(၃)ရက်တိုင် တီဗီကမခွာဘဲ ရွေးကောက်ပွဲသတင်းတွေ ကြေညာနေပုံရတဲ့ အမျိုးသား

youtube/MSNBC

အမေရိကန်ပြည်သူတွေဟာ ၃ရက်လုံးလုံး အနားမယူ၊ တီဗီပေါ်ကနေလည်း မပျောက်သွားဘဲ ဆက်တိုက်သတင်းကြေညာနေတယ်လို့ယူဆရသူ သတင်းကြေညာသူတစ်ဦးကို အံ့အားသင့်နေကြကြောင်း news.com.au သတင်းစာမျက်နှာအရ သိရပါတယ်။ ထိုသူကတော့ Steve Kornacki ဆိုသူဖြစ်ကာ MSNBC တီဗီချန်နယ်ရဲ့ အမေရိကန်ရွေးကောက်ပွဲအကြောင်းကို မရပ်မနားတင်ဆက်ပေးနေတာပါ။

အွန်လိုင်းပေါ်မှာတော့ “Steve တော့ မရပ်မနား ဘယ်လိုသတင်းကြေညာနေတယ်မသိဘူး၊ ဒီမှာတော့ ကြည့်ရင်းရူးတော့မယ်” ဆိုတဲ့သူတွေရှိသလို တစ်ချို့ရင်းနှီးတဲ့သူတွေကလည်း အခုလိုပြောထားပြန်ပါတယ်။ “ကျွန်တော် Steve နဲ့ သိလာတာကြာပြီ။ ရိုးရိုးသားသားပြောရရင် သူစားတာ သောက်တာတစ်ခါမှမမြင်ဖူးဘူး။ သူက စက်ရုပ်ဖြစ်နိုင်တယ်။” လို့ဆိုထားပါတယ်။ တီဗီကြည့်ပရိသတ်တွေဟာ Steve ရဲ့ တစ်နေ့လာလည်း ဒီဝတ်စုံ၊ နောက်ရက်မှာလည်း ဒီဝတ်စုံပဲဖြစ်နေတာကို သတိထားမိရာကနေ Steve သတင်းကြေညာပုံဟာ အွန်လိုင်းပေါ်ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရေဒီယိုအသံလွှင့်သူတစ်ဦးဖြစ်တဲ့ Piers Morgan ကလည်း တေးဂီတပညာရှင် James Blunt ရဲ့ စာအုပ်သစ်ထုတ်ဝေတာနဲ့ပတ်သက်လို့ ရက်ရက်စက်စက်လေး တုံ့ပြန်ထားပါသေးတယ်။ James Blunt က “ပိုစိတ်ဆင်းရဲအောင်လို့ .. ကျွန်တော့်စာအုပ်ဒီနေ့ထွက်ပါပြီ။” လို့ စနောက်ကာ ပရိသတ်တွေကိုရေးသားခဲ့ပါတယ်။ ဒါကို Morgan  “ဒီနှစ်မှာ ဒီလောက်ခံစားနေရတာ မလုံလောက်သေးဘူးလား”ဆိုပြီး ရွှတ်နောက်နောက်လည်း promotion retweet ပြန်လုပ်ခဲ့တာကိုလည်း အခုလိုတွေ့ရမှာပါ။

ShweMom

SHARE