ပြားချပ်နေတဲ့ဗိုက်သားလေး ပိုင်ဆိုင်နိုင်မယ့်အကောင်းဆုံးလေ့ကျင့်ခန်း

စမတ်ကျပြီးဆွဲဆောင်မှုရှိတဲ့ခန္ဓ္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်နိုင်ဖို့အလွယ်ကူဆုံးလေ့ကျင့်ခန်းလေးတွေကိုShwemomပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။အဓိက ကတော့ ခန္ဓ္ဓာကိုယ်အလှကိုဖျက်နေတာဝမ်းဗိုက်အဆီ ပြင်တွေပါပဲ။လူက ၀နေရင်တောင် ၀မ်းဗိုက်အဆီပျဉ်မရှိဘဲ ကောက်ကြောင်းပေါ်လွင်နေရင် ဆွဲဆောင်မှုတမျိုးဖြစ်စေပါတယ်။ဒါကြောင့် ၀မ်းဗိုက်ကြွက်သားတွေသန်မာပြီးအဆီပျဉ်တွေဖယ်ရှားနိုင်မယ့်လွယ်ကူပြီးထိရောက်တဲ့လေ့ကျင့်ခန်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
အဆင့်(၁) ကြမ်းပြင်ပေါ်မှာ  ၀မ်းဗိုက်၊ဒူးနဲ့လက်မောင်းတွေတပြေးညီ မှောက်လျက်လဲလျောင်းလိုက်ပါ။လက်တွေကိုတော့ ကြမ်းပြင်ကိုဆန့်ကျင်ပြီး ထောက်ထားပါ။
အဆင့်(၂) အသက်ကို ပြင်းပြင်းရှုထုတ်ပါ။ ခြေဖ၀ါးပြင်အောက်ဖက် ခြေညိုးနဲ့ခြေမကြားမှာရှိတဲ့  အသားဖုနဲ့ ကြမ်းပြင်ကို ကန်ထားပါ။လက်နှစ်ဖက်နဲ့လက်မောင်းတွေကိုလည်းကြမ်းပြင်ပေါ်ထိထားပါ။ခန္ဓ္ဓာကိုယ်အနေအထားကိုတော့အဆင့်(၁)အတိုင်း မှောက်လျက်နေပါ။ထိုအနေအထားအတိုင်းတင်ပါးများကိုကြမ်းပြင်ပေါ်သို့အိကျစေခြင်းဖြင့်ဝမ်းဗိုက်ကြွက်သားများကို ဆန့်ထုတ်မှုဖြစ်စေပြီး အဆီပျဉ်များကိုလောင်ကျွမ်းစေမှာဖြစ်ပါတယ်။


အဆင့်(၃) ယင်းအနေအထားအတိုင်း လေ့ကျင့်ခန်းလုပ်နေစဉ် အသက်ကို ရှုသွင်းရှုထုတ်ချိန် အနည်းဆုံး ၁၀စက္ကန့် ခန့်ကြာပါစေ။

အဆင့်(၄)
ခန္ဓ္ဓာကိုယ်အနေအထားကို လေ့ကျင့်ခန်းစတင် လုပ်စဉ် အစပိုင်းအနေအထားပြန်သွားပါ။

အဆင့်(၅)အထက်ပါဖော်ပြခဲ့တဲ့အဆင့်များအတိုင်းထပ်မံပြုလုပ်ပါ။အနည်းဆုံးသုံးကြိမ်ထက်မနည်းပြုလုပ်ပေးပါက၀မ်းဗိုက်ကြွက်သားများ သန်မာလာပြီး ခါးပတ်လည်တ၀ိုက် အဆီပျဉ်များကို လောင်ကျွမ်းစေမှာဖြစ်ပါတယ်။
ခြူးသစ်နွယ်@ChoChoThan(Shwemom)
ref:lifescript.com
SHARE