အမေရိကန်နိုင်ငံက Tiktok အသုံးပြုသူတွေကြားမှာ ရေပန်းစားနေတဲ့ Trump အက

[email protected]_keith_

ဒီနေ့ခေတ်လူတော်တော်များများကတော့ တော်တော်လေးကို ကြံရည်ဖန်ရည်ရှိပြီး ဆိုရှယ်မီဒီယာကိုလည်း တွင်ကျယ်စွာ အသုံးပြုလာတတ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးအနုပညာရှင်တွေ၊ နိုင်ငံခေါင်းဆာင်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ troll တဲ့ပုံစံတွေ၊ Memes တွေဟာ လည်း တော်တော်လေးကို ဟာသမြောက်ပြီး ရယ်စရာလည်း ကောင်းလွန်းလှပါတယ်ယ်။ အခုပြောပြချင်တာကတော့ ဆိုရှယ်မီဒီယာပေါ်မှာ အမေရိကန်သမ္မတ Donald Trump ရဲ့ ပုံစံကို တုပပြီး လိုက်ကတဲ့ Tiktok ဗီဒီယိုတွေဟာ တော်တော်လေးကို ခေတ်စားနေကြောင်း Miami Herald သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

@julia_keith_##duet with @crisnate0 This just might be the hardest tik tok dance I’ve ever done♬ Viva La Swing ps. tugboat_spenny is OG spinner – Mingaling 2.0

အပေါ်မှာ ပြထားတဲ့ ဗီဒီယိုဖိုင်ကိုတော့ Julia Keith လို့ အမည်ရတဲ့ ကောင်မလေးတစ်ယောက် တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ Trump တစ်ယောက်က စင်ပေါ်တက်ပြီး ကနေတယ်လို့ ထင်စရာပါပဲ။ တစ်ကယ်တမ်းတော့ Trump တစ်ယောက် နိုင်ငံရေးဟောပြောပွဲတစ်ခုမှာ သူ့ရဲ့ ပရိသတ်တွေကို ဟောပြောနေတုန်း လက်ခုပ်တီးပြီး ဒီအတိုင်း ပျော်နေတဲ့ ဗီဒီယိုတစ်ခုပါ။ အဲဒါကို Julia က အဆိုပါဗီဒီယိုဖိုင်မှာ နောက်ခံသီချင်းထည့်ခဲ့ပြီး သူမကိုယ်တိုင် Trump နဲ့ လိုက်နေတဲ့ ပုံစံနဲ့ ဗီဒီယိုရိုက်ပြီး Tiktok မှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
အစိုးရအမိန့်ကို မျက်နှာပြောင်တိုက်ပြီး လက်တစ်လုံးခြား လုပ်ခဲ့ကြတဲ့ စပိန်နိုင်ငံသားများ

 

@gabrielleseltzer##duet with @crisnate0 I had to 🇺🇸😆🙌🏼 ##Trumpdancing ##trumpdance♬ Viva La Swing ps. tugboat_spenny is OG spinner – Mingaling 2.0

 

@thedancingbuilder86##duet with @crisnate0 ##trump ##danceoff ##trumpdance ##duet ##tiktokdance ##DOLLHOUSECHALLENGE ##xyzbca ##slippers♬ Viva La Swing ps. tugboat_spenny is OG spinner – Mingaling 2.0

Julia ရဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး လူသိများခဲ့ပြီး ကြည့်ရှု့သူ ၆ သန်းနီးပါးအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ အကပုံစံဟာ Trump အကလို့တောင် လူသိများခဲ့ပြီး လူတော်တော်များများကလည်း သူတို့ရဲ့ Tiktok တွေမှာ Trump အကကို လိုက်ကခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Trump အကဟာ ဆိုရှယ်မီဒီယာမှာ လူသိအများဆုံးနဲ့ အကျော်ကြားဆုံး အကတစ်ခုအဖြစ် နာမည်ကြီးလျက်ရှိနေပါတယ်။

READ
မျက်စိလည်သွားစေနိုင်တဲ့ ဆင်တူ လူများရဲ့ ဓာတ်ပုံများ

 

@goofydadguy##duet with @crisnate0 I got moves, people! ##trumpdance ##goofydadguy ##funnydad♬ Viva La Swing ps. tugboat_spenny is OG spinner – Mingaling 2.0

 

Pyi Hein Kyaw

SHARE