Thor 4 ဟာ အရင်ကားတွေနဲ့ မတူဘဲနဲ့ ထူခြားမယ်လို့ ပြောခဲ့တဲ့ Chris Hemsworth

Imdb/Thor:Ragnarok

Thor ဟာ Marvel ရဲ့ superhero တွေထဲက နာမည်ကြီးတဲ့ ဇာတ်ကောင်တစ်ခုပါပဲ။ ၂၀၁၁ ခုနှစ်တုန်းကတော့ Thor ရဲ့ solo movie ထွက်လာခဲ့ပြီးတော့ နောက်ပိုင်း Avengers တွေထဲမှာ ပါဝင်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ Thor: The Dark World, ၂၀၁၇ ခုနှစ်မှာ Thor: Ragnarok တို့ ထွက်ရှိခဲ့ပါတယ်။

နောက်အခု လာမယ့် ၂၀၂၂ ထဲမှာလည်း Thor ဟာ Love and Thunder ဆိုတဲ့ နာမည်နဲ့ စတုတ္ထမြောက်ကားကို ထွက်လာတော့မှာဖြစ်ပါတယ်။ ပထမဆုံးကားတွေတုန်းကတော့ Thor ကမ္ဘာမြေပေါ်ရောက်လာတဲ့အခန်းတွေ၊ Loki နဲ့ အခက်အခဲတွေပြင် Hela ဆိုတဲ့ဗီလိန်တစ်ယောက်ပေါ်လာပြီးတော့ Thor ရဲ့ တူကြီးကို ဖျက်ဆီးပစ်လိုက်တဲ့အခန်းတွေ ပါဝင်လို့နေပါတယ်။

READ
ပြီးခဲ့တဲ့သီတင်းပတ် Box Office ရဲ့ ၀င်ငွေအကောင်းဆုံး ဇာတ်ကားများ
Imdb/Thor:Ragnarok

အခု ၂၀၂၂ မှာထွက်လာမယ့် Love and Thunder ကတော့ အရင် ၃ ကားရဲ့ ဇာတ်လမ်းနဲ့အက်ရှင်တွေလိုမဟုတ်ဘဲနဲ့ လုံးဝကွဲပြားခြားနားသွားမှာပါတဲ့။ ဒီလိုအပြောင်းအလဲနဲ့ပတ်သက်ပြီး Thor မင်းသား Chris Hemsworth ကလည်း ပြောပြလာခဲ့ပါတယ်။ သူ့အနေနဲ့ မတူညီတဲ့ ပုံစံသစ်တစ်ခုကို သူ့ရဲ့ icon ဇာတ်ကောင်အနေနဲ့ အသစ်တစဖန်ပြန်ပြီးတော့ ရိုက်ကူးမျာဆိုတော့။

Imdb/Thor:Ragnarok

ဒီကားမှာတော့ အတိုက်အခိုက်တွေထက် ရိုမန့်တစ်အပိုင်းကို သေခချာလေးရိုက်ကူးသွားမှာဖြစ်ပါတယ်တဲ့။ ဒီလို မတူညီတဲ့ ရှုထောင့်မျိုးကနေ ရိုက်ကူးပြထားတဲ့အတွက်ကြောင့် Thor ကြီးကို ဘယ်လိုပုံစံနဲ့မြင်ရမလဲ၊ Natalie Portman ကိုရော ဘယ်လို ဇာတ်ကောင်မျိုးနဲ့ မြင်ရမလဲဆိုတာကိုတော့ ရင်ခုန်စဖွယ်ဖြစ်တာကြောင့် စောက့်ကြည့်ရမျာပါပဲ။

ထွက်မယ့်ရက်တွေကိုတော့ အတိအကျသေချာမသိရဗသသးပေမယ့်လို့ COVID ကြောင့် မကြာခေင်ထွက်မယ်လို့ ကြေငြာထားတဲ့ ရုပ်ရှင်တေတာင်မှပဲ အသိပေးဖို့အတွက် ရက်အတိအကျ မသိရသေးပါဘူးတဲ့။

READ
ကလေးပြန်ပေးဆွဲမယ့် အပြုအမူမျိုး လုပ်ခဲ့မိလို့ ပါးအရိုက်ခံလိုက်ရတဲ့ လင်ဆေးလိုဟန်
Imdb/Thor:Ragnarok

penny

SHARE