WFH သမားတွေအတွက် အသုံးဝင်စေမယ့် ကျန်းမာရေးနည်းလမ်းများ

pexels/Vlada Karpovich

နှစ်သစ်ကိုပြောင်းလာပေမယ့် ကပ်ရောဂါကြီးကတော့ မပြီးသေးပါဘူး။ လော့ဒေါင်းတွေလုပ်ရင်း နေလာခဲ့တာ မကြာခင် တစ်နှစ်တောင်ပြည့်တော့မှာပါ။ အခုအခါမှာတော့ အိမ်မှာပဲနေရင်း အလုပ်လုပ်နေရတဲ့ WFH သမားတွေအတွက် ကျန်းမာရေးအကျိုးပြုနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခန္ဓာကိုယ်သက်တောင့်သက်သာဖြစ်အောင်နေပါ

စိတ်ဖိစီးမှုကြောင့် နာကျင်တာ၊ ကြွက်သားတောင့်တင်းတာတွေမှာ လည်ပင်းဟာ အရေးကြီးတဲ့နေရာဖြစ်ပါတယ်။ အလုပ်လုပ်နေတုန်းမှာလည်း အချိန်သတ်မှတ်ချက်တစ်ခုထားပြီး ပခုံးနားတစ်ဝိုက်က ကြွက်သားတွေကိုပြေလျော့အောင် ပြုလုပ်ပေးပါ။ ထိုင်ခုံမှာ ကိုယ်ခန္ဓာမတ်မတ်ထားထိုင်ပါ။ မော်နီတာရဲ့ထိပ်ဟာ eye level မှာ ရှိနေရမှာဖြစ်ပါတယ်။ ဒီိလိုကျကျနနထိုင်ပြီး အလုပ်လုပ်ရင်တော့ ခေါင်းကိုက်တာ၊ ခါးအထက်ပိုင်းဖိအားများတာတွေကို သက်သာစေပါလိမ့်မယ်။

pexels/Daria Shevtsova

အိပ်ရာပေါ်မှာ အလုပ်မလုပ်ပါနဲ့

Texas Tech University က တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သူ Michael Serra ကတော့ အိပ်ရာပေါ်မှာ အလုပ်မလုပ်ဖို့သတိပေးထားပါတယ်။ အိပ်ရာပေါ်မှာနေရတာ သက်တောင့်သက်သာရှိပေမယ့် ခန္ဓာကို်ယ်အနေအထား မမှန်တာကြောင့် ရေရှည်မှာ ကျန်းမာရေးပြဿနာတွေရှိနိုင်တာကြောင့် ဖြစ်ပါတယ်။ တကယ်လို့ အိပ်ရာပေါ်မှာ အလုပ်လုပ်ချင်တယ်ဆိုရင်တောင် ခါးနောက်မှာ ခေါင်းအုံးအသေးလေးတစ်ခု မှီိခုထားဖို့တိုက်တွန်းထားပါသေးတယ်။

READ
ဂျင်း(ချင်း)ရေပူပူလေး သောက်ခြင်းအကျိုး

ကျန်းမာရေးနဲ့သင့်တော်တဲ့အစားအစာတွေကို လက်လှမ်းမှီရာနေရာမှာထားပါ

အိမ်မှာနေရင်း အလုပ်လုပ်တာဖြစ်တဲ့အတွက် အစားအစာတွေကို ပိုစားမိတာ၊ ဒါမှမဟုတ် မြန်မြန်အလုပ်ပြီးချင်ဇောနဲ့ တမင်မစားဘဲနေတာမျိုးတွေဖြစ်နိုင်တယ်။ ဒီအခါမှာ ကိုယ့်ရှေ့မြင်ရတဲ့ သကြားလုံးတစ်လုံးနှစ်လုံးလောက်ကို စားမိတတ်ကြပါတယ်။ အချိုအနည်းငယ်လောက် စားတာက ပြဿနာမရှိပေမယ့် သကြားတွေ၊ အဆီတွေအများကြီးပါတဲ့ အစားအစာတွေကို ခဏတိုင်း စားမိရင်တော့ ရေရှည်မှာ ကျန်းမာရေးပြဿနာတွေကြုံတွေ့ရပါလိမ့်မယ်။

pexels/Ketut Subiyanto

ခြေဆန့်လက်ဆန့်နေပါ

အိမ်မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်တဲ့အခါ အညောင်းမိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအနေအထားတစ်ခုတည်းမှာ အကြာကြီးနေမိပြီးရင် ကျောနာသက်သာစေဖို့ ၁၀မိနစ်လောက် မှောက်ပြီးနားသင့်ပါတယ်။ ပြီးတော့လည်း လှုပ်လှုပ်ရှားရှားနေခြင်းဟာ ကင်ဆာရောဂါအမျိုးမျိုးနဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ သွေးတိုးခြင်းစတဲ့ ကျန်းမာရေးအန္တရာယ်တွေကို လျော့ပါးစေတဲ့အတွက် အချိန်ကန့်သတ်ပြီး လမ်းထလျှောက်ပေးတာ၊ ခြေဆန့်လက်ဆန့်လုပ်တာမျိုးတွေ ပြုလုပ်သင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ShweMom

SHARE