သင့် Android Phone ကို ပြန်မရောင်းခင် ဘာတွေလုပ်ထားသင့်လဲ

Android device တစ်လုံးကို ပြန်ရောင်းဖို့ဆိုတာဟာ တကယ့်ကို လွယ်ကူတဲ့အလုပ်လို့ ပြောလို့ရပါတယ်။
ဒါပေမယ့် တ ကယ်တမ်း သူများလက်ထဲ မထည့်လိုက်သေးခင် သတိထားရမယ့် အဆင့်အနည်းငယ်တော့
ရှိပါတယ်။ အရေးကြီးတာက တော့ data တွေကို back up လုပ်ထားပြီး သူများလက်ထဲမထည့်ခင် ဖုန်းထဲက
data တွေကို ဖျက်ပစ်ဖို့ပါ။

ပြဿနာက လောကကြီးမှာ လူကောင်းတွေပဲ ရှိနေတာမဟုတ်ပါဘူး။ လူဆိုးတွေလည်း ရှိတာပါပဲ။ သူတို့
တွေက ဈေးပေါတဲ့ တပတ်ရစ်ဖုန်းတစ်လုံးကို ဝယ်ပြီး သူများတွေကို ဒုက္ခပေးတာမျိုး လုပ်နိုင်ပါတယ်။
တစ်ချို့ကြပြန်တော့လည်း သူများကို ဒုက္ခ ပေးချင်တာမဟုတ်ပေမယ့် မတော်တဆ ဖြစ်သွားတာမျိုး ဖြစ်
တတ်ပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း တွေရှိပါတယ်။ ဒါကြောင့် ကိုယ့်ဖုန်း
တစ်လုံးကို တစ်ပတ်ရစ်ဈေးကွက်ထဲမှာ ပြန်ရောင်းတော့မယ်ဆိုရင် ကြိုတင်ပြုလုပ်သင့် တဲ့ အချက် ၅
ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁. Data တွေကို Back up လုပ်ပါ။

ဖုန်းက data တွေကို နောက်ဖုန်းတစ်လုံးကို ပြောင်းဖို့ နည်းလမ်း ၃ ခုလောက် ရှိပါတယ်။ ပထမက
ကွန်ပျူတာထဲကို ပြောင်း ထည့်တာပါ။ ဒုတိယက ဖုန်းအချင်းချင်းပြောင်းထည့်တာပါ။ တတိယကတော့
Cloud မှာ အရင် back up လုပ်ပြီး၊ နောက် ဖုန်းထဲကနေ ပြန်ဆွဲတဲ့နည်းပါ။ အားလုံးထဲမှာ အလွယ်ဆုံး
ကတော့ ဖုန်းအချင်းချင်း ကူးတာပါပဲ။ Android 5.0 နဲ့ အထက် ရှိ တဲ့ဖုန်းတွေဆိုရင် လုပ်ရတာ အရမ်းကို
လွယ်သွားပါတယ်။

တကယ်လို့ ကြားခံကနေ ကူးမယ်ဆိုရင်တော့ ဖုန်းရဲ့ SD ကတ် ကို ဖြုတ်ပြီး၊ ကွန်ပျူတာထဲ ထည့်ပေးပြီး
တော့ back up လုပ်နိုင်ပါတယ်။ အဲဒီအတွက် MicroUSB cable လိုပါတယ်။ ပုံမှန်အားဖြင့်တော့ Google
Account နဲ့ Synced လုပ်ထား မယ်ဆိုရင် contacts တွေကို အလိုလို synced လုပ်ပေးမှာ ဖြစ်ပါတယ်။
တကယ်လို့ back up ကို အပြည့်အဝလုပ်ချင်တယ်၊ ကိုယ့်ရဲ့ နဂို OS ပုံစံအတိုင်း အတိအကျပြန်လိုချင်
တယ်ဆိုရင်တော့ Titanium Launcher တို့၊ Carbon တို့လို app မျိုးတွေ ကို အသုံးပြုနိုင်မှာပါ။

READ
iPad Proကို ပြိုင်ဖို့ပြင်ဆင်လာတဲ့ Microsoft ရဲ့ Surface Pro Tablet

၂. SIM card တွေ၊ MicroSD card တွေကို ထုတ်ပါ။

ဒါကတော့ အားလုံးလိုလို လုပ်ဖြစ်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေ မေ့သွားတာတို့၊ ယောင်ပြီး
ပါသွားတာတို့ ကြုံ ရတတ်ပါတယ်။ တကယ်လို့ SD card ကို ပါထည့်ပေးလိုက်မယ်ဆိုရင်တော့ card တစ်ခု
လုံးကို ကွန်ပျူတာနဲ့ format ချပေး လိုက်ဖို့ လိုပါလိမ့်မယ်။

