သင်စိတ်ဝင်စားတဲ့သူကGayဖြစ်နေလားဆိုတာ သိနိုင်တဲ့အချက်(၅)ချက်

သဘာဝတရားအရဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားကြ တာဓမ္မတာပါပဲ။မိန်းကလေးတွေလည်းအနည်းနဲ့အများတော့ ရုပ်ရည်သန့်သန့်၊စတိုင်ကျတဲ့ ယောက်ျားလေးတွေကိုငေးမိ၊ စိတ်ဝင်စားမိကြပါတယ်။ဒါပေမယ့် ကိုယ်စိတ်ဝင်တစားငေး မိတဲ့သူက ကိုယ့်ရှေ့မှာတင် မိန်းကလေးတွေကြိုက်တတ်တဲ့အရောင်၊အ၀တ်အစားစတဲ့အရာတွေကို စိတ်ဝင်တစား ရှိနေတာတွေ့လိုက်ရတော့ စိတ်ထဲမတင်မကျကြီးဖြစ်သွားရတယ်။တခါတလေကျတော့လည်းကိုယ်ကသူ့ကိုစိတ်ဝင်စား မိနေပြီးသူနဲ့လည်းရင်းနှီးမှုအတော်လေးရနေပြီးမှ သူဟာ gayတစ်ယောက်ဆိုတာသိရတော့ နှမြောတသဖြစ်ရပြန်ပါ တယ်။အခုနောက်ပိုင်း ယောက်ျားလေးခပ်ချောချောသန့်သန့်ကိုမြင်ရင် gayလားဆိုပြီးတွေးမိနေကြတာpsychoက တစ်ခုလိုပါပဲ။ကိုယ်စိတ်ဝင်စားမိတဲ့သူက gayတစ်ယောက်ဟုတ်မဟုတ် ဘယ်လိုအချက်တွေနဲ့ဆန်းစစ်သိနိုင်မလဲ။

(၁)ဂေးတွေကို ကာကွယ်လွန်းခြင်း

သူနဲ့စကားပြောတဲ့အခါ သင်ကစကားလမ်းကြောင်းပြောင်းရင်တောင် လိင်တူချစ်သူတွေအကြောင်း၊ ဂေးတွေ အကြောင်း သူဆက်တိုက်ပြောနေမိလိမ့်မယ်။သင်က အဲဒီလို လိင်တူချစ်သူတွေ၊ဂေးတွေကိုမုန်းတဲ့အကြောင်းပြောမိရင်သူက ဂေး တစ်ယောက်ဖြစ်တယ်ဆိုတာသင့်ကို ဖုန်းကွယ်ဖို့ကြိုးစားပေမယ့် ဂေးတွေဘက်က ကာကွယ်ပြောနေလိမ့်မယ်။

(၂)ထူးခြားတဲ့ ဖက်ရှင်စတိုင်

Gays

သူသာ ဂေးတစ်ယောက်ဆိုရင် သူ့ရဲ့ဖက်ရှင်ဒီဇိုင်းတွေက ထူးခြားပြည့်စုံနေလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ ဂေးတွေမှာ စတိုင်တို့ဖက်ရှင်တို့နဲ့ပတ်သက်ရင် သူမတူတဲ့အာရုံခံမှုတွေရှိနေတယ်။သူ့ရဲ့ ၀တ်စားဆင်ယင်မှု၊ဖက်ရှင်နဲ့ပတ်သက်ပြီး အချိန်ပေးပြင်ဆင်တတ်သလို အသေးစိတ်အာရုံစိုက်တတ်တဲ့သူဆိုရင်တော့ သူဂေးတစ်ယောက်ဆိုတာ သတိပြုသင့်ပါပြီ။ ပုံမှန်အားဖြင့် ယောက်ျားလေးတွေရဲ့အာရုံဝင်စားမှုက မိန်းကလေးတွေပေါ်မှာပဲရှိတဲ့အတွက် ဖက်ရှင် အမြင်၊ ကိုယ်ဟန် အနေအထားစတာတွေကို မိန်းကလေးတစ်ယောက်ထက်ပိုပြီးခံစားတတ်ကြပါတယ်။ဒါပေမယ့် ဖက်ရှင်နဲ့ပတ်သက် ပြီးယောက်ျားလေးတစ်ယောက်ရှိတဲ့ထူးခြားတဲ့ senseထက်ပိုပြီး သာမန်ထက်ကျော်လွန်နေတယ်ဆိုရင်တော့ သူကဂေး တစ်ယောက်ဖြစ်ဖို့သေချာနေပါပြီ။

