ယာက်လုံးက ဘောလိဝုဒ်အနုပညာလောကရဲ့ ထိပ်တန်းမင်းသားနဲ့ မင်းသမီးပါ။ ပရိသတ်တွေကို သူတို့ရဲ့ အချစ်ရေးနဲ့  အခုနောက်ဆုံး လက်ထပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာကိုမှ Official ထုတ်မပြောကြတဲ့ ဆယ်လီစုံတွဲပါ။ ချစ်နေကြပြီး တွဲနေကြတယ်လို့ သတင်းထွက်တော့လည်း ကယကံရှင်တွေဘက်က ဘာကိုမှ တရားဝင် အတည်မပြု ခဲ့ကြပါဘူး။ ဒါပေမယ့် မီဒီယာတွေက သူတို့ရဲ့ ပတ်သက်မှုကို သက်သေပုံရိပ်တွေနဲ့တကွ အတည်ပြုဖော်ပြခဲ့ကြပါတယ်။

pinterest
pinterest

အခုတော့ နှစ်ယောက်လုံးရဲ့ မင်္ဂလာသတင်းတွေ ထွက်ပေါ်လာပါတယ်။ အစပိုင်းတုန်းကတော့ လျှို့ဝှက်လက်ထပ်လိုက်ကြပြီဆိုတဲ့ သတင်းတွေတောင် ထွက်ခဲ့ပါတယ်။ အခုတစ်ခါ ထွက်ပေါ်လာတဲ့ သတင်းတွေကတော့ သူတို့နှစ်ယောက် လက်ထပ်ကြမယ့် ရက်( Wedding Date) ပါ။ နှစ်ယောက်လုံးနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းဆီကနေရလာတဲ့ သတင်းအရ နိုဝင်ဘာ (၂၀) ကျရင် လက်ထပ်ကြတော့မယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဧည့်သည်တွေကိုလည်း ရွေးချယ်ပြီး ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။ တခြားသတင်း Source တစ်ခုကဆိုရင် မင်္ဂလာပွဲကိုတော့ ရင်းနှီးတဲ့သူအနည်းငယ်နဲ့ပဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ဖိတ်မယ့် ဧည့်သည်စာရင်းအရေအတွက်ကတော့ အယောက် (၃၀) လောက်ပဲလို့ သိရပါတယ်။ နောက်ထပ်သတင်းတစ်ခုမှာဆိုရင်တော့ မင်္ဂလာပွဲကိုတော့ နှစ်ယောက်လုံးနှစ်သက်သဘောကျတဲ့ အီတလီနိုင်ငံ မှာရှိတဲ့ Lake Como မှာကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

READ
Mission: Impossible စီးရီးရဲ့ ရုပ်ရှင်တွေမှာ ထပ်တွေ့ရဦးမယ့် Tom Cruise
pinterest
pinterest

လက်ထပ်တော့မယ့်ရက်နဲ့ နေရာနဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာတော့ အိန္ဒိယမင်းသားကြီး Kabir Bedi က တွစ်တာပေါ်မှာ ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုခဲ့ပါတယ်။ “အရမ်းလိုက်တဲ့ စုံတွဲ..အီတလီရဲ့ တကယ့် နေရာကောင်းပဲ..” ဆိုပြီး @RanveerOfficial and @deepikapadukone ဆိုပြီး ဂုဏ်ပြုပေးခဲ့တာကို တွေ့ရပါ တယ်။မင်းသားကြီး Kabir Bedi ရဲ့ ဂုဏ်ပြုစကားအရ ထွက်ပေါ်နေတဲ့ မင်္ဂလာသတင်းကတော့ သေချာသလောက်ရှိနေတဲ့ အနေအထားပါ။

pinterest
pinterest

Source .rvcj.

SHARE