ဝိတ်ချရာမှာ အထောက်အကူဖြစ်စေတဲ့ နည်းလမ်းလေးများ

ဝိတ်ကျချင်တဲ့ ပျိုမေတို့ အတွက် ဒီတစ်ခါမှာတော့ ၀ိတ်ချရမှာ တစ်ဖက်တစ်လမ်း ကနေ အထောက်အကူဖြစ်စေမယ့် နည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ တစ်ဖက်ကလည်း ၀ိတ်ကျအောင် ကြိုးစားမယ်၊အောက်မှာ ဖော်ပြထားတဲ့ နည်း လမ်းတွေကိုလည်း လိုက်နာ ကျင့်သုံးမယ်ဆိုရင်တော့ ၀ိတ်ကျချင်တဲ့ ဆန္ဒကို မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်နိုင်မှာ အသေအချာပါ။

(၁)အသက်ကို ပြင်းပြင်းရှူသွင်း

အသက်ကို ခပ်ပြင်းပြင်းလေး ရှူသွင်း၊ရှူထုတ်လုပ်တာကလည်း ကောင်းတဲ့ နည်း လမ်းကောင်းတစ်ခုပါ။ကိုလက်စထရောကို ကျစေပါတ်။ဝိတ်တတ်တာနဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေပါတယ်။အောက်စီဂျင်တွေ အများကြီးကို ရှူသွင်းမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်ပျက်မှုတွေကိုလည်း ထိန်းညှိပေးနို င်ပါတယ်။အသက်ကို ပုံမှန်ထက် ပြင်းပြင်းရှူထုတ်တာဟာcarbon dioxide ကို ရှင်းထုတ်ပစ်လိုက်သလိုဖြစ်ပြီး ဆဲလ်တွေဟာ  energy ကို ပို အသုံးပြုနိုင်စေပါတယ်။

(၂)မနက်စာကိုအသီးအနှံစားပေး

မနက်စာကို အသီးအနှံများများစားပေးပါ။မနက်စာက လူတစ်ယောက်ရဲ့ နေ့စဉ် energy လိုအပ်ချက်(၂၃)ရာခိုင်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။ဒါကြောင့် နံနက် စာဟာ အရေးကြီးပါတယ်။နံနက်စာကို အသီးအနှံကို များများစား ပေးပါ။

READ
တင်ပါးကျစ်လစ်လှပစေမယ့် လေ့ကျင့်ခန်းတွေကို ဝေမျှလိုက်တဲ့ ကာယဆရာမလေး

(၃)မတ်မတ်ထိုင်ပါ

ထိုင်မယ်ဆိုရင် မတ်မတ်ထိုင်ပါ။အလုပ်လုပ်တာပဲ ဖြစ်ဖြစ်၊စားတာ၊TV ကြည့် တာ ဘာပဲလုပ်နေနေ မတ်မတ်ထိုင်ဖို့ မမေ့ပါနဲ့။ဒီနည်းဟာ ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော ပမာဏကို လျှော့ချပေးနိုင်တဲ့ အလွယ်ဆုံးနည်းပါ။

(၄)အစပ်စားပါ

စပ်တဲ့အစားအစာတွေထဲမှာcapsaicin ပါရှိပါတယ်။အဲ့ဒီအရာက အဆီတွေကို လောင်ကျွမ်းမှုနှုန်းကို မြန်စေပါတယ်။ခန္ဓာကိုယ်ထဲက အဆီတွေကို နည်းစေပြီး  သဘာဝနည်းနဲ့ အဆီတွေကို ဖျက်စီးချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။ဒါ့အပြင် စပ်တဲ့ အစားအစာတွေဟာ ဇီဝတွင်းဖြစ်ပျက်မှု  metabolism  ကို မိနစ်(၃၀) အတွင်းမှာ (၂၀)ရာခိုင်နှုန်းပို မြန်ဆန်စေပါတယ်။

(၅)အဆီများတဲ့ အစားအစာတွေကို မစားခင် စက္ကူပေါ်တင်ပါ

အဆီများတဲ့ အကြော်တွေ ကိုစားတော့မယ်ဆိုရင် မစားခင်မှာ စက္ကူပေါ် ကို တင်ပါ။ဒါမှ စက္ကူကနေ အဆီတွေကို အတိုင်းအတာတစ်ခု အထိ စုပ် ယူပေးနိုင်မှာပါ။ကယ်လိုရီပမာဏ ကိုနည်းပါးစေနိုင်ပါတယ်။

(၆)မှန်ရှေ့မှာ အစားစားပါ

လူတွေဟာ ကိုယ်အစားအစားနေတာကို ကိုယ်ပြန်ကြည့်ရင်းနဲ့ စားရင် အစား စားတာကို နည်းစေပါတယ်။ဒီအတိုင်းအစားကိုချည်း အာရုံစိုက် စားနေ တာ ထက် မှန်ရှေ့မှာ စားကြည့်ပါ။Iအဲ့ဒါဆိုရင် များများမစားဖြစ်တော့ပါဘူး။

READ
ဓမ္မတာလာချိန်တွင် နာကျင်မှု သက်သာစေမည့် နည်းလမ်းကောင်းများ

(၇)ရေပူနဲ့ရေချိုးပါ

Loughborough နဲ့ Leicester တက္ကသိုလ်က သုတေသီတွေ ပြောခဲ့တာပါ။ ရေပူနဲ့ရေချိုးတာဟာ နာရီဝက်လမ်းလျှောက်တာနဲ့ညီမျှတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းပေးနိုင်တယ်လို့ သုတေသီတွေက ပြောခဲ့တာပါ။

(၈)အခြားနည်းလမ်းများ

ဒါတွေကတော့ လမ်းများများလျှောက်ပါ။မလိုအပ်ရင် ဓါတ်လှေကား၊စက်လှေ ကား မစီးပဲ ရိုးရိုးလှေကားကို အသုံးပြုပါ။အစားစားရင် ပန်းကန်အသေးကိုပဲ သုံးပါ။ပန်းကန်အကြီးကြီးတွေနဲ့ မစားပါနဲ့။အစားမစားခင်မှာ ရေကို ဖန်ခွက် နှစ်ခွက် လောက်သောက်ပါ။လေ့ကျင့်ခန်းလုပ်ပါ။အစားစားမယ်ဆိုရင် ဖြည်းဖြည်း လေးနဲ့ ကြေညက်အောင် ၀ါးစားပေးပါ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ref;brightside

SHARE