ဘယ်အချိန်မှာအလုပ်ထွက်မလဲ?

resign

အလုပ်ထွက်တာကလွယ်ပါတယ်။ ဒါပေမယ့် အလုပ်ထွက်(resign)သင့်လား၊ မထွက်သင့်လား စဉ်းစားတာက
ခက်ပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သင်အလုပ်ထွက်သင့်တာလဲ? အောက်မှာတော့ သင်အလုပ်ထွက်သင့်၊မထွက်
သင့်စဉ်းစားရာမှာ ကူညီပေးနိုင်မယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်ရဲ့အကြံပြုချက်တွေကို အမြဲတမ်းအလိုမရှိစွာ အငြင်းခံရတဲ့အခါ

သင်ကတော့ အမြဲတက်ကြွစွာနဲ့ အလုပ်အတွက်တိုးတက်ဖို့ အကြံဥာဏ်တွေပေးလေ့ရှိသော်လည်း သင့်အကြံ
ဥာဏ်တွေဟာ အမြဲတန်းအငြင်းခံရတဲ့အပြင် တစ်ခါတစ်လေမှာ လှောင်ပြောင်ခြင်းတောင်ခံရတယ် ဆိုရင်
တော့ သင့်အတွက်ဒါဟာ စိတ်ဓာတ်ကျစရာဖြစ်လာမှာပါ။

(၂) လူကြားထဲမှာ အရှက်ခွဲခံရတဲ့အခါ

ခေါင်းဆောင်ကောင်းတွေက သူ့ရဲ့ဝန်ထမ်းတွေကိုဘယ်တော့မှ အရှက်ခွဲလေ့မရှိပါဘူး။ သူတို့မှာ ပြောစရာရှိခဲ့
ရင်တောင် သင့်ကိုယ်ခေါ်ပြီးသီးသန့်ပြောမှာဖြစ်ပါတယ်။

(၃) “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကား တစ်ခါမှမကြားရတဲ့အခါ

တကယ်တော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကြားရတာ ၀န်ထမ်းတွေအတွက်တော့ သူတို့လုပ် ထားတာကို
အသိအမှတ်အပြုခံရတာနဲ့အတူတူပါပဲ။ ဒီလိုမှမဟုတ်ပဲ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကား တစ်ခါမှာကိုမကြားရ
တော့ဘူးဆိုရင်တော့ သင့်ရဲ့လုပ်ဆောင်ချက်တွေအသိအမှတ်အပြုမခံရတာလည်းဖြစ်နိုင်ပါတယ်။

READ
ပိုက်ဆံကို အလေအလွင့်မရှိအောင် ဘယ်လိုစုဆောင်းမလဲ

(၄) သင့်ရဲ့ Boss ကအထက်ပိုင်းကသူတွေကိုပဲ စီမံခန့်ခွဲနေပြီး သင့်ကိုလှည့်တောင်မကြည့်တဲ့အခါ

သင့်ကို တစ်ကယ်တန်ဖိုးထားတဲ့ Boss တွေက သူတို့အလုပ်ရှုပ်နေသည့်တိုင်အောင် သင့်ကိုတန်ဖိုးထားတဲ့
အမူအရာမျိုး တစ်နည်းမဟုတ်တစ်နည်းနဲ့ ပြလေ့ရှိပါတယ်။

(၅) သင့်မှာရည်မှန်းချက်မရှိသလိုခံစားလာရတဲ့အခါ

အလုပ်မှာ ဘာမှရည်မှန်းချက်မရှိသလိုခံစားလာရတဲ့အခါ သင်လုပ်နေတဲ့အလုပ်ပေါ်မှာလည်း စိတ်ဝင်စားမှု
လျော့နည်းလာပါလိမ့်မယ်။ ပြီးတော့ ပျော်ရွှင်တော့မှာလည်းမဟုတ်ပါဘူး။

(၆) ၀န်ထမ်းတွေကို တန်ဖိုးမထားတဲ့အခါ

ဝန်ထမ်းတွေကို အချိန်မရွေးအစားထိုးလို့ရနိုင်တဲ့ ကိန်းဂဏန်းတစ်ခုလို တန်ဖိုးထားဆက်ဆံနေတယ် ဆိုရင်
တော့ သင့်အတွက်ရေရှည်မကောင်းပါဘူး။

(၇) မိုးလင်းတိုင်း အလုပ်သွားဖို့စိတ်မပါတော့တဲ့အခါ

လူတိုင်းလူတိုင်း အလုပ်မသွားချင်တဲ့ နေ့ရှိဖူးလောက်မှာပါ။ ဒါပေမယ့် နေ့စဉ်အလုပ်မသွားချင်လောက်
အောင်ဖြစ်လာရင်တော့ သင့်ကိုယ်သင်ပြန်သုံးသပ်သင့်ပါပြီ။ မပျော်ရွှင်တဲ့အလုပ်တစ်ခုမှာသင်အောင်မြင်ဖို့
ဆိုတာရာခိုင်နှုန်းမရှိသလောက်ပါပဲ။

(၈) သင့်အလုပ်နဲ့ပက်သက်ပြီးတွေးလိုက်တိုင်း သင့်အတွက်အနာဂတ်မတွေ့တဲ့အခါ

လူတွေက ကိုယ့်အလုပ်နဲ့ပက်သက်ပြီး စိတ်ကူးယဉ်အိမ်မက်လေးတွေရှိတတ်ကြပါတယ်။ ဒါပေမယ့် သင့်မှာ
အဲ့ဒိလို အိမ်မက်လေးတစ်ခုတောင် လှမ်းကြည့်လို့မမြင်ဖူးဆိုရင်တော့ဘာမှားနေလဲပြန်စဉ်းစားကြည့်သင့်ပါပြီ။

READ
မိမိနဲ့သင့်တော်တဲ့ အလုပ်ကို အမြန်ဆုံးရှာတွေ့နိုင်မယ့် နည်းလမ်း(၅)မျိုး

(၉) သင်အလုပ်အပေါ်စေတနာထားသလိုစေတနာမထားတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့တွဲလုပ်နေရတဲ့အခါ

သင်ကြုံဖူးမှာပေါ့။ သင်ကတော့အလုပ်ကို ကြိုးကြိုးစားလုပ်တယ်။ ဒါပေမယ့် အဲ့လိုကြိုးစားတဲ့ လုပ်ဖော်ကိုင်ဖက်
တွေမရှိတဲ့အခါ စည်းလုံးမှုမရှိပဲ သင်ပဲပင်ပန်းမှာပါ။ ဘာမှလည်း ဖြစ်ဖြစ်မြောက်မြောက် ဖြစ်ပျက်လေ့မရှိပါဘူး။

Resign လုပ်သင့်ပြီလား ပြန်စဉ်းစားပါ။

ကဲအထက်ကအချက်တွေထဲက ဘယ်အချက်တွေကို သင်ခံစားနေရပါသလဲ? ပြောင်းလဲဖို့ဆိုတာ ဘယ်တော့မှ
နောက်မကျပါဘူး။ ဒါကြောင့် သင်မပျော်ရွှင်တော့ဘူးဆိုတာ သေချာရင်တော့ နောက်အလုပ်တစ်ခုရှာဖွေသင့်
ပါပြီ။

Do what you love and love what you do.

မိုးရှင်း (I.M.T)

SHARE