အုပ်စိုးခန့်နဲ့ သွန်းဆက်ရဲ့ Kiki Challenge

Kiki Challenge( #InMyFeelings )ဟာ Drake ရဲ့ Scorpion အယ်လ်ဘမ်သစ်ထဲက  In My Feelings ဆိုတဲ့သီချင်းရဲ့ သံစဉ်ကနေ အစပြုခဲ့တာပါ။ အမေရိကန် ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Shaggy က Drake ရဲ့ သီချင်းကိုဖွင့်ပြီး သီချင်းက Chorus ပိုဒ်နဲ့ ကခဲ့တာပါ။ Drake ရဲ့ “KiKi , do you love me?” and “Are you riding?” ဆိုတဲ့နေရာမှာ ကားပေါ်ကနေ ခုန်ချရတာဖြစ်ပြီး  IG မှာ ပရိသတ် (၁.၆) သန်းအထိရှိတဲ့ Shiggy က သူ့ရဲ့ပရိသတ်တွေကို စိန်ခေါ်လိုက်တာပါ။ အဲဒီနောက်မှာတော့ ဒီစိန်ခေါ်မှုက လူငယ်တွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီး ရာပေါင်းများစွာသော ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာတွေပေါ် ရောက်လာခဲ့ပါတယ်။မောင်းနေတဲ့ ကားပေါ်ကနေ ခုန်ဆင်းပြီး လုပ်တဲ့ Kiki Challenge ဟာ အန္တရာယ်များလို့ မလုပ်ကြဖို့ တားမြစ် ထားတာတွေလဲ ရှိပါတယ်။

READ
ရေကြီးနေတဲ့ နေရာတွေမှာ သွားရောက်ကူညီခဲ့တဲ့ ခင်ဝင့်ဝါ

လက်တလောမှာတော့ Kiki Challenge ဟာ မြန်မာနိုင်ငံမှာပါ ပျံ့နှံ့လာတာကို တွေ့ရပါတယ်။အနုပညာရှင်တစ်ချို့က သူတို့ရဲ့ fb မှာ Kiki Challenge  ဗီဒီယိုဖိုင်လေးတွေ တင်ထားပါတယ်။ Kiki Challenge  မှာ ပါဝင် ခဲ့ကြတဲ့ အနုပညာရှင်တွေထဲကမှာ မင်းသမီးချောလေး သွန်းဆက်နဲ့ အုပ်စိုးခန့်ရဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

သွန်းဆက်က ဇူလိုင်(၂၆)ရက်နေ့က သူမရဲ့ fb မှာ တင်ခဲ့တာပါ။

“In My feelings challenge
Just for fun Credit by my lit bro..” ဆိုပြီး တင်ခဲ့ပါတယ်။

https://www.facebook.com/thunsett.ts/videos/2155777224708065/

အုပ်စိုးခန့်ကတော့.ဇူလိုင်(၂၄)ကတင်ခဲ့တာပါ။

#Kikichallenge
ကိုယ်လဲခေတ်မှီသွားအောင်လို့! XP …
ဆဲကြကုန်…. Crd Video……………” ဆိုပြီး တင်ထားပါတယ်။

READ
ရုပ်ရှင်ကားကြီး စရိုက်နေပြီဆိုတဲ့ မေပန်းချီ

https://www.facebook.com/Oaksoekhantkevin.2001/videos/447941135672356/

from အုပ်စိုးခန့်၊သွန်းဆက်

SHARE