၃. ဖုန်းကို Factory Reset ချပါ။

ဖုန်းထဲမှာရှိတဲ့ data တွေအားလုံး အကုန်အစင်ပျက်သွားဖို့ဆိုရင် factory data reset လုပ်ပေးဖို့လိုပါတယ်။
ဒါပေမယ့် ပြဿနာက ဒါလုပ်ပြီးရင် ပြန်ပြင်လို့ မရတော့ပါဘူး။ data တွေ ပြန်မရနိုင်တော့ဘူး။ ဖုန်းကို
factory data reset လုပ်မယ် ဆိုရင်၊ Settings>Backup & reset>Factory data reset ကို သွားရပါမယ်။
ကိုယ့်ရဲ့ PIN ကို ထည့်လိုက်ပြီဆိုတာနဲ့၊ ဖုန်း က မိနစ်အနည်းငယ်အတွင်းမှာ စက်ရုံကထုတ်လိုက်တဲ့အတိုင်း
ပြန်ဖြစ်သွားမှာပါ။ ဒါက SDcard ထဲက data တွေကိုတော့ ဖျက်မပစ်ပါဘူး။

READ
၂၀၁၈ ခုနှစ်အတွင်း နည်းပညာလောကရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး တီထွင်မှု ၇ မျိုး

၎. Accessories တွေကို ပြန်ထည့်ပေးပါ။

ဖုန်းကိုဝယ်လိုက်တုန်းက ပါလာတဲ့ ဗူးတို့၊ အားသွင်းကြိုး၊ နားကြပ်၊ charger တို့ ပြန်ထည့်ပေးနိုင်မယ်ဆိုရင်
သင့်ဖုန်းကို ဈေး ကောင်းကောင်းနဲ့ မြန်မြန်ပြန်ရောင်းလို့ရနိုင်ပါမယ်။ တကယ်လို့ ဒီဖုန်းနဲ့ပဲ သုံးနိုင်မယ့်
ဘက်ထရီအပိုတွေ၊ အားသွင်းကြိုးတွေ၊ အပေါ်က ကာဗာတွေနဲ့ screen guard တွေ ရှိနေသေးတယ်ဆိုရင်
ထည့်ရောင်းနိုင်ပါတယ်။ ဒါမျိုးဆိုရင် ဝယ်တဲ့သူတွေက ပို သဘောကျတတ်ပါတယ်။ တကယ်လို့ အာမခံ
သက်တမ်းကျန်သေးရင်လည်း ဘယ်လောက်ကျန်သေးတယ်ဆိုတာကို ပြော ပြီး၊ ဝယ်ထားတဲ့ ဘောင်ချာ
နဲ့အတူတူ ပြန်ထည့်ရောင်းနိုင်မှာပါ။

၅. သန့်ရှင်းရေးလုပ်ပေးပါ။

ဒါကအရေးကြီးတဲ့ အဆင့်တစ်ခုပါ။ Device ကို သန့်သန့်ရှင်းရှင်း ထားပေးတာက ဝယ်သူအနေနဲ့ အမြင်
ကောင်းသွားစေသ လို၊ ဒီပစ္စည်းကို ကိုင်တဲ့သူက သပ်ရပ်တဲ့သူလို့ သူတို့ကို ထင်သွားစေပါတယ်။ Screen
ပေါ်မှာ အစွန်းတွေ၊ လက်ဗွေတွေ ရှိ မနေအောင် ရှင်းထားဖို့လိုသလို၊ ဖုန်းမှာလည်း ချေးတွေကပ်နေတာ၊
ဖုန်တွေဝင်နေတာမျိုးတွေ မဖြစ်အောင် သန့်ရှင်းထား သင့်ပါတယ်။ ဝယ်တဲ့သူက လာတော့မယ်ဆိုရင်
ဖုန်းကို အားသွင်းပေးထားတာ ကောင်းပါတယ်။ လုံးဝအားကုန်လို့ ဖွင့်မရ ဖြစ်နေတာမျိုးကို ရှောင်ရှား
တဲ့အနေနဲ့ပါ။

ဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းကို တပတ်ရစ်ဈေးကွက်မှာ ပြန်ရောင်းချင်သူတွေအနေနဲ့ လုံခြုံစိတ်ချမှု
ရှိစွာ ရောင်းချနိုင် ပြီလို့ မျှော်လင့်ရပါတယ်။ အဓိကသတိထားရမှာက တပတ်ရစ်ဈေးကွက်မှာ ဖုန်းတွေ
ရောင်းမယ်ဆိုရင် ကိုယ့် data တွေကို အခြားသူတွေလက်ထဲ ရောက်မသွားစေဖို့နဲ့၊ ပြန်ရောင်းရာမှာ
ဈေးကောင်းကောင်းရနိုင်ဖို့အတွက် Accessories တွေနဲ့ ဖုန်းရဲ့ အသွင်အပြင်ကို ကောင်းအောင်လုပ်ဖို့
လိုတယ်ဆိုတာပါပဲ။

Source: Ads.com.mm

SHARE