နာရေးကူညီမှုအသင်း-ရန်ကုန် ရဲ့ မြောက်ဥက္ကလာဆေးရုံ ကူညီကယ်ဆယ်ရေးမှာ ထွန်းကိုကို ပါဝင်ကူညီ

Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ရက်တွေက ဆက်တိုက်မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ခဲ့ရတဲ့ နေရာတွေထဲမှာ မြောက်ဥက္ကလာ ဆေးရုံကြီးလည်း ပါဝင်ခဲ့ပါတယ်။ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆေးရုံကြီးမှာ နာရေးကူညီမှု အသင်း-ရန်ကုန်ရဲ့ အဖွဲ့ သားတွေက သွားရောက်ကူညီပေးခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ နာရေးကူညီမှုအသင်း-ရန်ကုန် ရဲ့ FB စာမျက်နှာ ပေါ်မှ  အခုလိုေ ဖော်ပြထားပါတယ်။

Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်ရဲ့ fb
Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်
Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်

“၂၀၁၉ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့၊ (၁း၀၀၀)အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေရာဂါကု ဆေးရုံကြီးရှိ လူနာဆောင်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သတင်းရရှိသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ အရေးပေါ်သူနာတင်ယာဉ် (၃)စီး၊ အထောက်အကူပြုယာဉ် (၁)စီး၊ အပေါ့စားမီးသတ်စက်ကလေး (၂)လုံး၊ အင်အား (၁+၁၅)ဦး နှင့် တပ်ဖွဲ့ဝင် ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုတို့မှ သွားရောက် ကူညီပေးခဲ့ကြပါသည်။

Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်
Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်
Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်

ရေ၀င်လျက်ရှိသော လူနာဆောင်များမှ လူနာများအား လုံခြုံစိတ်ချရသော နေရာများသို့ စနစ်တကျ ရွေ့ပြောင်းပေးခြင်း၊ ပင်မဆေးစတိုအတွင်းမှ ဆေးပစ္စည်းများအား ရေလွတ်ရာနေရာများသို့ မော်တော်ယာဉ်များနှင့် ရွေ့ပြောင်းပေးခြင်း၊ ရေများဝင်ရောက်ချက်ရှိသော အဆောင်များအတွင်းမှ ရေများအား အပေါ့စား မီးသတ်စက်များဖြင့် ရေစုပ်ထုတ်ပေးခြင်း အစရှိသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား မိတ်ဖတ်အဖွဲ့အစည်းများဖြင့် ပူးပေါင်းကူညီ လုပ်ဆောင်ပေးခဲ့ပါသည်။

READ
ပရိသတ်တွေက ၀လာတယ်လို့ပြောမှာ စိုးရိမ်နေတဲ့ ခင်ဝင့်ဝါ
မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ဓာတ်ပုံ – ပြန်ကြားရေးဌာန #FFSS
Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်
Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်
Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်

ထွန်းကိုကိုကလည်း “မြောက်ဥက္ကလာပဆေးရုံကြီးအတွင်း၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ 7.8.2019……………” ဆိုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေပုံတွေကို သူ့ရဲ့ အကောင့်မှာ ပြန်လည် ဝေမျှ ပေးထားပါတယ်။

Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်
Image Source :နာရေးကူညီမှုအသင်း-ရန်ကုန်

Source : နာရေးကူညီမှုအသင်း-ရန်ကုန်

SHARE