ဆံပင်ကွက်ကျွတ်ခြင်းနဲ့ ထိပ်ပြောင်ခြင်းပြဿနာဟာ အမျိုးသားတွေမှာ အရွယ်မတိုင်ခင်အချိန်မှာတောင်မှပဲ ဖြစ်တတ်ကြတဲ့ ပြဿနာမျိုးပါ။ ဒီတော့ ဒီလိုထိပ်ပြောင်တဲ့ ပြဿနာတွေကို အမျိုးသားတွေအနေနဲ့ လွယ်လွယ်ကူကူနဲ့ ဘယ်လိုကာကွယ်မလဲ၊ ဖြေရှင်းကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ဆံပင်ကိုတတ်နိုင်သလောက်လွှတ်ထားပါ
အမျိုးသားများ ဆံပင်ကျွတ်ခြင်းပြဿနာဟာ များသောအားဖြင့် ဦးထုပ်ဆောင်တဲ့ကိစ္စကြောင့်ပါပဲ။ ဦးထုပ်ကို အမြဲတမ်းလိုလိုဆောင်းထားခြင်းဟာ ဦးရေပြားကို ပွတ်တိုက်မှုများစေပြီးတော့ လေဝင်လေထွက်လည်း မကောင်းတဲ့အတွက် ချွေးပေါက်တွေမှာ အောက်ဆီဂျင်ဓာတ် လုံလုံလောက်လောက်မရနိုင်တဲ့အတွက်ကြောင့် ဦးခေါင်းရဲ့ ထိပ်အလယ်ပိုင်းတစ်ဝှက်မှာ ကွက်ပြီးဆံပင်ကျွတ်လာတတ်ကြပါတယ်။

နှိပ်နယ်ပေးခြင်း
အမျိုးသားတွေအနေနဲ့ ခေါင်းလျှော်တဲ့အခါမျိုးမှာ ဖိကုတ်ပြီး ဖြစ်ကတတ်ဆန်းပဲ အချိန်ခဏလေးနဲ့ ခေါင်းကိုလျှော်တတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ ကိစ္စတစ်ခုပါ။ ခေါင်းလျှော်ရည် တစ်သတ်မှတ်တည်းထားပေးသင့်တဲ့အပြင်ကိုမှ ခေါင်းလျှော်တဲ့အခါမှာ အနည်းဆုံး ၅ မိနစ်လောက် သွေးလှည့်ပတ်မှုကောင်းစေဖို့ နှိပ်နယ်ပေးသင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာလည်း ၂ ရက်ခြားတစ်ခါသာ လျှော်သင့်ပါတယ်။
ရှားစောင်းလက်ပက်
အကောင်းဆုံးသော သဘာဝနည်းလမ်းနဲ့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ဖို့ကတော့ ရှားစောင်းလက်ပက်ပါပဲ။ ရှားစောင်းလက်ပက် တစ်မြှောင်းကိုယူ၊ အထဲကအနှစ်ကို ဇွန်နဲ့ခြစ်ထုတ်ပြီး ဦးရေပြားအနှံ့ကို ပွတ်ပြီး လိမ်းပေးပါ။ ၁၀မိနစ်လောက် နှိပ်နယ်ပြီးမှ ရေဆေးချပါ။

ငါးကြီးဆီ
ငါးကြီးဆီးဟာ အမျိုးသမီးတွေအတွက်သာမကဘဲ အမျိုးသားတွေလည်း မှီဝဲသင့်တဲ့ သဘာဝဗီတာမင်တစ်မျိုးပါ။ ဆံပင်အတွက်ကိုလည်း ငါးကြီးဆီက အထောက်အကူဖြစ်စပေါတယ်။
အိပ်စက်နည်း
ပက်လက်လှန်အိပ်တာ သို့မဟုတ် တစ်ဖက်ကိုပဲစောင်းအိပ်တာမျိုးဟာ တစ်နေရာတည်းကို ဆံပင်ပိုကျွတ်စေမှာဖြစ်တဲ့အတွက် ဖြစ်နိုင်ရင် ဖက်ပေါင်းစုံပြောင်းပြီး အိပ်ပေးပါ။
ကြက်သွန်နီအရည်
ကြက်သွန်နီကိုကြိတ်ပြီး ရလာတဲ့အရည်ကို ခေါင်းမလျှော်ခင် ၁၅ မိနစ်လောက် ဦးရေပြားမှာ သုပ်လိမ်းပြီး ပေါင်းတင်ခြင်းဟာ သင့်ရဲ့ဆံပင်တွေကို သန်မာထူထဲလာစေမှာပါ။

ဂျယ်လ်ကိစ္စ
အမျိုးသားအများစုဟာ နေ့တိုင်းလိုလို ဆံပင်ပုံသွင်းတဲ့ ဆီနဲ့ဂျယ်လ်တွေ၊ ခရင်မ်တွေကို သုံးလေ့ရှိပါတယ်။ တကယ်တော့ ဒီပစ္စည်းတွေကို နေ့တိုင်းသုံးတဲ့အခါ ဆံသားပျက်စီးလာပြီးတော့ ဦးရေပြားမှာလည်း ချွေးပေါက်ပိတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုကနေပြီး ဆံပင်ကျွတ်တာနဲ့ ဗောက်ထတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
ဆေးခန်းသွားဖို့ ဝန်မလေးပါနဲ့
အခုအခါမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကိစ္စတွေကို အလှအပဆိုင်ရာနဲ့ အရေးပြားဆိုင်ရာဆေးခန်းတွေမှာ သွားရောက်ကုသပြသနိုင်နေပါပြီ။ ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူတာဟာ အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေပါ။
penny