မိသားစုလိုက် သတ်ဖြတ်ခံခဲ့ရသောလူသတ်မှုတွင် အသက်ရှင်ကျန်ခဲ့တဲ့ ကလေးငယ်၂ဦး

လွန်ခဲ့သော ၅နှစ်ကပြင်သစ်အယ်လ်ပ် တောင်တန်းများနားတွင်မိသားစုလိုက် အသတ်ခံရမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ တစ်မိသားစုလုံး သေနတ်နဲ့ ရက်စက်စွာ အသတ်ခံခဲ့ရပေမယ့်လည်း ထူးဆန်းစွာ ညီအမ၂ယောက်တည်း အသက်ရှင်ကျန်ခဲ့တာကို The Mirror သတင်းစာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။

မိဘနှစ်ပါးနှင့်အတူ အဘွားဖြစ်သူလည်း သေနတ်ဖြင့် ပစ်သတ်ခံရပြီး ညီအမ၂ယောက်မှာမူ ကံအားလျော်စွာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ထိုမိန်းကလေး၂ယောက်မှာ Zeena al-Hilli အသက် ၉ နှစ်နဲ့ အမဖြစ်သူ Zainab ၁၂နှစ်တို့ဖြစ်ကြပါတယ်။

အခင်းဖြစ်ပွားပြီးနောက်  အသတ်ခံရသူ Saad နဲ့ ညီအကိုတော်စပ်သူ Zaid ကို လူသတ်မှုနဲ့ ပတ်သတ်ပြီး စစ်ဆေးမေးမြန်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ရှေ့နေတွေက သံသယဖြစ်ဖွယ်ရှိသူ မဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။

Saad ရဲ့ ညီအစ်ကိုတော်စပ်သူ Zaid

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကောင်မလေး၂ယောက်ရဲ့ အဖေဖြစ်သူ Saad ဟာအသက်၅၀အရွယ်ရှိသူပါ။ သူက ၂၀၁၂ ခုနှစ် စက်တင်ဘာ၅ရက်နေ့က အပန်းဖြေခရီးထွက်ရင်း တောင်ကြားလမ်းဘေးမှာ အနီးကပ်သေနတ်နဲ့ နေရာမှာတင် ပစ်သတ်ခံခဲ့ရတာပါ။

READ
မွေးကတည်းက လက်ချောင်းတွေ မပါပေမယ့် အံ့ဖွယ်ပန်းချီပညာနဲ့ ဘဝကိုရပ်တည်နေသူ
ယာဉ်မောင်းနေရာမှာတင် ပစ်သတ်အသတ်ခံရသူ Saad

ကားပေါ်မှာလိုက်ပါလာတဲ့ မိန်းမဖြစ်သူ Iqbal အသက် ၄၇နှစ်နဲ့ ယောက္မဖြစ်သူ Suhaila အသက် ၇၄နှစ်တို့ဟာလည်း အသတ်ခံခဲ့ရပါတယ်။  အသက် ၄နှစ်အရွယ်ရှိသူ Zeena ကတော့ အနောက်ဘက်ထိုင်ခုံမှာ ထိုင်နေခဲ့တဲ့ သူမအမေ စကတ်အောက်ထဲ ၀င်ပုန်းနေတာကြောင့် လူသတ်သမားမြင်ခဲ့ဟန်မတူပါဘူး။ Zainab က အဲ့ဒီတုန်းက အသက်၇နှစ်ပါ။ သူမကတော့ သေနတ်ဒင်နဲ့အရိုက်ခံခဲ့ရသလို သေနတ်နဲ့ပစ်ခံခဲ့ရပါတယ်။ ပြီးတော့ ပြင်သစ်လူမျိုး စက်ဘီးစီးသမားတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။

ညီအမ ၂ဦးရဲ့ မိခင်ဖြစ်သူ သေဆုံးသူ Iqbal ကိုသမီးတစ်ယောက်နှင့်အတူ တွေ့ရစဉ်။

အသက် ၅၈နှစ်အရွယ်ရှိတဲ့ Zaid ကတော့ သူ့တူမတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က မြင်ခဲ့သေးကြောင်း၊ နှစ်ယောက်စလုံးကျောင်းပြန်တက်နေကြပြီး ပုံမှန်ဘ၀ကို ဖြတ်သန်းနေပြီဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ ကလေးတွေကတော့ အရင် Claygate နေအိမ်မှာ မနေတော့ပဲ အမေဘက်ကအဒေါ်ဆီမှာ နေထိုင်လျက်ရှိပါတယ်။

ဒီအခင်းကို တစ်နှစ်နီးပါးမျှ လိုက်လံစုံစမ်းနေသော တရားလိုဘက်ရှေ့နေဖြစ်သူ Veronique Denizot က လူသတ်သမားဟာ ကြေးစားသေနတ်သမားမဟုတ်ဘူးဟု ဆိုပါတယ်။ Veronique မတိုင်ခင် ရှေ့နေတစ်ယောက်ကတော့ တရားခံဟာ အီရတ်မှာမွေးဖွားခဲ့တဲ့ အသတ်ခံရသူ နဲ့ညီအကိုတော်စပ်သူ Zaid ဖြစ်တယ်လို့ မှန်းဆခဲ့ပါတယ်။ အမွေဆက်ခံမှုကိစ္စနှင့် ပတ်သတ်တာကြောင့်လို့လည်းသိရပါတယ်။

READ
ခရီးသည်(၂)ဦးကြောင့် အခြားခရီးသည်(၆,၀၀၀)ကျော် ဇိမ်ခံသင်္ဘောပေါ်မှာ ပိတ်မိနေတဲ့အဖြစ်

သို့သော်လည်း Veronique က Zaidကသံသယရှိသူ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူမက ဒေသခံတစ်ယောက်သတ်တာဖြစ်တယ်လို့ ခန့်မှန်းထားကြောင်းလည်း ထပ်မံပြောဆိုခဲ့ပါတယ်။

SHARE