Travel blogger တစ်ယောက်ဖြစ်တဲ့ Samira So ဟာ ဂျာမနီအနောက်မြောက်ပိုင်း Cologne ကနေ သြစတေးလျအနောက်ဘက်က Perth မြို့ကိုပြောင်းလာတာ ၂နှစ်ကျော်လောက်ရှိပါပြီ။ Samira ကတော့ သြစတေးလျမှာ လှပတဲ့ကမ်းခြေတွေနဲ့ စားသောက်ဆိုင်သွားတဲ့အခါ ဘုံဘိုင်ရေကို အခမဲ့သုံးရတာ နှစ်သက်ပေမယ့် ကားပါကင်ခနဲ့ ကားအမြန်မောင်းမိရင်ပေးရတဲ့ဒဏ်ကြေးက ဈေးကြီးကြောင်းဆိုခဲ့တာပါ။
View this post on Instagram
နိုဝင်ဘာတုန်းက သူမတင်ခဲ့တဲ့ TikTok ဗီဒီယိုတွေထဲမှာတော့ Samira က အခုလိုပြောပြပါတယ်။ “ရှင်က ဒီမှာ ဘယ်လိုကမ်းခြေမဆို အခမဲ့သွားနိုင်ပါတယ်။ ဂျာမနီမှာတော့ အခွန်ဆောင်ရတယ်။ ကမ်းခြေသွားဖို့အတွက် ဘယ်သူကအခွန်ပေးချင်မလဲ။”
သြစတေးလျမှာတော့ စားသောက်ဆိုင်တွေ ဘားတွေမှာ ဘုံဘိုင်ရေအတွက် ပိုက်ဆံပေးစရာမလိုလို့ Samira က အံ့သြမိခဲ့ပါသေးတယ်။ ဒါ့ပြင် အခမဲ့ အများသုံးအိမ်သာတွေလည်း အများကြီးရှိပါတယ်။ ဂျာမနီမှာတော့ ဘုံဘိုင်ရေအတွက် အခကြေးငွေပေးရသလို အခမဲ့သုံးနိုင်တဲ့ အများသုံးအိမ်သာတွေလည်း တွေ့ရခဲကြောင်း သူမက ပြောပြခဲ့တာပါ။
View this post on Instagram
Samira က သူမအနေနဲ့ သြစတေးလျကို နောက်ထပ်နှစ်သက်တဲ့အချက်တစ်ခုက မြို့ကြီးတွေမှာရော မြို့ငယ်လေးတွေမှာပါ အသားကင်နိုင်တဲ့နေရာတွေကို ထားပေးထားလို့ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကားအမြန်မောင်းလို့ ကျသင့်တဲ့ဒဏ်ကြေးတွေနဲ့ပတ်သက်ပြီးတော့ Samira က တော်တော်လေးရှော့ခ်ရခဲ့ပါတယ်။ “တကယ်လို့ ဂျာမနီမှာ ၅ကီလိုမီတာ အမြန်မောင်းရင် ၁၅ ကနေ ၂၀ ယူရိုလောက်ကျတယ်။ ကားပါကင်ကလည်း ၁၅ ကနေ ၂၀ ယူရိုလောက်ပဲရှိတယ်။ Perth မှာတော့ အရမ်းဈေးကြီးလွန်းတယ်။ ပထမဆုံးအကြိမ် ကျွန်မဒဏ်ထိတုန်းက အရမ်းရှော့ခ်ရမိတယ်။” လို့လည်း သူမက ပြောခဲ့ကြောင်း news.com.au အရ သိရပါတယ်။
View this post on Instagram
ShweMom