ခွေးအမှတ်နဲ့ ရေခဲကန်ထဲမှာ ဒုက္ခရောက်နေတဲ့ သတ္တ၀ါကို ကယ်ဆယ်ခဲ့တဲ့အဖြစ်

အက်စတိုးနီးယားနိုင်ငံနေ ကြင်နာတတ်တဲ့ ဆောက်လုပ်ရေးလုပ်သားနှစ်ဦးဟာ မြစ်ထဲမှာ အေးခဲပြီး သေလုမတတ်ဖြစ်နေတဲ့ သတ္တ၀ါတစ်ကောင်ကို ကယ်ဆယ်လာခဲ့ပါတယ်။ ၄င်းတို့နှစ်ဦးဟာ ရန်ဒိုနဲ့ ရော်ဘင်ဆိုသူဖြစ်ကြပြီး သောင်တူးနေတဲ့အခိုက် ခွေးတစ်ကောင်လို့ ယူဆရတဲ့ သတ္တ၀ါတစ်ကောင်ဟာ ရေကာတာမှာ ညှပ်ပိတ်မိနေတာကို တွေ့လိုက်ရပါတယ်။

boredpanda
boredpanda

ဒါနဲ့ပဲ နှစ်ဦးသားဟာ ရေခဲတွေကို ခွဲဖယ်ပြီး ထိုသတ္တ၀ါရှိရာဆီ ကယ်ဆယ်ဖို့ထွက်လာခဲ့ပါတယ်။ ခွေးလို့ ယူဆရတဲ့ ၄င်းကို ပုဝါနဲ့ပတ်ပေးပြီး နွေးထွေးအောင်လို့ဆိုကာ ကားထဲကိုပါ ထည့်ခေါ်လာခဲ့ပါတယ်။ ချမ်းအေးလွန်းလို့ ခိုက်ခိုက်တုန်နေတဲ့ ၄င်းသတ္တ၀ါကို တိရစ္ဆာန်ဆရာဝန်ဆီ သွားပြပေးဖို့အတွက် ရန်ဒိုနဲ့ရော်ဘင်ဟာ အနီးဆုံးမြို့ဆီိကို ကားမောင်းလာခဲ့ပါတယ်။

boredpanda
boredpanda

၎င်းသတ္တ၀ါဟာ ရန်ဒိုရဲ့ ပေါင်ပေါ်မှာ ဦးခေါင်းကို မှေးတင်ပြီး လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တိရစ္ဆာန်ဆေးကုခန်းကို ရောက်ခဲ့အခါမှာတော့ ရန်ဒိုတို့အတွက် မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခုကို ကြားသိခဲ့ရပါတယ်။ အဲဒါက သူတို့ခွေးအမှတ်နဲ့ ကယ်လာတဲ့ သတ္တ၀ါဟာ တကယ်တော့ ၀ံပုလွေတစ်ကောင် ဖြစ်နေတယ်ဆိုတာကိုပါ။

READ
သင်္ချာဥာဏ်စမ်းတစ်ပုဒ် ဖြေရှင်းနိုင်ရုံနဲ့ စားချင်တဲ့မုန့် အလကားယူခွင့်ပေးတဲ့ မုန့်ဆိုင်လေး
boredpanda
boredpanda

ဝံပုလွေဆိုတာဟာ အရိုင်းသတ္တ၀ါဖြစ်လို့ လူတွေအတွက် အန္တရာယ်ရှိပါတယ်။ ကယ်လာတဲ့အချိန်မှာ ၀ံပုလွေဟာ အားနည်းနေတဲ့ အချိန်ဖြစ်နေတာကြောင့် မှိန်းနေရုံကလွဲလို့ လူတွေကို ရန်မရှာနိုင်တာဖြစ်ကြောင်း၊ လူတွေနဲ့ ရင်းနှီးသင့်တဲ့ သတ္တ၀ါမဟုတ်ကြောင်းကို တိရစ္ဆာန်ဆရာဝန်က မှတ်ချက်ပေးပါတယ်။

boredpanda

၎င်းဝံပုလွေဟာ ၀ံပုလွေအထီးဖြစ်ပြီး တစ်နှစ်ဝန်းကျင်အရွယ် ရှိနေပါပြီ။ ၀ံပုလွေကို သေချာကျနစွာ ပြုစုကုသပေးပြီးနောက်မှာတော့ ၄င်းကို တောထဲ ပြန်လွှတ်ခဲ့ကြောင်း သိရပါတယ်။ Estonian Union for the Protection of Animals (EUPA) ကတော့ ၀ံပုလွေရဲ့ ကယ်ဆယ်ရေး အထွေထွေကုန်ကျစရိတ်နဲ့ ပတ်သက်လို့ အကုန်ကျခံခဲ့ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Boredpanda

SHARE