ခိုးလာတဲ့ကားအချင်းချင်း ပြန်တိုက်မိလို့ ရဲဖမ်းခံခဲ့ရတဲ့ ကားသူခိုးနှစ်ယောက်ရဲ့ ဖြစ်ရပ်

[email protected] Newberg-Dundee police department

ကားခိုးမှုတော်တော်များများကိုတော့ လူတိုင်းနီးပါးကြားဖူးကြမှာပါ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မသိတဲ့ ကားသူခိုးနှစ်ယောက်ဟာ အချင်းချင်း ကားပြန်တိုက်မိပြီး နှစ်ယောက်လုံး ရဲဖမ်းခံရတဲ့ ကိစ္စဆိုတာ တော်ရုံတန်ရုံ တိုက်ဆိုင်မှုမျိုးနဲ့ မရပါဘူး။ ဒါပေမယ့် ဒီလိုတိုင်ဆိုင်မှုဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

wikimedia

မကြာသေးခင်အချိန်က အမေရိကန်နိုင်ငံ၊ Oregon ပြည်နယ်မှာ ကားသူခိုးနှစ်ယောက်အချင်းချင်း ကားပြန်တိုက်မိတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ရပ်ရဲ့ အစကတော့ ကားသူခိုးအမျိုးသားတစ်ယောက်ဖြစ်တဲ့ Randy Lee Cooper ကစတယ်လို့ပဲ ပြောရမှာပါ။ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ Randy ဟာ ရပ်ထားတဲ့ Toyota Land Crusier ကားတစ်စီးကိုခိုးပြီး မောင်းဖို့ လုပ်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့က သတိထားခဲ့မိပါတယ်။ ဒီလိုနဲ့ Randy ဟာ ရဲတွေသတိထားမိတာကို သိသိပြီးချင်း ခိုးထားတဲ့ ကားနဲ့ မောင်းပြေးခဲ့ပါတယ်။

READ
စက်ကိရိယာအကူအညီမပါပဲ ရေပြင်ကျယ်ကို ဖြတ်ပြေးပြခဲ့တဲ့ အံ့ဖွယ်ရှောင်လင်ဘုန်းကြီး
Newberg-Dundee police department

ဒီလိုနဲ့ Randy ရဲ့ ကားနောက်ကို ရဲတွေကတောက်လျှောက်လိုက်ခဲ့ပါတယ်။ Randy ကတော့ အဖမ်းမခံချင်တာကြောင့် ကားကို အရှိန်မြှင့်ပြီး မောင်းခဲ့ရာမှ တစ်နေရာအရောက်မှာတော့ ကားတစ်စီးကို ဝင်တိုက်မိခဲ့ပါတယ်။ ဒီလိုနဲ့ Randy ကို ရဲတွေ ဖမ်းမိနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တစ်ဖက်က Randy တိုက်လိုက်တဲ့ ကားကို ရဲတွေကြည့်လိုက်မိတဲ့အချိန်မှာတော့ မသင်္ကာစရာတစ်ခုတွေ့ခဲ့ပါတယ်။ အဲဒါကတော့ Randy တိုက်လိုက်မိတဲ့ကားဟာ လွန်ခဲ့တဲ့ ၃ ပတ်လောက်က အခိုးခံထားရတယ်လို့ တိုင်ကြားထားတဲ့ကား ဖြစ်နေလို့ပါပဲ။

Newberg-Dundee police department

ဒါ့ကြောင့် ရဲတွေဟာ အဆိုပါကားကို မောင်းလာတဲ့ အသက် ၂၅ နှစ်အရွယ် Kristin Nicole Begue ကို စစ်ဆေးခဲ့ရာ Kristin ကတော့ သူမောင်းလာတဲ့ ကားနဲ့ပတ်သတ်တဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို မထုတ်ပြနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ Kristin ဟာ ထွက်ပြေးဖို့ လုပ်ခဲ့သော်လည်း အခြေအနေကို အစကတည်းက ရိပ်စားမိတဲ့ရဲတွေက Kristin ကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

READ
ဗြိတိန်အမျိုးသမီးသံတမန်တစ်ဦး လက်ဘနွန်တွင် အဓမ္မကျင့်၊ သတ်ဖြတ်ခံရ

Pyi Hein Kyaw

SHARE