လူမှုကွန်ယက်အကောင့်တွေကို ဘယ်လို hack ရမလဲဆိုတာ ဝေမျှပေးနေတဲ့ Tiktok ဆယ်လီမမ

Instagram- @margaux_cody

Tiktok ကတော့ တကယ့်ကို အကြောင်းအရာပေါင်းစုံတို့ စုစည်းရာပါပဲ။ အလှအပပဲကြည့်မလား၊ဖက်ရျင်အကြောင်း လေ့လာမလား၊ ဟာသတွေကြည့်မလား၊ ပညာပေးဗီဒီယိုတွေလား ဒါမှမဟုတ်ဘဲ နည်းပညာလား၊ ဟင်းချက်နည်းတွေလား ဘာပဲလိုလို ၁ မိနစ်အတွင်းလေးမှာ အရာအားလုံးကို လေ့လာနိုင်တဲ့ နေလာလေးဖြစ်လို့နေပါပြီ။

အခုလည်း Tiktok မှာ ပေါက်နေတဲ့ ဗီဒီယိုတစ်ခုရှိနေပါတယ်။ အဲဒါကတော့ social media account တွေကို hack တဲ့ ဗီဒီယိုပါပဲ။ နည်းလမ်းလေးကို တင်ခဲ့တဲ့သူကတော့ ဖိလစ်ပိုင်မလေး Margaux Cody ပဲဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Margaux Ysabel (@margaux_cody)

စစချင်းမှာပဲ Margaux Cody ဟာ လူတစ်ယောက်ရဲ့ snapchat account ကို password မလိုဘဲ ဘယ်လိုဝင်ကြည့်လို့ရလှဲဆိုတဲ့ ဗီဒီယိုကို တင်ထားခဲ့တာပါ။ အဲဒီဗီဒီယိုဟာ ကြည့်ရှုသူ ၁၃ သန်းတောင်ရှိလို့နေခဲ့တာပါ။ 

 

View this post on Instagram

 

A post shared by Margaux Ysabel (@margaux_cody)

 

@margauxrita_PART 7 ❤️ #greenscreen #cleantok #2021affirmations♬ Buss It – Erica Banks

နောက်တော့ Instagram မှာ တစ်ခြားသူပို့တဲ့ message ကို seen မပြဘဲ ဘယ်လိုဝင်ဖတ်ရမလဲတို့ဘာတို့အထိကို လှည့်ကွက်တွေကို ပြောပခဲ့တာပါ။ သူမကိုယ်တိုင်ဟာလည်း အရင်ရည်းစားဖောက်ပြန်တာကို ဒီနည်းတွေသုံးပြီးတော့ ဖော်ထုတ်ခဲ့တာပါတဲ့။ ဒီဗီဒီယိုတွေကို အဓိကတင်ရတဲ့ ရည်ရွယ်ချက်ကတော့ မိန်းကလေးတွေအနေနဲ့ သူတို့ရဲ့ ချစ်သူကောင်လေးခြေလှမ်းတွေကို ကြိုကြည့်လို့ရအောင်ပါတဲ့လေ။

@margauxrita_PART 8 this was the tip voted for in Part 5’s vote. Thank you for 61k!! ❤️ ##cleantok ##joblife ##999♬ Cry Baby (feat. DaBaby) – Megan Thee Stallion

penny

SHARE