အခန်းထဲက ကူရှင်ပေါ်မှာ သုံးပွင့်ဆိုင်ပြိုင်အိပ်နေကြတဲ့ သတ္တဝါလေး (၃) ကောင်

twitter/muchi21067312

တိရစ္ဆာန်လေးတွေကို ချစ်တတ်သူမည်သူမဆို သူတို့လေးတွေကို ထိကိုင်ပြီးဆော့ကစားရတာ နှစ်သက်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ သူတို့ကို မထိမကိုင်ဘဲနဲ့ သူတို့ရဲ့ ချစ်စဖွယ်အမူအရာလေးတွေကို အဝေးကနေ တိတ်တိတ်လေး ကြည့်နေရတာကလည်း ကြည်နူးစရာကောင်းပါတယ်။

အောက်ဘက်မှာတော့ ဂျပန်လူမျိုးတွစ်တာအသုံးပြုသူတစ်ဦးရဲ့ ကြောင်လေးတစ်ကောင်နဲ့ ကော်ဂီလေးနှစ်ကောင်တို့ အနားယူနေတဲ့ပုံရိုက်ကူးထားတဲ့ ဗီဒီယိုကို soranews24 ကနေ တွေ့ရပါတယ်။ ကော်ဂီလေးနှစ်ကောင်က Chi နဲ့ Mu လို့ အမည်ရပြီး ကြောင်လေးကတော့ Totoro လို့ အမည်ရပါတယ်။ သူတို့ရဲ့ပိုင်ရှင်က သုံးကောင်စလုံး အခန်းထဲမှာငြိမ်နေလို့ ဘာလုပ်နေလဲဆိုပြီး ချောင်းကြည့်ရာကနေ အခုလို မြင်ကွင်းလေးကို တွေ့ခဲ့ရတာပါ။

အခန်းထဲမှာတော့ ကူရှင်သုံးခုကို တြိဂံပုံထားထားတာ တွေ့ရမှာပါ။ သူတို့လေးတွေက ကူရှင်တစ်ခုပေါ်မှာ တစ်ကောင်ကျစီနဲ့ အေးအေးလူလူ ဇိမ်ယူနေကြတာပါ။ ကော်ဂီလေးနှစ်ကောင်စလုံးကတော့ လုံးဝမလှုပ်မယှက်နဲ့ အရုပ်လေးတွေလိုပါ။ လှုပ်ရှားမှုဆိုလို့ ဟိုဘက်ဒီဘက်ယိမ်းနေတဲ့ Totoro ရဲ့ အမြီးလေးတစ်ချောင်းပဲ အခန်းထဲမှာတွေ့ရပါတယ်။

READ
ပြတင်းပေါက်ကနေ အတူငှက်ကြည့်နေကြတဲ့ သူငယ်ချင်းလေးနှစ်ဦးရဲ့ ချစ်စဖွယ်မြင်ကွင်း

ချစ်စရာကောင်းတဲ့ ဒီမြင်ကွင်းလေးကိုတော့ သူတို့ရဲ့ပိုင်ရှင်က တွစ်တာပေါ်ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။ တကယ်တော့ Totoro, Chi နဲ့ Mu တို့ဟာ အားလုံးကျန်းမာတဲ့တိရစ္ဆာန်လေးတွေပါ။ ဒါပေမဲ့ ကော်ဂီလေးတွေကတော့ သူတို့အိပ်တဲ့အခါတိုင်း အသေကောင်လေးတွေလို မလှုပ်မယှက်နဲ့ အိပ်တတ်တာကိုလည်း အောက်က ဗီဒီိယိုတစ်ခုမှာ အခုလို တွေ့ရပါသေးတယ်။

ShweMom

SHARE