တပ်သားတွေကို စားနပ်ရိက္ခာပိုပေးခဲ့တဲ့ ထိပ်သီးခေါင်းဆောင်တစ်ဦးကို ကင်ဂျုံအန် ကွပ်မျက်

တောင်ကိုရီးယားအခြေစိုက် Daily NK သတင်းစာရဲ့အာဘော်ကို ကိုးကားပြီး ယူကေအခြေစိုက်သတင်းစာတွေက မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ လုပ်ရပ်တစ်ခုကို ထုတ်ဖော်ရေးသားခဲ့ပြန်ပါတယ်။ ဒီရေးသားချက်ဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တစ်နည်းတစ်ဖုံ သက်ရောက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။

အဆိုပါ သတင်းမှာတော့ တပ်ဖွဲ့ဝင်တွေကို ခွဲတမ်းချမှတ်ထားတဲ့ အစားအစာတွေထက် အစားအစာတွေ အပိုပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကွပ်မျက်ဖို့ အမိန့်ပေးခဲ့ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

Daily NK

ကွပ်မျက်ခံခဲ့ရသူကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာထူးကို ထမ်းဆောင်ခဲ့တဲ့ Hyon Ju-song ဖြစ်ကြောင်း သိရပြီး၊ သူ့ကို လက်မရွံ့ပါးကွက်သား တပ်ဖွဲ့ဝင်(၉)ဦးက သေနတ်အနဲ့အချက်ပေါင်း (၉၀)ကျော်အထိပစ်ခတ်ကာ ကွပ်မျက်ခဲ့ကြောင်း သိရပါတယ်။ ဒုဗိုလ်ချုပ်ကြီး Ju ဟာ စွဲချက်များစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

KCNA

သူဟာ အာဏာအလွဲသုံးစားလုပ်မှု၊ ရန်သူနဲ့ပူးပေါင်းမှု၊ ပါတီကိုဆန့်ကျင်တဲ့လုပ်ရပ်များ လုပ်ဆောင်ခဲ့မှု စတဲ့စွဲချက်တွေအတွက်လည်း တာဝန်ရှိတယ်လို့ ထိပ်သီးခေါင်းဆောင်ကြီးတွေက ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း သူ့ကို သေနတ်နဲ့ မသေမချင်း ပစ်ခတ်စီရင်ဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

READ
Irrfan Khan ကြောင့် ခေတ်မီပြောင်းလဲခဲ့တဲ့ အိန္ဒိယနိုင်ငံက ရွာငယ်လေး
The National Interest

ဒါကြောင့် ဒုဗိုလ်ချုပ်ကြီး Ju ကို ပြုံးယမ်းမြို့၊ ဆူနန်ခရိုင်အတွင်းမှာ တည်ရှိတဲ့ Kang Kon Military Academy ဝင်းအတွင်းမှာ ကွပ်မျက်ခဲ့ကြောင်း ဒေသခံသတင်းတွေအရ သိရပါတယ်။ Daily NK သတင်းမှာတော့ Ju ဟာ ပြီးခဲ့တဲ့ ဧပြီလက ဂြိုလ်တုလွှတ်တင်ရေးမှာ အလုပ်လုပ်တဲ့ သူရဲ့တပ်ဖွဲ့ဝင်တွေကို အပိုအစားအစာတွေ ကျွေးခဲ့တာက သူ့ရဲ့ အဓိကပြစ်မှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ယူကေအခြေစိုက် သတင်းစာတွေဟာ ကင်နဲ့ထရမ့်တို့ သမိုင်းဝင်တွေ့ဆုံပွဲမတိုင်ခင် အတောအတွင်းမှာ နှစ်နိုင်ငံခေါင်းဆောင်တွေ အချင်းချင်း အဖုအထစ် ပိုမိုဖြစ်စေနိုင်တဲ့သတင်းတွေကို အင်တိုက်အားတိုက် ရေးသားခဲ့တာကို ဂျပန်အခြေစိုက် သတင်းမီဒီယာတွေ၊ အမေရိကန်အခြေစိုက် သတင်းမီဒီယာတွေက အပြန်အလှန်ဝေဖန်ခဲ့ဖူးရာ အခုသတင်းကလည်း ယူကေတို့ရဲ့ သွေးထိုးလှုံ့ဆော်မှုသာဖြစ်တယ်လို့ ယူဆနေတဲ့ သတင်းမီဒီယာတစ်ချို့လည်း ရှိနေပါတယ်။

UPI

ဒီသတင်းမတိုင်ခင်ကပင် ယူကေအခြေစိုက် သတင်းမီဒီယာတွေနဲ့ မြောက်ကိုရီယားကို မလိုလားတဲ့ တောင်ကိုရီးယားအခြေစိုက် သတင်းမီဒီယာတွေမှာ ကင်ဂျုံအန်ဟာ နယူကလီးယားစက်ရုံတွေကို ရှေ့ကနေသာ အဖျက်ပြပြီး၊ နောက်ကွယ်က တစ်ခြားနေရာတွေမှာ ဆက်လက်တိုးချဲ့ဆောက်လုပ်မှုတွေ ရှိနေကြောင်း ရေးသားဖော်ပြခဲ့ကြပါသေးတယ်။

READ
ကျောက်တုံးတွေကို ကိုယ်နဲ့ပွတ်လေ့ရှိကြတဲ့ ဝေလငါးတွေရဲ့ ထူးဆန်းတဲ့အပြုအမူ

နတ်စည်တော် (Shwemom)

source: metro.co.uk

SHARE