ဘောလိဝုဒ်ပရိတ်သတ်တွေများရှိကြလားမသိဘူးနော်။ ဘောလိဝုဒ်ပရိတ်သတ်တွေအတွက် ရည်ရွယ်ပြီး
ဘောလိဝုဒ်က အဟော့ဆုံးအလန်းဆုံးမင်းသမီး(၁၀)ဦးကိုဖော်ပြပေးလိုက်ပါတယ်။
(1) Priyanka Chopra
သူမကတော့ အရင်က Miss Indiaလည်းဖြစ်ဖူးသလို Miss Worldလည်းဖြစ်ဖူးပါတယ်။ ၁၉ ၈၂ ဂျူလိုင်လ
၁၈ရက်မှာမွေးဖွားပြီး ၂၀၀၂မှာ သရုပ်ဆောင်နယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ Akshay Kumarပါ
ဝင်ခဲ့တဲ့ Andaazဆိုတဲ့ ဇာတ်ကားနဲ့စတင်ပြီး စစချင်းမှာပဲ အောင်မြင်ခဲ့ပါတယ်။ Barfiနဲ့Agneepath တို့လည်း
အောင်မြင်ခဲ့ပါတယ်။
(2) Katrina Kaif
သူမဟာလည်း အိန္ဒိယရဲ့ သမိုင်းတစ်လျှောက်အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်ပါ။ သူမရဲ့အဖေက
အိန္ဒိယလူမျိုးဖြစ်ပြီး အမေက အင်္ဂလိပ်လူမျိုးပါ။ သူမကိုဟောင်ကောင်မှာ မွေးဖွားခဲ့တာပါ။ Partner(2007)
Race(2007), Singh Is King(2008), New York (2009), Rajneeti (2010), zindagi NaMilegi Dobara
(2011), Eh The Tiger(2012) တို့နဲ့ အောင်မြင်ခဲ့တာပါ။ Dhoom 3 နဲ့ Uday Chopra, Siddharth Anand’s
Bang Bang တို့မှာလည်း ပါဝင်ခဲ့ပါတယ်။
(3) Kareena Kapoor
သူမကိုတော့ ၁၉ ၈၀မှာ မွေးဖွားခဲ့ပြီး ၂၀၀၀ခုနှစ်မှာတော့ သူမ ရုပ်ရှင်လောကထဲကို Refugeeဆိုတဲ့
ဇာတ်ကားနဲ့ စတင်ဝင်ရောက်ခဲ့ပါတယ်။ သူမကလည်း ရုပ်ရှင်ကားပေါင်းများစွာနဲ့ ဘောလိဝုဒ်မှာနာမည်
ကြီးသူတစ်ယောက်ဖြစ်ပါတယ်။
(4) Deepika Padukone
၁၉ ၈၆ မှာမွေးဖွားခဲ့တဲ့ သူမကတော့ အစပိုင်းမှာ မော်ဒယ်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့
ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး နာမည်ကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့နာမည်ကြီး
ဇာတ်ကားများကတော့ Love Aaj Kal, Housefull, Cocktail, Race 2တို့ပဲဖြစ်ပါတယ်။
(5) Anushka Sharma
သူမကိုတော့ ၁၉ ၈၈မှာ မွေးဖွားခဲ့ပါတယ်။ SRK in Rab Ne Bana Di Jodi ဆိုတဲ့ ဇာတ်ကားမှာ ပွဲဦး
ထွက်ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဇာတ်လမ်းတော်တော်များများမှာ ပါဝင်ခဲ့ပါတယ်။
(6) Bipasha Basu
သူမကတော့ Ajnabee(2001)မှာ ဗီလိန်ဇာတ်ရုပ်နဲ့ စပြီးနာမည်ကြီးခဲ့တာပါ။ သူမက ကိုယ်လက်ကြံ့
ခိုင်ရေးကိုလည်း အထူးလေ့လာလိုက်စားပါတယ်။ ကာယလေ့ကျင့်ခန်းလုပ်နည်း DVDများစွာလည်း
သူမထုတ်ဝေခဲ့ပါတယ်။ No Smoking (2007) မှာပါခ့တဲ့ “Phoonk De”ဆိုတဲ့ သီချင်းနဲ့ “Omkara
(2006) မှာပါခဲ့တဲ့ Namak Ishq Ka” သီချင်းက သူမကိုလူသိများစေခဲ့ပါတယ်။ 2013မှာတော့
သြစတျေးလျရုပ်ရှင် Singularity မှာပါဝင်ခဲ့ပါတယ်။
(7) Nargis Fakhri
သူမကိုတော့ New Yorkမှာမွေးခဲ့တာဖြစ်ပါတယ်။ America’s Next Top Model Cycles 2 and 3
မှာ ၂၀၁၄ခုနှစ်က ပါဝင်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှာတော့ ပွဲဦးထွက်ဇာတ်ကားအဖြစ် Rockstar ဇာတ်ကား
ထွက်ရှိခဲ့ပါတယ်။
(8) Jacqueline Fernandez
သူမကတော့ ဘောလိဝုဒ်မှာနာမည်ကြီးနေတဲ့ သီရိလင်္ကာသူပါ။ Miss Sri Lanka Universe ဆုကို
၂၀၀၆ခုနှစ်က ရရှိခဲ့ပါတယ်။ International Indian Film Academy ဆုလည်းရရှိထားပါတယ်။
Murder 2နဲ့ Housefull 2တို့က သူမရဲ့ နာမည်ကြီးဇာတ်ကားတွေပါ။
(9) Chitrangada Singh
Hazaaron Khwaishen Aisi (2005) မှာပါဝင်သရုပ်ဆောင်ပြီးနောက်ပိုင်းမှာ နာမည်ရလာခဲ့တဲ့ မင်းသမီးဖြစ်ပါ
တယ်။
(10) Sunny Leone
သူမက အင်တာနက်ပေါ်မှာ လူတွေအရှာဖွေဆုံး မင်းသမီးလည်း ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ပထမဆုံးဘောလိ
ဝုဒ်ဇာတ်ကားကတော့ Jism 2(2012) ပါ။ Ragini MMS 2မှာလည်း ပါဝင်တယ်လို့ သိရပါတယ်။ အရင်
ကညစ်ညမ်းဗီဒီယိုတွေမှာပါဖူးသူမို့ အိန္ဒိယမှာတော့ မနှစ်သက်သူများလည်း ရှိပါတယ်။
Source: wonderlist