READ
၁၀စက္ကန့်အတွင်း နက်ခ်တိုင်အလွယ်ချည်နည်း

(၃)မိန်းကလေးထက် ယောက်ျားလေးကိုပိုပြီး အာရုံစိုက်ခြင်း

အတူတူရှိနေချိန်မှာ သူနဲ့ eye contactရအောင်နေပါ။သူတခြားယောက်ျားတစ်ယောက်ကိုစိတ်ဝင်တစားကြည့်နေတာ သင်တွေ့ရင် သူဘာကိုရွေးမလဲဆိုတာမေးပါ။ပုံမှန်အားဖြင့်ယောက်ျားလေးတွေက မိန်းကလေးတွေကိုပဲ စိတ်ဝင်တစား ကြည့်တတ်ကြပေမယ့် သူကတော့မိန်းကလေးတွေကို စိတ်မ၀င်စားဘဲ ယောက်ျားလေးတွေကိုပဲ စိတ်ဝင်တစားလိုက် ကြည့်နေတယ်ဆိုရင်တော့ သူဂေးတစ်ယောက်ဖြစ်ဖို့ သေချာစေတဲ့အချက်ပဲဖြစ်ပါတယ်။

(၄)နာမည်ကျော် အမျိုးသား အနုပညာရှင်တွေကိုရူးသွပ်ခြင်း

ယောက်ျားလေးအများစုက အမျိုးသမီး celebrityတွေရဲ့ fanတွေဖြစ်ကြတယ်။နာမည်ကြီး မော်ဒယ်၊မင်းသမီးတွေရဲ့ ခပ်ဟော့ဟော့ပုံတွေကို သိမ်းထားတတ်တယ်။သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ follower,memberအဖြစ် အမြဲတမ်းဝင်ရောက် ကြည့်ရှုတတ်ကြတယ်။ဒါပေမယ့် သင့်ရဲ့ ကောင်လေးကတော့ အဲဒီလိုယောက်ျားလေးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး နာမည်ကြီး အမျိုးသားမော်ဒယ်၊မင်းသားတွေရဲ့ fanဖြစ်နေတယ်၊သူတို့ကိုပဲ စိတ်ဝင်တစားရှိနေပါ လိမ့်မယ်။

(၅)သူစိမ်းယောက်ျားရဲ့ အာရုံစိုက်မှုကို သဘောကျခြင်း

2

တကယ်လို့ သင့်ကောင်လေးကဂေးတစ်ယောက်ဆိုရင် တခြားယောက်ျားတစ်ယောက်ရဲ့အာရုံစိုက်ခြင်းကို သဘောကျနေ ပါလိမ့်မယ်။မိန်းကလေးတွေရှိတဲ့နေရာကိုအတတ်နိုင်ဆုံးရှောင်တတ်သလို ခပ်ဟော့ဟော့ယောက်ျားလေးတွေကိုတွေ့ရင် လည်းစိတ်လှုပ်ရှားဟန်ပြသနေပါလိမ့်မယ်။

READ
အမျိုးသမီးအနေဖြင့်မွေးဖွားလာခဲ့တဲ့ ခန့်ညားတဲ့အမျိုးသားများ

ဘယ်လိုပဲဖြစ်ဖြစ် လိင်တူချစ်သူနဲ့ဂေးတွေကလည်း ခံစားတတ်တဲ့လူသားတွေဖြစ်ပြီး လိင်စိတ်ခံယူမှုကွဲပြားခြင်းကလွဲပြီး သာမန်လူတွေလိုပဲတန်းတူအခွင့်အရေးရှိသင့်တဲ့လူတွေပါပဲ။ဒါ့အပြင် သူတို့ဟာအများအားဖြင့် ထူးခြားပြီး သစ္စာရှိတဲ့ မိတ်ဆွေကောင်းတွေဖြစ်ပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:womanitely.com

SHARE