Italy မှာလို အိမ်နီးချင်းတွေနဲ့သီချင်းဆိုဖို့လုပ်ခဲ့ပေမယ့် အဆဲလိုက်ရတဲ့အဆိုတော်

[email protected]

လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ကြောင့် လူတော်တော်များများဟာ အိမ်ထဲကနေ အိမ်အပြင်ကိုတောင် မထွက်ရဲတော့ပါဘူး။ ဒီလိုအခြေအနေမှာ လူတိုင်းဟာ အိမ်မှာနေပြီးတော့ အပျော်ရှာတတ်ကြပါတယ်။ ဥပမာ- အီတလီနိုင်ငံမှာဆိုရင် လူတစ်ချို့ဟာ အိမ်ရှေ့ဝရံတာထွက်ပြီး ဒီဂျေတီးကာ အိမ်နီးနားချင်းတွေကို ဖျော်ဖြေလေ့ရှိသလို တစ်ချို့ကြတော့လဲ ဂစ်တာတီးပြီးတော့ သီချင်းဆိုကာ အိမ်နီးနားချင်းတွေကို ဖျော်ဖြေတင်ဆက်လေ့ ရှိပါတယ်။

အခုလည်း တောင်အာဖရိကနိုင်ငံသား နာမည်ကျော်သရုပ်ဆောင် ဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ Trevor Noah ဟာ အီတလီနိုင်ငံက ဖျော်ဖြေမှုတချို့ကို အားကျပြီး အိမ်နီးနားချင်းတွေကို ဖျော်ဖြေဖို့ ကြိုးစားခဲ့သော်လည်း မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

Trevor ဟာ New York မြို့ရှိ သူ့အိမ်ဝရံတာကနေပြီးတော့ အိမ်းတွင်းပုန်းနေတဲ့ အိမ်နီးနားချင်းတစ်ချို့ကို သီချင်းဆိုပြီး ဖျော်ဖြေဖို့ ကြိုးစားခဲ့ပါတယ်။ “ ကျွန်တော်က အီတလီကလူတွေကို အရမ်းအားကျမိတယ်။ အဲဒီကလူတော်တော်များများက တကယ်ကောင်းတဲ့ အိမ်နီးနားချင်းတွေကို ပိုင်ဆိုင်ထားတာပဲဗျ” လို့တောင် ဗီဒီယိုအစမှာ ရှင်းပြခဲ့ပါသေးတယ်။

READ
ဆယ်လီတွေရဲ့ပုံတွေကို ဟာသ မြောက်အောင်တုပ ဖန်တီးခဲ့တဲ့ Celeste Barber
[email protected]

Trevor ဆိုပြမယ့် သီချင်းကတော့ အာလာဒင်ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်တေးတစ်ခုဖြစ်တဲ့ “A Whole New World” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ Trevor တစ်ယောက် ဘာကြောင့်ဒီသီချင်းကိုရွေးတာလဲဆိုတော့ ဒီသီချင်းမှာ ပါဝင်တဲ့စာသားတချို့က လူတော်တော်များများရဲ့ စိတ်ဓာတ်ကို တက်ကြွအောင် လုပ်ဆောင်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

[email protected]

ဒါပေမယ့် Trevor တစ်ယောက် သီချင်းကို ဆုံးအောင်တောင်မဆိုလိုက်ရပါဘူး။ အကြောင်းကတော့ သီချင်းစာသားနှစ်ကြောင်းလောက်ပဲ ပြီးသေးတဲ့အချိန်မှာ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ အသံတစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီအသံကတော့ “ မင်းသောက်ပါးစပ်ကြီးကို ပိတ်ထားစမ်းကွာ” ဆိုတဲ့ အိမ်နီးနားချင်းတစ်ယောက်ရဲ့ အသံပဲ ဖြစ်ပါတယ်။ ဒီအသံကို ကြားလိုက်ရတဲ့ Trevor တစ်ယောက်ခမျာမှာတော့ မျက်နှာကြီး မအီမသာဖြစ်ကာ သီချင်းဆက်မဆိုတော့ပဲ အခန်းထဲကို ပြန်ဝင်သွားပါတော့တယ်။ ဂီတကို မခံတတ်တဲ့ အိမ်နီးနားချင်းတွေပါပဲ။

Pyi Hein Kyaw

SHARE