ကျားဟိန်းသံကြောင့်အကြောက်လွန်ပြီး နှလုံးခုန်ရပ်သေဆုံးခဲ့သည့်မျောက်(၁၂)ကောင်

အိန္ဒိယတောထဲမှာ ကျားဟိန်းသံကြောင့် တစ်ပြိုင်နက်တည်းနဲ့မျောက်၁၂ကောင်ဟာ နှလုံးရှော့ခ်ရပြီး သေဆုံးသွားခဲ့ပါတယ်။ မျောက်တွေကို တောတွင်းရှင်းလင်းရေးပြုလုပ်စဉ်က သေနေတာကိုတွေ့ခဲ့တာပါ။ တိရစ္ဆာန်ကုဆရာဝန်ပြောကြားချက်အရတော့ အကြောက်လွန်ကာ သေဆုံးခဲ့တယ်လို့ The Mirror ကနေတွေ့ရှိထားပါတယ်။

ဒေသခံတွေက အိန္ဒိယတောင်ပိုင်း Kotwali Mohammadi မှာမျောက်သေတွေကို တွေ့ခဲ့တာပါ။ အစပိုင်းကတော့ ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာ စဉ်းစားရကြပ်နေခဲ့ကြပါတယ်။ တိရစ္ဆာန်ကုဆရာဝန်တွေကလည်း မျောက်တွေဟာ အဆိပ်ခတ်သတ်ခံရတယ်လို့ ယူဆတာကြောင့် အသေကောင်တွေကို ခွဲစိတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်ဆေးပြီးတဲ့နောက်မှာတော့ မျောက်တွေအားလုံးဟာ နှလုံးထိခိုက်ပြီး သေဆုံးခဲ့တယ်ဆိုတာပါ။ မျောက်တွေသေဆုံးတဲ့ နေရာတစ်ဝိုက်မှာ ကျားတွေဟာ မကြာခဏဖြတ်သန်းသွားလာလေ့ရှိတာကြောင့် ကျားဟိန်းဟောက်တဲ့အသံကြောင့် သေဆုံးခဲ့တာဖြစ်နိုင်ကြောင်းကို ဆရာဝန်Dr.Sanjeev Kumar က အတည်ပြုပြောကြားသွားပါတယ်။

(Image: AFP)

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE