အရင် Spider-Man နှစ်ယောက်ပြန်ပါမယ့် သတင်းဟာ မှားနေတယ်ဆိုတဲ့ Tom Holland

Sony, MCU

ကျွန်တော်တို့အနေနဲ့ End Game အပြီး ထွက်ခဲ့တဲ့ Tom Holland ရဲ့ ဒုတိယ Spider-Man ရုပ်ရှင်ကို တော်တော်လေး အာရုံစူးစိုက်မှုရှိနေခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Iron-Man နဲ့ Captain America မရှိတော့တဲ့ Avengers တွေအနေနဲ့ ဘယ်လိုမျိုး အစားထိုးမ့တွေ၊ superhero အသစ်တွေ ဖြစ်လာမလဲဆိုတာကို အဓိက စိတ်ဝင်စားလို့ပဲါပေါ့နော်။

MCU

နောက်ပြီး ဒီ Spider-Man 3 ထျွှဲာ လက်ရှိ Tom Holland အပြင်ကိုမှ အရင်တုန်းက Spider-Man နှစ်ယောက်ဖြစ်တဲ့ Tobey Maguire နဲ့ Andrew Garfield တို့ ပြန်ပါမယ်၊ Doctor Octopus တို့ဘာတို့လည်း ပြန်ပါမယ်ဆိုပြီးတော့ သတင်းတွေ ထွက်နေခဲ့တာပေါ့နော်။ ရိုက်ကွင်းလာတာတွေဘာတွေတောင်မှပဲ မြင်ခဲ့ရတယ်ဆိုတော့။

ဒါပေမဲ့ အခု Unilad မှာ ဖော်ပြထားတဲ့ သတင်းအရတော့ Tom Holland အနေနဲ့ အရင် Spider-Man နှစ်ယောက်ဖြစ်တဲ့  Tobey Maguire ရော Andrew Garfield ပါ သူ့ရဲ့ Spider-Man 3 ထဲ ပါမှာမဟုတ်ပါဘူးဆိုပြီး ငြင်းခဲ့ပါတယ်တဲ့လေ။

READ
ကြည့်လိုက်တာနဲ့ ရင်ထဲတလှပ်လှပ်ဖြစ်သွားစေမယ့် ဓာတ်ပုံများ
Sony
Sony

သူတို့ရိုက်ကွင်းကို လာခဲ့ကြတာမှန်ပေမယ့်လို့ နောက်ထွက်မယ့် Spider-Man 3 နဲ့ မသက်ဆိုင်ဘဲ တခြားသော လှည့်ကွက်တွေ ရှိနေတယ်လို့လည်း Tom Holland က ပြောထားခဲ့ပါတယ်။ Spider-Man 3 ကတော့ ဘယ်လိုတွေ လာဦးမလဲဆိုတာ နောက်နှစ်ထဲ စောင့်ကို စောင့်ကြည့်ရတော့မှာပါပဲ။

Sony, MCU

penny

SHARE