ဝိတ်လျော့ချင်သူများအတွက် နည်းလမ်းကောင်းများ

lose weight

ဝိတ်လည်းကျချင် အစားစားချင်စိတ်လည်းဖြတ်မရတဲ့လို့ အခက်တွေ့နေတဲ့ သူတွေအတွက် အောက်က
အချက်လေးတွေက အကူအညီပေးနေမှာပါ။ လုပ်ဆောင်မယ့် အချက်လေးတွေကလည်း အရမ်းကြီး
မခက်ခဲပါဘူး။

(၁) ရေ

အစာအစားခင် ရေတစ်ခွက်အပြည့်သောက်ပေးပါ။ ဒီနည်းလမ်းဟာ အစာနည်းနည်းပဲ စားရုံနဲ့သင့်ကို
အလွယ်တကူဗိုက်ပြည့်စေပါတယ်ဆော်ဒါ နဲ့ အခြားအချိုဓာတ်ပါဝင်တဲ့ လက်ဖက်ရည် ကော်ဖီတွေကို
ရှောင်ပါ။ နောက်ပြီး ရေသောက်လျှင် သံပုရာရေချဉ်ချဉ်သောက်ပါ။ သောက်ရခက်(အဝင်ဆိုး)ပေမဲ့
ကယ်လိုရီတွေကိုလျော့ကျစေပါတယ်။

(၂) ပန်ကန်းပြားအသေး

ထမင်းဖြစ်ဖြစ် အခြားအစာ ဖြစ်ဖြစ်စားသုံးတဲ့အခါ ပန်းကန်အသေးတွေနဲ့ပဲ ထည့်စားပေးပါ။ ဒါဟာ
သင့်ကို အစားအသောက်နည်းစေပါလိမ့်မယ်။ ခဏခဏတော့ မထည့်နဲ့ပေါ့နော်။

(၃)လက်နဲ့ အားပါးတရမစားပါနဲ့

များသောအားဖြင့်လက်နဲ့ စားတာဟာ အချိုးအဆ မမှန်တဲ့အပြင် ပမာဏများများကို စားမိစေပါတယ်။
ဒါ့ကြောင့် လက်နဲ့ စားတဲ့အခါ အများကြီး တစ်ဆုတ်တစ်ခဲ မစားပါနဲ့။

READ
လူအများစုနှစ်သက်ပြီး ဆေးဖက်လည်းဝင်တဲ့ ကြက်သွန်နီရဲ့ ကောင်းကျိုးအဖြာဖြာ

(၄)ခရင်းအကြီးနဲ့စားပါ

များသောအားဖြင့် ခရင်းကြီးနဲ့စားရင် ပိုစားဖြစ်တယ်လို့ထင်ရပေမဲ့ အမှန်တော့ ခရင်း သေးသေးလေး
တွေထက် ခရမ်းကြီးတွေနဲ့ စားတာဟာ အစာကို လျော့စားဖြစ်ပါတယ်။

(၅)ဖြည်းဖြည်းစားပါ

အစားကို မြန်မြန်စားတဲ့အခါ ကယ်လိုရီကိုပိုတိုးစေပါတယ်။ ဒါ့ကြောင့်အစားကိုဖြည်းဖြည်းစားသင့်ပါတယ်။
အစားကိုဖြည်းဖြည်းစားမှာ အစာကြေလွယ်ပြီး ကယ်လိုရီတွေကို လျော့ကျစေနိုင်ပါတယ်။

(၆)TV ကြည့်ရင်းအစာမစားပါနဲ့။

TV ကြည့်ရင်း အစားအစားတဲ့အခါ မိမိစားတဲ့ပမာဏကို မချိန်ဆမိဘဲ TV ကအစီအစဉ်မပြီးမချင်း မုန့်မကုန်
မချင်းစားမိနေတတ်ပါတယ်။ ဒါ့ကြောင့် ဝိတ်ကျစေဖို့ ဒီအကျင့်ကိုလည်းဖျောက်ရပါမယ်။

(၇)Sugar – Free Gum

သရေစာအဖြစ် အားလူကြော် , ရေခဲမုန့်အစား သကြားဓာတ်မပါတဲ့ ပီကေ ချိုချဉ်စတဲ့ chewing gum
ဆောင်ထားပါ။ ဒီ chewing gum တွေကိုစားပေးခြင်းဖြင့် ကယ်လိုရီများတဲ့ အစာတွေကို မစားဖြစ်တော့ပါဘူး။

READ
မျက်ကပ်မှန်တပ်ပြီး ရေချိုးလိုက်လို့ မျက်လုံးကန်းသွားတဲ့ အမျိုးသားရဲ့ အဖြစ်

(၈)ကျန်းမာစေတဲ့အစာများကိုသာအရှေ့မှာထားပါ။

စတိုးဆိုင်ဖြစ်ဖြစ် အိမ်က ရေခဲသေတ္တာမှာပဲဖြစ်ဖြစ် အရင်ဆုံးတွေရမှာက ကယ်လိုရီများတဲ့ အစာတွေပါပဲ
ဒီ့တော့ မီးဖိုချောင်ထဲဖြစ်ဖြစ် ရေခဲသေတ္တာထဲမှာဖြစ်ဖြစ် အဟာရဖြစ်စေတဲ့ အသီးအနှံတွေပဲထားပါ
ကိုယ့်ရှေ့မှာ အသီးအနှံပဲရှိတော့ အသီးအနှံပဲ စားဖြစ်ပါတယ်။

(၉)အစားထိုးစားတတ်ပါစေ။

ဘယ်လောက်ပဲသတိထားထား သင်ကြိုက်တဲ့ ချောကလပ် တွေ အသားခြောက်တွေ စားမိနေဦးမှာပါ။
ဒီလိုစားချင်လာတဲ့အခါ နို့ချောကလပ် အစားချောကလပ်အမည်းကို အစားထိုးစားတတ်ပါစေ အသားခြောက်
ဆိုလည်း ရိုးရိုးအသားခြောက်ကိုစားတတ်ပါစေ။

(၁၀)သတိထားစားတတ်ပါစေ။

အစားနည်းနည်းပဲစားမိဖို့ဆိုရင် ကိုယ်ကိုယ်ကိုသတိထားစားဖို့လိုပါတယ်။ တကယ်လို့သင်ဟာ အစာစားပြီး စွမ်းအင်တွေပြိုကွဲသလိုခံစားရင် သင်အစားအရမ်းစားမိသွားပါပြီ။ ဒီတော့ အစားစာတဲ့အခါ ချိန်ဆပြီး သတိ
ထားစားပါ။

ဒီနည်းလမ်းလေးတွေကသင့်ကို ဝိတ်ကျစေဖို့အထောက်အကူဖြစ်စေမှာပါ။

Myanmar Online Media Team

SHARE