Tom Hanks ရဲ့ အကောင်းဆုံး ဇာတ်ကား ( ၅ ) ကား

Tomas Jeffrey Hanks ဟာ Comedy နဲ့ Drama ဇာတ်ကားများစွားကို ရိုက်ကူးခဲ့တဲ့ အမေရိကန် ရုပ်ရှင်မင်းသားကြီးတစ်ယောက်ဖြစ်ပါတယ်။တွန်ဟန့်ရဲ့ ဇာတ်ကားတွေဖြစ်တဲ့ Forrest Gump (1994),Saving Private Ryan (1998),Cast Away (2000),Philadelphia (1993),The Da Vinci Code (2006) စတဲ့ ဇာတ်ကားများ အပြင် အသံ သရုပ်ဆောင်ခဲ့တဲ့  The Polar Express (2004) နဲ့ the Toy Story series ဇာတ်လမ်းတွဲတွေဟာ ရုပ်ရှင်ကြည့် ပရိတ်သတ်တွေ ရင်ထဲမှာ တသသ စွဲကျန်ရစ်စေနိုင်ခဲ့တဲ့ အထိ တွန်ဟန့်ဟာ သရုပ်ဆောင်ကောင်းလွန်းခဲ့ပါတယ်။ဒါအပြင် တွန်ဟန့်ဟာ အော်စကာ ဆု ၂ ဆု အပါအ၀င် အခြားသော ဆုပေါင်း ၁၇ ဆု ကို ရရှိထားတဲ့ မင်းသားကြီးတစ်ယောက်ဖြစ်ပါတယ်။အခု ဒီမှာတော့ တွန်ဟန့်ရဲ့ အကောင်းဆုံး ဇာတ်ကား (၅) ကားကို ဖော်ပြပေးလိုက်ပါတယ်။

၅။  The Terminal (2004)

ဘ၀ဆိုတာ စောင့်ဆိုင်းနေရခြင်းပါပဲ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဒါရိုက်တာ စတီဗင် စပီးဘတ် ရိုက်ကူးခဲ့တဲ့ Terminal ဇာတ်ကားမှာ တွန့်ဟန့်ဟာ ဗစ်တာ နာဗောစကီးဆိုတဲ့ ဇာတ်ကောင် အဖြစ်သရုပ်ဆောင်ထားပြီး ဗစ်တာ ရဲ့ မိခင်နိုင်ငံဟာ နိုင်ငံ ရေးအခြေအနေ မတည်မငြိမ်ဖြစ်နေပြီး တက်လာတဲ့ အစိုးရကိုလည်း အမေရိကန်နိုင်ငံက အသိအမှတ်မပြုတဲ့ အတွက် ဗစ်တာတစ်ယောက် JFK လေဆိပ်မှာ သောင်တင်နေတဲ့ အကြောင်းကိုရိုက်ကူးထားခြင်းပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ ဗစ်တာ တစ်ယောက် လေဆိပ်မှာ ကိုယ်အိမ်လိုသဘောထားပြီးနေထိုင်ရင်း လေဆိပ်အလုပ်သမားတွေနဲ့ ရင်းနှီးအောင်ပေါင်းသင်းနေထိုင်တာကို တွေ့ရမှာပါ။ဒီဇာတ်ကား ကြည့်လိုက်ချိန်မှာ ပထမဆုံး သတိထားမိမှာကတော့ ဗစ်တာ အဖြစ် သရုပ်ဆောင်တဲ့ တွန့်ဟန့်ရဲ့ ရိုးသားတဲ့ ပုံစံကိုသတိထားမိကြမှာပါ။ဒါအပြင် လေယာဉ်မယ်ဖြစ်တဲ့ အမ်မလီ ၀ါရင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး ကက်သရင်း ဇီတာဂျုံး ကိုဘယ်လိုပိုးပန်းမလဲဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာ ဖြစ်ပြီး နောက်ဆုံးမှာ ဘယ်လောက်ရိုးသားစွာချစ်ခဲ့ချစ်ခဲ့ ပိုက်ဆံမရှိရင် ဘာမှလုပ်မရဘူးဆိုတဲ့ သဘောကို လည်း လေယာဉ်မယ်အမ်မလီ ၀ါရင်က သရုပ်ဆောင်ပြသွားခဲ့ပါသေးတယ်။ဒီဇာတ်ကားဟာ IMDB Rating 7.3 ရရှိထားပါတယ်။

READ
attention ယူတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ပြန်လည် ဖြေရှင်းလိုက်တဲ့ ဟိန်းမင်းသူ

၎။ Philadelphia (1993)

မင်းသားကြီးတွေ ဖြစ်တဲ့ ဒန်ဇယ်ဝါရှင်တန်နဲ့ တွန်ဟန့်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားနဲ့ တွန်ဟန့်တစ်ယောက် အော်စကာဆုရရှိခဲ့တာလည်းဖြစ်ပါတယ်။HIV Positive ဖြစ်နေတဲ့ အန်ဒရူးဘတ်ကတ်ဆိုသူ ရှေ့နေဟာ Gay တစ်ယောက်ဖြစ်ပြီး သူ့ကို HIV ရောဂါရှိနေတဲ့ အတွက် သူ့ရဲ့ law firm က သူ့ကို အလုပ်ဖြုတ်လိုက်ပါတော့တယ်။ဒီအချိန်မှာ အန်ဒရူးတစ်ယောက် နောက်ဆုံး ကြိုးစားချက်အနေနဲ့ Gay တွေကို မုန်းတဲ့ ရှေ့နေ ဂျိုးမီလာ အဖြစ်သရုပ်ဆောင်ထားတဲ့ ဒန်ဇဲ ၀ါရှင်တန် ရဲ့ အကူအညီနဲ့ သူ့ရဲ့ အလုပ်ရှင်ဟောင်းတွေကို တရားပြန်စွဲတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကျောရိုးက ပြောပလောက်အောင် စွဲဆောင်မှု မရှိပေမဲ့ သရုပ်ဆောင်ချက်တွေဟာ အသက်ဝင်လှတဲ့ အတွက် တွန့်ဟန့် ဒီဇာတ်ကားနဲ့ အော်စကာဆုရရှိခဲ့ပြီး  IMDB (Internet Movie Database ) Rating 7.7 ရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

၃။ Cast Away (2000)  

ကုန်ပစ္စည်းတွေ ပါဆယ်ပို့ပေးတဲ့ FedEx ကုမ္ပဏီရဲ့ CEO ဖြစ်သူ တွန်ဟန့်တစ်ယောက် လေယာဉ်ပျက်ကျပြီး ကျွန်းတစ်ကျွန်းမှာ သောင်တင်နေပါတယ်။သူကျွန်းပေါ်မှာ ခွေးတစ်ကောင်ကြောင်တစ်မြီးမှ မရှိတဲ့ အခါ တွန့်ဟန့်တစ်ယောက် ရုပ်ပိုင်းဆိုင်ရာအရရော (အစားအသောက် အသုံးအဆောင်)၊စိတ်ပိုင်းဆိုင်ရာအရာရော(အထီးကျန်ခြင်းဝေဒနာ )၊ခံစားချက်ပိုင်းဆိုင်ရာအရရော (ဇနီး ဖြစ်သူက ကိုယ့်ကို သေပြီလားရှင်ပြီလား အသိတဲ့ အခြေအနေ) စတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ပြီး အိမ်ကို အရောက်ပြန်မလဲဆိုတာကို မျက်တောင်မခတ်တမ်း ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကိုကြည့်ရှုဖူးသူတွေအနေနဲ့တော့ ဘယ်လိုခံစားရလဲမသိပေမဲ့ ကျွန်တော်အတွက်တော့ တွန်ဟန့် သွားကိုက်လို့ ဖိနပ်နဲ့ သွားနူတ်တဲ့အခန်းဟာ ကိုယ်တိုင်ခံစားရသကဲ့သို့ နာကျင်ရပြီး လူမျက်နှာပုံစံခြယ်ထားတဲ့ ဘောလုံးလေးတစ်လုံးနဲ့ စကားပြောခန်းကို ကြည့်ရတာဟာ ကိုယ်ရဲ့အနားမှာ ဘယ်သူမှမရှိတော့သလို ခံစားခဲ့ရတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး IMDB Rating 7.7 ရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

READ
လီမင်ဟိုနဲ့ပတ်သက်ပြီး လူသိပ်မသိသေးတဲ့ အကြောင်းများ

၂။  The Green Mile (1999)

