လျှပ်တပြတ်ရိုက်ချက်နဲ့ရခဲ့တဲ့ ကံမကောင်းဆုံးဓာတ်ပုံများစုစည်းမှု

ကင်မရာဆရာတွေရဲ့ လက်တစ်ပြတ်ရိုက်ချက်တွေဟာ တစ်ခါတလေမှာ ရယ်စရာကောင်းတဲ့ ဓာတ်ပုံတွေ ရနိုင်သလို၊
တစ်ခါတလေကျတော့လည်း ကြောက်မက်ဖွယ်ရာ ဓာတ်ပုံတွေ ရနိုင်ပါတယ်။ အခု Shwemom ပရိသတ်ကြီးအတွက်
ကင်မရာဆရာတွေရဲ့ ပညာနဲ့ ကံမကောင်းဆုံးဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ချို့ပုံတွေမှာတော့ ကာယကံရှင်က ဘယ်လောက် အခံရခက်မလဲဆိုတာ မသိနိုင်ပေမယ့် … မြင်ရသူဖို့ အူလှိုက်သည်းလှိုက် ရယ်မောမိစေနိုင်ပါတယ်။

(၁) နွားရိုင်းစီးပွဲမှာ … လူကလည်း သူရဲကောင်း ဖြစ်သွားနိုင်သလို … နွားကလည်း … သူ့ရဲ့စွမ်းရည်ကို အပြည့်ပြသခွင့် ရသွားတာမျိုးလည်း ရှိပါတယ်။

(၂) Titanic ဇာတ်ကားကြီးထဲက မိမိသတိတရအရှိဆုံး အပိုင်းကို ပြောပါဆိုရင် သင်္ဘောဦးမှာ မင်းသားနဲ့ မင်းသမီး သ
င်္ဘောဦးကနေ လေပေါ်ပျံနေဟန်ဖြစ်ပါလိမ့်မယ်။ သိပ်ကို ရိုမန်တစ်ဆန်ပါတယ်။ ဒါကို ကိုယ့်ချစ်သူနဲ့ ပျော်ရမလား လုပ်
ကြည့်တဲ့အခါ … မိန်းမနဲ့စိတ်ဆိုးလာတဲ့ ဇင်ယော်အထီးရဲ့ နှောက်ယှက်မှုကိုလည်း သတိထားဖို့ လိုပါတယ်နော။

READ
ဓာတ်ပုံပြင်ရာမှာ ဆရာအကျလွန်ပြီး ကဲ့ရဲ့ချင်စရာဖြစ်သွားကြသူများ

(၃) ဆိုင်ကယ်စီးတဲ့အခါမှာလည်း ဆိုင်ကယ် ရှိုးကောင်းရုံ၊ မောင်းသလောက် ပြေးရုံနဲ့တော့ အဆင်မပြေသေးပါဘူး။
ဆိုင်ကယ်ကြံ့ခိုင်မှုကို စစ်ဆေးဖို့ လိုပါတယ်။

(၄) ခဏလေး … ကျွန်မ ဆင်းစမ်းပါရစေဦးလို့  … ပြောတာကို ဘက်စ်ကားဆရာက မကြားလိုက်တာလား မသိ … ဒီအမျိုးသမီးကတော့ ကြွက်ထောင်ခြောက်မှာ မိတဲ့ ကြွက်ငယ်လေးလို ကွိသွားရှာတယ် … ဒါကလည်း ဖြစ်တတ်ပါတယ်။

(၅) လေညှင်းခံမယ်ဆိုလည်း ပတ်ဝန်းကျင်ကို လေ့လာရတယ် …။ မဟုတ်ရင် … မျက်နှာအလကားသစ်ပေးတဲ့ အောင်
နက်တို့ … ဂုတ်ကျားတို့ရဲ့ ၀န်ဆောင်မှုပေးခြင်းကို ခံရမယ်။

(၆) နောက်ကလူကတော့ ဆုရမရတော့ မသိဘူး … ဒီဓာတ်ပုံဆရာကိုတော့ ဆုပေးသင့်တယ် … တကယ့် ကြံကြံဖန်ဖန်
ဖြစ်လည်း ဖြစ်တတ်တဲ့ပုံကို အရအမိ မှတ်တမ်းတင်ထားနိုင်တာ တော်ရုံစကေးမှ မဟုတ်တာနော်။

READ
သခင့်ဖိနပ်ထဲမှာ အိပ်နေတဲ့ ချစ်စရာကြောင်ကလေးများ

နတ်စည်တော် (Shwemom)

SHARE