Snowden (2016)
Edward Snowdenဆိုတာတော့ အမေရိကန်အစိုးရရဲ့ အတွင်းရေးအချို့ကို ထုတ်ဖော်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ CIA
ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အမေရိကန် NSAရဲ့ ပြည်သူတွေအပေါ် စောင့်ကြည့်လွန်းမှုကို ထုတ်ဖော်ခဲ့သူဖြစ်ပါတယ်။
အချို့က သူ့ကို ဟီးရိုးလို့ခေါ်ကြပြီး အချို့ကတော့ သစ္စာဖောက်လို့ခေါ်ကြပါတယ်။ အမေရိကန်ကိုအခုအချိန်အထိပြန်ဝင်
ခွင့်မရပဲ ရုရှနိုင်ငံမှာသာနေထိုင်နေရသူဖြစ်ပါတယ်။ သူ့အကြောင်းဖြစ်ရပ်မှန်ကိုရိုက်ထားတဲ့ Snowden ရုပ်ရှင်ကတော့
တကယ်ကို ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။
The Fifth Estate (2013)
Sherlock Holmes မင်းသားလို့ လူသိများတဲ့ Benedict Cumberbatch ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်
ဖြစ်ပါတယ်။ Wikileaksဆိုတဲ့ ဝက်ဘ်ဆိုဒ်ကို တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အစိုးရပေါင်းများစွာရဲ့
အရှုပ်ထုတ်တွေကိုဖော်ထုတ်ခဲ့တဲ့ Hackerတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကလည်း ဖြစ်ရပ်မှန်ပေါ်အခြေခံပြီးရိုက်
ထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။
Hackers (1995)
ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသမီး အင်ဂျလီနာဂျိုလီ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီး လက်မလွှတ်တဲ့ ဇာတ်ကားထဲမှာပါဝင်ပါတယ်။
Blackhat (2015)
Blackhat ကတော့ Chris Hemsworth ပါဝင်သရုပ်ဆောင်ထားတဲ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဟက်ကာ
တွေဟာ တရုတ်နိုင်ငံက နူကလီးယားလက်နက်တွေကို ဟက်ဖို့ကြိုးစားကြတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘဏ်က
နေ ဒေါ်လာပေါင်းများစွာကို ခိုးယူဖို့ကြိုးစားတာဖြစ်ပါတယ်။ ကျန်တာတော့ ရုပ်ရှင်ထဲမှာပဲ ဆက်ကြည့်လိုက်တော့နော်။
Takedown (2000)
ဒီဇာတ်လမ်းကတော့ တကယ့်ကွန်ပျူတာ ဟက်ကာ Keving David Mitnickကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ သူဟာ ထောင်ထဲမှာ ၂နှစ်လောက်နေဖူးသူလည်းဖြစ်ပါတယ် အခုအချိန်မှာတော့ နာမည်ကြီး IT Security Consultant အဖြစ်ရပ်တည်နေပါတယ်။ ဒီရုပ်ရှင်ဟာလည်း တော်တော်ကိုစိတ်ဝင်စားဖို့ ကောင်းတဲ့ရုပ်ရှင်ဖြစ်ပါ
တယ်။
Source: techworm.net