အကျဉ်းထောင်၊ကြိုးတိုက် တာဝန်ရှိသူတွေ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အကျဉ်းထောင်မှာ သေမိန့်ပေးထားခြင်းခံထားရတဲ့ လူမည်းတစ်ယောက်မှာ ထူးဆန်းတဲ့ အစွမ်းတွေ ရှိနေတဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။အကျဉ်းထောင်ထဲမှာရှိတဲ့ လူတွေရဲ့ စိတ်နေစိတ်ထားအမျိုးမျိုးကို အကောင်းဆုံး သရုပ်ဖော်သွားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို လူမိုက်ကြီးတွေရဲ့ ဖြူစင်တဲ့ စိတ်ကလေးတစ်ချို့ကိုလည်း ဒီဇာတ်ကားမှာတွေ့မြင်နိုင်ပြီး ထောင်အပြင်ဘက်ရောက်နေပေမဲ့လည်း ထောင်ကျသမားတွေရဲ့ စိတ်ဓာတ်ထက် အများကြီး နိမ့်ကျနေတယ်ဆိုတာ ပြသနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။Rating အနေနဲ့ကတော့ 8.5 ရရှိထားပါတယ်။

၁။ Forrest Gump (1994)

” ကျွန်တော် အမေက အမြဲတမ်းပြောတယ်။ဘ၀ဆိုတာ ချောကလတ် ဘူးတစ်ဘူးတစ်ဘူးလိုပဲ။သင်ဘာတွေရလာမလဲဆိုတာ သင်မသိနိုင်ဘူး ” ဆိုတဲ့စကားအတိုင်း ဖောရက် ဂမ့်တစ်ဖြစ်လဲ တွန်ဟန့်ရဲ့ ဘ၀မှာ မျိုးစုံကြုံတွေ့ဖြတ်သန်းခဲ့ရပါတယ်။ဖောရက် ဂမ့်သာ သာမန်လူတစ်ယောက်ဖြစ်ပြီး IQ နိမ့်ပါးပေမဲ့ စိတ်သဘောထား အင်မတန်ကောင်းတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ဒီလို စိတ်သဘောထားကောင်းပြီး ကျပ်မပြည့်တဲ့ လူတစ်ယောက်ဖြစ်တဲ့ ဖောရက်ဂမ့်တစ်ယောက် ဗီယက်နမ်ကို စစ်သွားတိုက်ခဲ့ပေမဲ့ မသေခဲ့ပဲ စစ်တိုက်ဖက်တွေကိုတောင် အသက်စွန့်ပြီး ကယ်လာနိုင်ခဲ့ပါသေးတယ်။ဒါအပြင်နောက်ပိုင်းမှာ သူငယ်ချင်းဖြစ်သူရဲ့ ဆန္ဒအတိုင်း ပုဇွန်ဖမ်းလှေ တစ်စီးထောင်ခဲ့ပြီး သူဌေးတစ်ယောက်ပါဖြစ်လာခဲ့ပြီး တစ်သက်လုံးမှာတစ်ယောက်သာ ချစ်ခဲ့ရတဲ့ ဂျင်းနီနဲ့လည်း ပေါင်းဖက်ခွင့်ရခဲ့ပါတယ်။ဒီဇာတ်ကားကို ပထမ စကြည့်ရင် အူလည်လည်ကြီးဖြစ်နေနိုင်ပေမဲ့ စေတနာကောင်းရင် ဘ၀က သူအလိုလို ငြိမ်းချမ်းသွားတာပဲဆိုတဲ့ သဘောကို ခံစားရမှာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်ပုဂ္ဂလ အမြင်အရ  ဖောရက်ဂမ့်ရဲ့ ငယ်ချစ်ဂျင်းနီ အပေါ်မှာ ချစ်တဲ့ အချစ်ဟာ လေးစားစရာကောင်းလွန်းပြီး ဂျင်းနီရဲ့ တစ်ချိန်က ပုံစံကို သာ ချစ်နေတာမဟုတ်ဘဲ ဘယ်လိုဘယ်အချိန် ဘယ်အခြေအနေပဲ ဖြစ်ဖြစ် ချစ်နေတဲ့ ဖောရက်ဂမ့်ရဲ့ အချစ်ကိုကြည့်ရင်းတွေးမိတာတစ်ခုကတော့ IQ မကောင်းတဲ့ လူတွေလောက်ပဲ အချစ်စစ်နဲ့ ချစ်တတ်ကြတာပါလား လို့လည်း တွေးမိပါသေးတယ်။

Arkar Hein (Shwemom)

Ref : World’s Top Most

SHARE