သရဲတစ္ဆေတွေဟာ တကယ်ရှိလား၊ မရှိဘူးလားဆိုတာကို ကြုံဖူးတဲ့သူတွေကသာ သိကြတာပါ။ ရှိတယ်လို့အတပ်မပြောနိုင်သလို၊ မရှိဘူးလို့လည်း မပြောနိုင်ပါဘူး။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ မိသားစုဓာတ်ပုံရိုက်ရင်းနဲ့ အမှတ်မထင်ပါလာတဲ့ တစ္ဆေတွေရဲ့ပုံရိပ်တွေဖြစ်ပါတယ်။
(၁) မျက်နှာမပါတဲ့ကောင်မလေး
ဒီပုံကတော့ ဟန်ဂေရီမှာနေထိုင်တဲ့ ဇီကသီဆိုတဲ့ အမျိုးသမီးက သူ့မိခင်ရဲ့ ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်ရင်းနဲ့ တွေ့ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၃ ခုနှစ်တုန်းက ဇီကသီရဲ့ အဖေရိုက်ပေးထားခဲ့တာဖြစ်ပါတယ်။ ထူးခြားတာက သူ့မိခင်ရဲ့အနောက်မှာ မျက်နှာနဲ့ လက်တွေမပါတဲ့ ကောင်မလေးတစ်ယောက် ရပ်နေတာကိုတွေ့ရမှာပါ။ အဲဒီ့ကောင်မလေးဟာ သူတို့နဲ့အတူပါလာတာမဟုတ်သလို၊ ဓာတ်ပုံရိုက်တုန်းက အဲ့နားမှာ ဘယ်သူမှမရှိပါဘူး။
(၂) တမလွန်ကလာလည်သူ
ဒီဓာတ်ပုံဟာ ၁၉၄၂ တုန်းက ရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ဂျူဒီက သူ့အဘိုးကို ရိုက်ပေးခဲ့တဲ့ပုံဖြစ်ပါတယ်။ အဲဒီ့ဓာတ်ပုံကိုရိုက်တုန်းက သူ့အဘိုးတစ်ယောက်တည်းကို ရိုက်ခဲ့တာဖြစ်ပြီးပုံထဲမှာ ကွယ်လွန်ခဲ့ပြီးပြီဖြစ်တဲ့ သူ့အဖွားပုံလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
(၃) သစ်ပင်ပေါ်ကအရိပ်
ဒီပုံဟာ ၁၉၄၂ တုန်းကရိုက်ခဲ့တဲ့၊ ညားခါစလင်မယားနှစ်ယောက်ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ ပုခုံးနားမှာ သစ်ပင်ထဲခုန်ထွက်လာပုံရတဲ့ အရိပ်ကြီးက အားလုံးကို စိတ်မချမ်းမသာဖြစ်သွားစေခဲ့ပါတယ်။
(၄) တမလွန်က အဖိုး
ဒီပုံထဲက ကလေးလေးကို သူ့အဖိုးဆုံးပြီး ရက်သတ္တပတ်အကြာမှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ တစ်ရက်တော့ အဲဒီ့ကလေးလေးက သူ့အဖိုးအကြိုက်ဆုံး ထိုင်ခုံပေါ်ကိုတက်ပြီး ဒီဓာတ်ပုံကိုရိုက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဓာတ်ပုံထဲက အရိပ်က သူ့အဖိုးကများ သေရွာကနေလာလည်ပြီး မမြင်လိုက်ရတဲ့ မြေးလေးကို လာချီသွားတာလားဆိုပြီး ထင်ကြေးပေးခဲ့ကြပါတယ်။
(၅) ပြတင်းပေါက်က ကောင်မလေး
ဒီဓာတ်ပုံထဲက ကောင်လေးနှစ်ယောက်ရဲ့နောက်က ပြတင်းပေါက်မှာ ကလေးနှစ်ယောက်ရှိနေတာကို အားလုံးတွေ့မြင်ကြမှာပါ။ ဒီဓာတ်ပုံကိုရိုက်ပေးခဲ့တဲ့ ဓာတ်ပုံဆရာကတော့ ဒီဓာတ်ပုံကိုရိုက်ပေးတုန်းက အနောက်မှာ ဘယ်ဘက်က သကြားလုံးစားနေတဲ့ကောင်မလေးပဲ ရှိတယ်လို့ပြောပါတယ်။ ဒါဆိုရင် ညာဖက်ခြမ်းက ကလေးလေးက ဘယ်သူများလဲ။