
Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော်မင်းသားကြီးဖြစ်တဲ့ Tom Cruise ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တွေ သိရှိကြမှာ ဖြစ်သလို နာမည်ကျော် မင်းသမီးကြီး Nicole Kidman ကိုလည်း ရုပ်ရှင်ပရိသတ်တွေ သိရှိပြီး ဖြစ်ပါတယ်။ Tom Cruise နဲ့ Nicole တို့ဟာ တစ်ချိန်တုန်းက ဇနီးမောင်နှံတွေ ဖြစ်ခဲ့ကြပြီး ၁၉၉၀ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ ပေါင်းခဲ့ကြတာပါ။ ၂၀၀၁ ခုနှစ်မှာတော့ နှစ်ဦးသဘောတူ ကွာရှင်းခဲ့ကြပြီး သားဖြစ်သူ Connor Cruise ကိုတော့ မိခင်ဖြစ်သူ Nicole က ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိခဲ့ပါတယ်။
View this post on Instagram
အခုဆိုရင်တော့ Connor ဟာ အသက် ၂၆ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး သူ့ကို Tom Cruise နဲ့ Nicole တို့ရဲ့ သားမှန်း လူအများစုက သိရှိခဲ့တာ မကြာသေးပါဘူး။ Connor ဟာ ငါးမျှားရတာကို ဝါသနာပါပြီး သူငယ်ချင်းဖြစ်သူတွေနဲ့ အချိန်ပြည့် ပင်လယ်ထဲမှာ စက်လှေတစ်စင်းနဲ့ ငါးမျှားထွက်လေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။ အခုလည်း Connor ဟာ Tom Cruise နဲ့ Nicole တို့ရဲ့ သားဖြစ်နေတာကို နှစ်ဖက်ပရိသတ်တွေက မယုံကြည်နိုင်တွေ ဖြစ်နေကြပါတယ်။ ဒါ့အပြင် Connor ရဲ့ Instagram ပို့စ်အောက်တွေမှာလည်း လူအများစုက Tom Cruise နဲ့ Nicole ရဲ့ သားဆိုတာ လုံးဝမယုံကြည်နိုင်ကြောင်း comment တွေ ရေးသားခဲ့ကြောင်း သိရှိရပါတယ်။
View this post on Instagram
အကြောင်းကတော့ Tom Cruise ဟာ ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက်ဖြစ်သလို ဇနီးဟောင်းဖြစ်သူ Nicole ဟာလည်း အရမ်းကို လှပကျော့ရှင်းတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေပြီး သူတို့ နှစ်ယောက်စလုံး မွေးထားတဲ့ သားဖြစ်သူ Connor ကတော့ မိဘတွေနဲ့ လုံးဝမတူတဲ့ သားတစ်ယောက်အဖြစ် ဝေဖန်ခဲ့ကြပါတယ်။ တစ်ချို့ကလည်း Connor ရဲ့ ရုပ်ရည်ဟာ ဖခင်ဖြစ်သူ Tom Cruise ထက်တောင် ပိုပြီးရင့်ထော်နေတယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြသလို တစ်ချို့ကလည်း Connor ဟာ Tom Cruise နဲ့ Nicole တို့ မွေးစားထားတဲ့ သားတစ်ယောက်လို့သာ ယုံကြည်ကြောင်း မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။
View this post on Instagram
Pyi Hein Kyaw