သမ္မတအဖွဲ့သစ်ကို ကံကောင်းပါစေလို့ ပြောပြီး အိမ်ဖြူတော်က ထွက်ခွာခဲ့တဲ့ Trump

YouTube- Trump White House

ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ Donald Trump ဟာ အိမ်ဖြူတော်ကနေ ထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။ Trump ဟာ အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတတစ်ဦးဖြစ်ပြီးတော့ နိုင်ငံအတွက် အပြောင်းအလဲတွေအများကြီးကို လုပ်ပေးခဲ့ပြီးတော့ ဝေဖန်မှုအခံရဆုံးနဲ့ လူမုန်းအများဆုံး သမ္မတလို့လည်း ဆိုနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် အရွယ်ရောက်ကတည်းက ခံယူထားခဲ့တဲ့ သူဟာ ဒီနိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်ခဲ့တယ်ဆိုတာ တော်ရုံတန်ရုံ စွန့်စားမှုမျိုး လုပ်ခဲ့တာမဟုတ်ပါဘူးတဲ့လေ။ သူ့ရဲ့ သမ္မတဂုဏ်ပုဒ် “Make America Great Again” ဆိုတဲ့အတိုင်းပဲ သူဟာ သူ့လက်ထဲရောက်လာတဲ့ အမေရိကန်နိုင်ငံကြီးကို ဖက်ပေါင်းစုံကနေပြီးတော့ ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်တဲ့။ နောက် သူ့အနေနဲ့ သမ္မတကျမ်းကျိန်ပွဲတုန်းက ပြောခဲ့တာထက်ကို ပိုကောင်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

Trump အနေနဲ့ ကျေးဇူးတင်ရမယ့်လူတွေကိုလည်း ဒီနှုတ်ဆက်မိန့်ခွန်းမှာ ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ ဇနီးဖြစ်သူ Melania Trump ကတော့ ထိပ်ဆုံးမှာပေါ့။ နောက်တော့ သူ့ရဲ့သမီးကြီး Ivanka အပါအဝင် တခြားသားသမီးတွေကိုလည်း သူ့ရဲ့လိုအပ်ချက်တွေကိုဖြည့်စွမ်းပေးတဲ့အတွက် ကျေးဇူးပါလို့ပြောခဲ့ပါသေးတယ်။ ထပ်ပြီး ဒုတိယသမ္မတနဲ့ဇနီးတို့ မိသားစုတစ်ခုလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ရင်း သူ့ကို ယုံကြည်ပြီး ထောက်ခံပေးခဲ့ကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်ဆိုပြီးပြောခဲ့ပါတယ်။

သူ့ကိုယ်ပိုင်အမြင်အရတော့ အမေရိကန်ရဲ့ သမ္မတရာထူးကို Republican ပဲရရ၊ Democratic ပဲရရ ပါတီစွဲတွေက အရေးမကြီးဘဲ သမ္မတပီသစွာနဲ့ ပြည့်သူကောင်းကျိုးကို သယ်ပိုးနိုင်ဖို့သာ အရေးကြီးတယ်လို့လည်း မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါသေးတယ်။

READ
ဥာဏ်ကောင်းတဲ့မျောက်လေးနဲ့ခွေးတစ်ကောင် ချောင်းတစ်ခုကို ဖြတ်ကူးကြတဲ့အခါ

ထပ်ပြီးတော့ သူ့လက်ထပ်မှာ အမေရိကနိုင်ငံတွင်း တိုးတက်ခဲ့တဲ့ ကလေးသူငယ်စောင့်ရှောက်မှုပိုင်းဆိုင်ရာတွေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ ကိုဗစ်ကာကွယ်ဆေး ၂ ခုကို ထုတ်လုပ်နိုင်ခဲ့တာတွေ၊ ကပ်ဘေးကြောင့် ထိုးကျသွားခဲ့တဲ့ စီးပွားရေးလုပ်ငန်းနှုန်းတွေကို ဘယ်နိုင်ငံနဲ့မှမတူဘဲ အမြန်ဆုံးပြန်တက်လာမှုတွေ၊ အခိုင်မာဆုံးသော border wall ကြီးကို တည်ဆောက်ခဲ့မှုတွေ၊ အမေရိကန်ဆိုရင် နိုင်ငံတိုင်း ပြန်ကြောက်အောင် လုပ်ပြနိုင်ခဲ့တာတွေ၊ စစ်တပ်မှာဆိုရင်လည်း ပထမဆုံးအနေနဲ့ အမေရိကန်ထုတ် လက်နှက်နဲ့အသုံးအဆောင်တွေကိုပဲ သုံးအောင် ပြုလုပ်ခဲ့တာမျိုးတွေ စတာတွေကိုလည်း တစ်သီတစ်သန်းကြီးပြောကြားခဲ့ပါတယ်။

ဒါကတော့ Donald Trump ရဲ့ မိနစ် ၂၀ နီးပါးကြာတဲ့ နှုတ်ဆက်မိန့်ခွန်းဖြစ်ပါတယ်။

READ
ကလေးလည်ပင်းမှစွပ်ရသည့် သက်ကယ်ကွင်းသည် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်

penny

SHARE