ဂျပန်နိုင်ငံဆိုတာ Cosplay တွေ၊ ဂိမ်းတွေနဲ့ ပတ်သတ်လာရင် အင်မတန်ကို ကျော်ကြားလှတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံ၊ Tokyo မြို့လယ်ခေါင်မှာရှိတဲ့ Akihabara ရပ်ကွက်ဆိုရင်လည်း Gamer တွေ တော်တ်ာကြိုက်တဲ့ နေရာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ Akihabara ရပ်ကွက်က လမ်းတော်တော်များများမှာ Electronic ပစ္စည်းဆိုင်တွေ၊ ဂိမ်းအပိုပစ္စည်းရောင်းတဲ့နေရာတွေနဲ့ ပြည့်နက်နေလို့ပါပဲ။ အခုလည်း အဆိုပါ Akihabara ရပ်ကွက်ဟာ နာမည်ကြီးလာရမယ့် နောက်ထပ် အကြောင်းအရင်းတစ်ခု ပေါ်ပေါက်လာပြန်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ မကြာသေးခင်အချိန်က Akihabara ရပ်ကွက်ထဲမှာပဲ Tokyo Video Games Bar တစ်ခု ဖွင့်လှစ်ခဲ့လို့ပဲ ဖြစ်ကြောင်း Geek Culture သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
明日オープンの
TOKYO VIDEO GAMERS
レセプションパーティーに
参加してきました!
ゲーム好きが集まれるカフェバー!いいっすねー!ここでDJしたい!東京都千代田区神田練塀町13-1外 SEEKBASE 1-9@TVG_INDOR #akibaTVG#tokyovideogamers pic.twitter.com/7jUcm4iIC2
— MR.秋葉原 ササキチ (@sasakichi_akiba) August 20, 2020
ဒီ Bar ဟာ ဖွင့်လှစ်ခဲ့တာ မကြာသေးပေမယ့် Gamer တွေ တော်တော်လေးကို ကြိုက်တဲ့ နိဗ္ဗာန်ဘုံလေးတစ်ခု ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ Tokyo Video Games Bar မှာ ဟိုးအရင်ခေတ်တွေတုန်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ ဂိမ်းစက်တွေကို တွေ့နိုင်လို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ဂိမ်းစက်အများစုကတော့ Sega, Arc System Works, SNK, City Connection, G-Mode, Paon DP, Dotemu SAS အစရှိတဲ့ ဟိုးအရင်ခေတ်တွေတုန်းက ဂိမ်းကုမ္ပဏီတွေဆီက ထွက်ရှိခဲ့တဲ့ ဂိမ်းစက်မျိုးစုံဖြစ်ပြီး ဂိမ်းအပိုပစ္စည်းများစွာလည်း ရှိနေလို့ လာရောက်တဲ့ ဧည့်သည်တွေ စိတ်ကြိုက် ကစားနိုင်မှာလည်း ဖြစ်ပါတယ်။
移転50%OFFセール本日がラストになります‼️
今日がラストチャンス‼️#SEGA #PlayStation #CAPCOM #SNK #Nintendo pic.twitter.com/hYnyYxveha— TOKYO VIDEO GAMERS (@TVG_INDOR) July 19, 2020
ဒါ့အပြင် အဲဒီ Bar ကို လာရောက်လည်ပတ်တဲ့ လူတိုင်းဟာ စားစရာသောက်စရာတွေကို အဲဒီ Bar ကနေ မှာယူစားသုံးမယ်ဆိုတာနဲ့ အဆိုပါ ဂိမ်းစက်တွေကို အခမဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ချက်တည်းနဲပတင် အဆိုပါ Bar ကို သွားလည်ရတာ တော်တော်တန်နေပြီလို့ပဲ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မှာ ပိုက်ဆံဘယ်လောက်ရှိရှိ အဆိုပါ ဂိမ်းစက်တွေကို ပြင်ပလောကမှာ ဝယ်ယူလို့ မရနိုင်တော့တာကြောင့်ပဲ ဖြစ်ပါတယ်။ Bar ထဲမှာလည်း ဒီဂိမ်းတွေနဲ့ ပတ်သတ်တဲ့ ဂိမ်းအပိုပစ္စည်းတွေ၊ ဂိမ်းတွေနဲ့ ပတ်သတ်တဲ့ အမှတ်တရ အင်္ကျီ၊ ခွက်၊ ကီးချိန်း အစရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေလည်း ရောင်းချပေးတာကြောင့် အမှတ်တရ ဝယ်ထားလို့လည်း ရပါတယ်။
本日も雨にも負けず元気に営業中です😘‼️ pic.twitter.com/901WVelvwY
— TOKYO VIDEO GAMERS (@TVG_INDOR) February 16, 2020
🎉#TOKYOVIDEOGAMERS 本日グランドオープン🎊
秋葉原高架下の #SEEKBASE で営業中💕
有名ゲームメーカーとのコラボドリンクの提供や、ゲームのフリープレイ、巨大モニタ型テーブルの設置など楽しさ盛りだくさんです🎮
ランチも営業中🍴
是非遊びに来てください✨#akibaTVGhttps://t.co/rq19xT20M8 pic.twitter.com/uZ1EiFEtnd— INDOR inc (@INDOR_inc) August 21, 2020
Pyi Hein Kyaw