သိဟ်ရာသီဖွားတွေကိုချစ်နေမိပြီဆိုရင်သိထားသင့်တဲ့ သူတို့ရဲ့အကျင့်လေးတွေ ….

ဇူလိုင် (၂၃)မှ သြဂုတ်(၂၂) အတွင်းမှာမွေးတဲ့သူတွေအားလုံးက သိဟ်ရာသီဖွားတွေပဲ ဖြစ်ကြပါတယ်။ သူတို့တွေမှာတွေ့ရတတ်တဲ့အကျင့်တွေကတော့ ဒီအချက်တွေပဲဖြစ်ပါတယ်။

၁။ ခေါင်းမာတတ်တယ်

သူတို့တွေက ခေါင်းမာတတ်ကြတယ်။ သူတို့တွေ စိတ်တိုနေတယ်ဆိုရင် သူတို့ကို အချိန်ပေးပါ။ ဒီဟာဆို ဒီဟာပဲလုပ်တယ်။ ဘယ်သူက ဘာလာပြောပြော ခေါင်းမာတတ်ကြတယ်။ သူတို့စိတ်ကို သူတို့ဘာသာ ပြေအောင်လုပ်တတ်တယ်။ အဲ့ဒါကြောင့် သူတို့ကို “စိတ်ထိန်းပါအုံး” လို့ပြောစရာ မလိုပါဘူး။

၂။ ပျော်တတ်ပြီး သူများကိုစရတာကြိုက်တယ်

သိဟ်ရာသီဖွားအမျိုးသမီးတွေက ပျော်ပျော်နေတတ်တယ်။ သူများကိုပျော်အောင်လည်း စနောက်တတ်တယ်။ သူများခံစားချက်ကို ထိခိုက်စေတဲ့စကားတွေနဲ့တော့ မစနောက်တတ်ကြပါဘူး။

၃။ သူတို့ကို လိမ်လို့မရဘူး

သူတို့ကို ဘယ်တော့မှ သွားမလိမ်မိစေပါနဲ့။ ဘယ်သူကလိမ်နေပြီဆိုတာကို အလွယ်တကူ သိကြတယ်။ သူတို့က အမြဲရှေ့တစ်ကွက်ကို ကြိုမြင်တတ်ကြတယ်။

READ
Aries(မိဿရာသီဖွား) ကောင်မလေးကို ချစ်မိရင်.......

၎။ ကိုယ့်ဘာသာကိုယ်ရပ်တည်ကြတယ်

သိဟ်ရာသီဖွားတွေက ကိုယ့်ဘာသာကိုယ်ပဲ ရပ်တည်ကြတယ်။ သူတို့ရွေးတဲ့ လက်တွဲဖော်ကလည်း ကိုယ့်ဘာသာရပ်တည်တတ်တဲ့ လူမျိုးကိုပဲ ရွေးတတ်ကြတယ်။ သူတို့က သူတို့ကိုလမ်းပြပေးမယ့်သူမျိုးကိုပဲ လိုချင်ကြတယ်။ သူတို့ကိုချုပ်ချယ်တတ်တဲ့ သူမျိုးကို မကြိုက်ကြပါဘူး။ အဲဒါကြောင့် သိဟ်ရာသီဖွားတွေကိုချစ်မိပြီဆိုရင် သင့်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူဖြစ်ဖို့ လိုအပ်ပါတယ်။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE