သည်းထိတ်ရင်ဖိုဇာတ်ကားများမှ Sexy အကျဆုံးအမျိုးသမီးဇာတ်ကောင်များ

သည်းထိတ်ရင်ဖိုဇာတ်ကားတော်တော်များများမှာ အလန်းဆုံးမင်းသမီးတွေတော်တော်များများသရုပ်ဆောင်ကြပါတယ်။ရည်ရွယ်ချက်တစ်ခုကတော့ ဒီလောက်လန်းတဲ့ အမျိုးသမီးတွေ တစ်ခုခုဖြစ်သွားမှာကို ရင်တစ်ထိတ်ထိတ်နဲ့ ရုပ်ရှင်ကြည့်သူတွေကို စိတ်လူပ်ရှားစေချင်လို့ဖြစ်ပါတယ်။အခုဒီမှာတော့ ထွက်ခဲ့သမျှ သည်းထိတ်ရင်ဖိုဇာတ်ကားတွေထဲမှာ အလန်းဆုံးအမျိုးသမီးတွေကို အတတ်နိုင်ဆုံးဖော်ပြပေးလိုက်ပါတယ်။

၇။Danielle Harris (Halloween)

Danielle Harris ဟာ Jamie Lloyd ဆိုတဲ့ဇာတ်ကောင်အနေနဲ့ Halloween ဇာတ်ကားတွေမှာ လှပပြီး ဆွဲဆောင်မူရှိတဲ့ဇာတ်ကောင်အဖြစ် ကလေးဘ၀ကတည်းက သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

၆။ Amber Heard (The Ward)

Amber Heard ဟာ Kristen ဆိုတဲ့ အဓိကဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတာဖြစ်ပြီး သူစိတ်ကျန်းမာရေး ဌာနကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Ward ဇာတ်ကားဟာလည်း ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တဲ့အပြင် လက်စားချေတဲ့တဲ့ ၀ိဥာဉ်ရန်ကနေထွက်ပြေးဖို့ကြိုးစားတဲ့ Amber Heard ကလည်း သူမရဲ့ဆွဲဆောင်မူရှိတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

၅။Julianna Guill (Friday the 13th)

READ
နေတိုးရဲ့မိတ်ကပ်အစွမ်းနဲ့ သရဲမလေးအဖြစ် ပြောင်းလဲသွားခဲ့တဲ့ ပိုပို

Friday the 13th ရုပ်ရှင်ကားဟာ ဂန္တ၀င်ဇာတ်ကားရဲ့ အောင်မြင်မူကိုမရရှိတဲ့ ငြီးငွေ့ဖွယ်ဇာတ်ကားတစ်ကားဖြစ်ပေမဲ့ Bree လို့ခေါ်တဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်တဲ့ Julianna  ကတော့ သူမရဲ့ Sexy ကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။

၎။ Jordana Brewster (Texas Chainsaw Massacre:The Beginning)

Fast and Furious ဇာတ်ကားတွေမှာ မီယာ တိုရက်တို ဇာတ်ကောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jordana ဟာThe Texas Chainsaw Massacre: The Beginning ဇာတ်ကားမှာ Sexy ကျလွန်းစွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

၃။ Kelly Brook (Piranha 3D)

၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Piranha 3Dဇာတ်ကားဟာ အမေရိကန် သည်းထိတ်ရင်ဖို၊ဟာသဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပြီး ၁၉၇၈ Piranha ဇာတ်ကားကို ပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ သရုပ်ဆောင်အလန်းစားတွေ တော်တော်များများပါဝင်ပေမဲ့ Danni ဇာတ်ကောင်နေရာက သရုပ်ဆောင်ခဲ့တဲ့ Kelly Brook အလန်းဆုံးဖြစ်ပါတယ်။

READ
ဟောလိဝုဒ်မင်းသမီးတွေ ထိုင်ငိုသွားလောက်တဲ့ အေးမြတ်သူရဲ့ ဖက်ရှင်အလှ

၂။Jessica Biel (The Texas Chainsaw Massacre)

The Texas Chainsaw Massacre ဇာတ်ကားတွေတိုင်းမှာ မင်းသမီးအလန်းစားတွေ အမြဲပါဝင်လေ့ရှိပြီး The Texas Chainsaw Massacre ဇာတ်ကားကို ဝေဖန်မူတွေအမြောက်အမြားရှိခဲ့ပေမဲ့ Jessica သရုပ်ဆောင်ကောင်းခဲ့တယ်ဆိုတာကို ဘယ်သူမှ ငြင်းကြမယ်မထင်ပါဘူး။

၁။Megan Fox(Jennifer’s Body)

Megan Fox ကို Transformers လိုဇာတ်ကားတွေမှာ သူမရဲ့ Sexy တဲ့သရုပ်ဆောင်ချက်တွေဟာ သိပ်မပေါ်လွင်ခဲ့ပေမဲ့ Jennifer’s Body မှာတော့ Megan Fox ရဲ့ ညို့ချက်ပြင်းပြင်းဆွဲဆောင်မူတွေကို တ၀ကြီး ကြည့်ရူရမှာဖြစ်ပါတယ်။

Lumos(Shwemom)

Ref : Wonder List

SHARE