သမ္မတ ထရမ့်က တော့ သမ္မတ မဖြစ် ခင်တည်းက အရမ်းကို ချမ်းသာတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဆိုတာကို အားလုံး ပဲ သိကြမှာပါ။White House မှာ လေးနှစ်ကြာ နေပြီးလို့ အိမ်ဖြူတော်က နေ ထရမ့် ဘယ်မှာ နေ မှာလဲ..? သူဘယ်နေရာမှာ နေဖို့ ရွေးချယ်မလဲေ တာ့ မသိပေမယ့် သူ့မှာ နန်း တော် တမျှ ခမ်း နား လွန်းတဲ့ အဆောက်အအုံ တွေ၊အိမ်ကြီးတွေ က အများကြီးမို့ ရွေးချယ်စရာ ကေ တာ့ အရမ်းကို များပါတယ်။ အိမ်ခြံမြေ အဆောက်အအုံ သူဌေးကြီးလို့ တောင် ခေါ် ရတဲ့ အထိ သူပိုင်ဆိုင်မှုတွေ က အများကြီး ပါ။သူ ပိုင်ဆိုင်တဲ့ ခမ်းနားတဲ့ အိမ်တွေ အဆောက်အအုံတွေ အ ကြောင်းကိုတော့ Insider နဲ့ South China Morning Post တို့ မှာ အခုလို ဖော်ပြထားပါတယ်။
View this post on Instagram
Trump Tower
View this post on Instagram
အိမ်ဖြူတော်ကို မပြောင်းခင်တုန်းတည်းက သူရဲ့ နေစရာ နေရာတွေ အများကြီး ထဲကမှ အဓိက အများဆုံး နေလာခဲ့တဲ့ နေရာက တော့ ထရမ့် Tower ပါ။ Trump Tower က တော့ နယူးယော့ခ် စီးတီးမှာရှိပါတယ်။ အမေရိကန်ဒေါ်လာ ၅၄ သန်းတန်ကြေး ရှိတဲ့ Penthouse(မိုးမျှော်တိုက်ခန်း) ကြီး မှာ အရင်တည်းက နေလာခဲ့တဲ့ လူပါ။ Trump Tower က တော့ အထပ် ၅၈ ထပ်ရှိပါတယ်။ထရမ့်က တော့ သူ့ရဲ့ Penthouse ကြီးက 33,000 စတုရန်းပေ ရှိတယ်လို့ ပြောပေမယ့် မြို့ရဲ့ မှတ်တမ်းမှာတော့ 10,996 စတုရန်းပေပဲ ရှိ တယ်လို့ ပြော ပါတယ်။
View this post on Instagram
Seven Springs

Trump Tower မှာ မနေချင်ရင်လည်း ကိစ္စ တော့ မရှိပါဘူး။ New York ပြည်နယ် Bedford မြို့ က Seven Springs မှာ နေလို့ ရပါတယ်။ဒီအိမ်ကြီးက တော့ နယူးယော့ခ် စီးတီးနဲ့ ၄၅ မိုင်လောက် ဝေးလို့ မြို့ပြ နဲ့ ခပ် ဝေးဝေးမှာ နေချင် ရင် တော့ ရွေးချယ် လို့ ကောင်း တဲ့ နေရာ လေးပါ။အကျယ် ဧက ၂၁၃ ဧက ရှိပါတယ်။Indoor ရေကူးကန်၊အခန်း ၆၀ ၊ရေချိုးခန်း ၁၂ ခု၊ bowling ကစားလို့ ရတဲ့ နေရာ ပါရှိပါတယ်။တန်ဖိုးက တော့ ဒေါ်လာ ၂၄ သန်း လောက်ရှိပါတယ်။ထရမ့်ရဲ့ suburban လုပ် တဲ့ နေရာ ဆိုပြီး တော့ တောင် နာမည်ကြီးပါတယ်။

Trump Winery
View this post on Instagram
ဧက 1,100 လောက်ရှိပါတယ်။ Virginia ပြည်နယ် Charlottesville မြို့မှာ တည်ရှိတာပါ။သူ့သား Donald Trump Jr ရဲ့ နာမည် နဲ့ ဆို ပေမယ့် လည်း ထရမ့်က တော့ အမေရိကန်မှာ အကြီးဆုံး ၀ိုင်ထုတ်တဲ့ နေရာ တွေထဲက တစ်ခု ကို သူပိုင် ထားတယ်ဆိုပြီး ပြော ခဲ့ဖူးပါတယ်။အဓိက အဆောက်အအုံ ကြီး က တော့ 23,000 စတုရန်း ပေ ရှိပါတယ်။အခန်း က ၄၅ ခန်း ရှိတာ မို့ ဘယ်လောက်ထိ ကျယ်ဝန်း ခမ်းနား လဲ ဆိုတာ ခန့်မှန်း လို့ ရမယ် ထင်ပါတယ်။
View this post on Instagram
Mar-a-Lago
View this post on Instagram
Mar-a-Lago က တော့ ဖလော်ရီဒါ ပြည်နယ် Palm Beach မြို့ မှာ ရှိတဲ့ Resort တစ်ခုပါ။အိပ်ခန်း ၅၈ ခန်း ၊ရေချိုးခန်း ၃၃ ခန်း၊မီးလင်းဖို ၁၂ ခု ရှိပါတယ်။အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး Marjorie Merriweather Post က ၁၉၂၇ တည်းက ဆောက် ထားတာပါ။ဒါကို ၁၉၈၅ မှာ ထရမ့်က ဒေါ်လာ ငါးသန်း နဲ့ ၀ယ်ထားတာပါ။အခုတော့ တန်ဖိုးက ငါးသန်းမ က အောင် တန် နေပါပြီ။လှပ တဲ့ ရေကူးကန် ၊ဥယျာဉ် ပန်း ခြံ တွေ က 80000 စတုရန်း ပေ ရှိတဲ့ အဲ့ဒီ နေရာ ကြီးကို ၀န်းရံ ထားပါတယ်။ရကူးကန်တွေ အများကြီးရှိပါ တယ်။မိသားစုတွေ အပန်း ဖြေလို့ ကောင်းတဲ့ နေရာပါ။ private club လို မျိုး ၀န်ဆောင်မှု ပေးပြီး member ကြေးက ဒေါ်လာ နှစ်သိန်း လောက် ရှိပါတယ်။ ခမ်းနား လွန်းလို့ Winter White House လို့ တောင် ခေါ်ကြပါတယ်။
Trump National Golf Club(Trump Bedminster)
View this post on Instagram
Trump’s Summer White House လို့ နာမည်ကြီးပြီး New Jersey မှာ ရှိတာပါ။Golf ကွင်း ပါ ပါတဲ့ များပြားလှတဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ထဲက တစ်ခုပါ။Ivanka နဲ့ Jared Kushner တို့က တော့ အဲ့ဒီအထဲက တစ်ထပ် တိုက် လေး တစ်လုံးကို ပိုင်ပါတယ်။ private members club တစ်ခု အဖြစ်နဲ့ ဖွင့်ထားပါတယ်။ထရမ့်က နွေရာသီ ဆိုရင် အဲ့ကို လာ လေ့ရှိပါတယ်။
View this post on Instagram
#SHWEMOM