
Talent scout ဆိုတဲ့ စကားလုံးကတော့ လူတော်တော်များများနဲ့ စိမ်းနေမှာ အမှန်ပါပဲ။ အနုပညာရှင်တွေကတော့ ဒီစကားရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး သိပါတယ်။ Talent scout ဆိုတဲ့ အဓိပ္ပာယ်ကတော့ မျက်နှာသစ် အဆိုတော်တွေ၊ သရုပ်ဆောင်တွေကို ရှာဖွေပေးရတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ကင်းထောက်တွေပါပဲ။ အခုလည်း Tokyo မြို့က Talent scout တစ်ယောက်ဟာ ဘူတာရုံတစ်ခုမှာ အမျိုးသမီးတစ်ယောက်ကို မျက်နှာသစ် အဆိုတော် လုပ်ခိုင်းဖို့အတွက် စည်းရုံးပြောကြားနေစဉ် ဟာသဆန်ဆန် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
完全に趣味ですが、
先日ロリィタしました。
少しでも良きと思ったらRTください。 pic.twitter.com/WbMNWVcebN— 橋本ゆき@渋谷区議会議員 (@yuki_12hsm) November 9, 2020
အပေါ်က ပို့စ်မှာ တွေ့ရတဲ့ ကောင်မလေးကတော့ အသက် ၂၇ နှစ်အရွယ်ရိပြီဖြစ်တဲ့ Yuki Hashimoto ပဲ ဖြစ်ပါတယ်။ Yuki ဟာ တစ်ချိန်တုန်းက နာမည်ရ အဆိုတော် တစ်ဦး ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ နိုင်ငံရေးလောကထဲမှာ လှုပ်ရှားနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါကို မသိတဲ့ အဆိုပါ Talent scout ဟာ ဘူတာမှာ အချိန်တော်တော်ကြာ Yuki ကို စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးမှာတော့ Yuki နဲ့ စကားသွားပြောခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Talent scout ဟာ သူဟာ အဖွဲ့အစည်းတစ်ခုရဲ့ Talent scout တစ်ယောက်ဖြစ်ကြောင်း၊ Yuki ကို သူ့အနေနဲ့ မျက်နှာသစ်အဆိုတော်တစ်ယောက် လုပ်စေချင်ကြောင်း ပြောကြားခဲ့ပြီး တစ်ချိန်တုန်းက အဆိုပါ Talent scout စင်တင်ပေးခဲ့လို့ အောင်မြင်ခဲ့တဲ့ အဖွဲ့ရဲ့ ဓာတ်ပုံကို ထုတ်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Yuki ဟာ ရယ်မောပြီး တစ်ချိန်တုန်းက အဆိုပါ အဖွဲ့ထဲက Yuki Sakura ဆိုတဲ့ အဖွဲ့ဝင်ဟာ သူမဖြစ်ကြောင်း ရှင်းပြကာ ရယ်မောနေခဲ့ပါတယ်။

“အဲဒီ Talent scout က ကျွန်မကို မမှတ်မိတာတော့ ကျိန်းသေတယ်။ ကျွန်မကို စကားလာစပြောကတည်းက သူ့ကို တစ်နေရာရာမှာ မြင်ဖူးမှန်း ကျွန်မစိတ်ထဲက ထင်ခဲ့ပါတယ်။ အဲဒီနောက် သူစင်တင်ပေးခဲ့လို့ အောင်မြင်ခဲ့ပါတယ်ဆိုတဲ့ အဖွဲ့ရဲ့ ဓာတ်ပုံကို ထုတ်ပြတော့မှ ကျွန်မသူ့ကို ကောင်းကောင်းသိသွားတာပါ။ ဒါတောင် အဲဒီလူက ကျွန်မကို လုံးဝမမှတ်မိဘူး။ ကျွန်မက အဲဒီအဖွဲ့ထဲက Yuki Sakura လို့ ပြောမှ ကျွန်မကို မှတ်မိခဲ့ပါတယ်”လို့ Yuki က သူမရဲ့ Twitter မှာ ဖော်ပြခဲ့ပါတယ်။
駅でめっちゃ怪しいスカウト?営業?みたいなのに声かけられて、
しつこくついて来ながら、
「うちこんなイベントとかもやってるんです〜」って見せられたイベントページにがっつり仮面女子の写真使われててさすがに爆笑した😂😂— 橋本ゆき@渋谷区議会議員 (@yuki_12hsm) November 23, 2020
Pyi Hein Kyaw