သေဒဏ်ပေးခံရဖို့များတဲ့ ဗယ်လင်တိုင်းဒေး လူသတ်သမား

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဗယ်လင်တိုင်းဒေးမှာ နီကိုလပ်စ် ခရုဇ်(၁၉ နှစ်)ဟာ တက္ကစီကို စီးပြီး သူ့ကို ထုတ်ပယ်ခဲ့တဲ့ Parkland မှာရှိတဲ့ Marjory Stoneman Douglas အထက်တန်းကျောင်းကို ရောက်လာပါတယ်။ ရောက်ရောက်ချင်းပဲ အိတ်ထဲမှာ အသင့်ပါလာတဲ့ AR-15 ရိုင်ဖယ်သေနတ်နဲ့ မြင်မြင်သမျှကို ပစ်ခတ်ပါတော့တယ်။ ဒီသေနတ်ဟာ ခရုဇ်ကိုယ်တိုင် ၂၀၁၇ ဖေဖော်ဝါရီလက တရားဝင်ဝယ်ယူထားတဲ့ သေနတ်ပါ။ စိတ်ကြိုက်ပစ်ခတ်ပြီးချိန်မှာတော့ ခရုဇ်ဟာ သေနတ်နဲ့ သူရဲ့ကျည်ကာအကျီ င်္တွေကို လွှင့်ပစ်လိုက်ပြီး ထွက်ပြေးနေတဲ့ ကျောင်းသားတွေကြားမှာ ကိုယ်ယောင်ဖျောက်ကာ ကျောင်းဝင်းထဲကနေ ထွက်လာပါတယ်။

AP

အဲဒီနောက် Walmart စတိုးအောက်က  Subway စားသောက်ဆိုင်မှာ အအေးဝင်သောက်ပြီး McDonald ဆိုင်တောင် ထိုင်လိုက်ပါသေးတယ်။ အဲဒီနောက် မှာတော့ အေးအေးသက်သာ လမ်းလျှောက်နေတဲ့ ခရုဇ်ကို ရဲတစ်ယောက်ကတွေ့ပြီး ဖမ်းဆီးလိုက်ပါတယ်။

READ
နှလုံးသားကိုတောင် အရည်ပျော်ကျသွားစေမဲ့ ချစ်စဖွယ်ဓာတ်ပုံလေးများ
Google Maps

ဒီအကြောင်းတွေကိုတော့ အမေရိကန်တစ်နိုင်ငံလုံး အထိတ်တလန့်ဖြစ်ပွားစေခဲ့တဲ့ လူသတ်မှုကြီးကို ကျူးလွန်သူ ခရုဇ်က တရားရုံးမှာ စစ်ဆေးခံနေစဉ် ပြောပြနေတာပါ။ ဒါ့အပြင် တာဝန်ရှိသူတွေကို သူသတ်ခဲ့တဲ့ လူ(၁၇)ယောက်နဲ့ ပတ်သတ်ပြီးတော့လည်း ဟောခန်းလမ်းမပေါ်မှာရှိတဲ့လူတွေကို အရင်ပစ်ကြောင်း ၊ ပြီးမှ စာသင်ခန်းတွေထဲကို တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ ပစ်တာဖြစ်ကြောင်း ရှင်းပြလိုက်ပါသေးတယ်။

Fox News

ဒီလိုဆိုးရွားလှတဲ့ လူသတ်မှုကြီးကို ကျူးလွန်ခဲ့တဲ့ ခရုဇ်ကို ဖလော်ရီဒါတရားရုံးက သေဒဏ်ချမှတ်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။ ဒါပေမယ့် ခရုဇ်ရဲ့ ရှေ့နေ မယ်လီစာမက်နေးလ်ကတော့ အခုလို ကာကွယ်ပြောကြားပြီး ပြစ်ဒဏ်ကို လျော့စေဖို့ ကြိုးစားခဲ့ပါတယ်။ “ခရုဇ်ဟာ သူလုပ်ခဲ့တဲ့ အမှားအတွက်  နောင်တရနေပြီဖြစ်ကြောင်း ၊ သူ့ကိုယ်သူ သတ်မသေစေဖို့အတွက်လည်း စောင့်ကြည့်နေရကြောင်း ၊ သူဟာ ၀မ်းနည်းနေကြောင်း” ပြောကြားခဲ့ပါတယ်။ ဆက်ပြီးတော့လည်း မယ်လီစာက ခရုဇ်ဟာ ဥာဏ်ရည်မမှီတဲ့ရောဂါ ၊ စိတ်ကျရောဂါတွေကို ခံစားနေရသူတစ်ဦးဖြစ်ပြီး အသက်ဆုံးရှုံးခဲ့တဲ့ ကလေးတိုင်းရဲ့ မိဘတွေနဲ့ တွေ့ဆုံဖို့ ကြိုးစားကာ ရှင်းပြသွားဦမယ်လို့လည်း ဆိုပါတယ်။

READ
အစဉ်အလာကို ချိုးဖောက်မိတာကြောင့် အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အင်ဒိုစူလ်တန်
NBC News

ရုံးတင်စစ်ဆေးနေဆဲ ဒီအမှုဟာ အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ ကြာဦးမှာဖြစ်ပေမယ့် အစိုးရရှေ့နေတွေကတော့ ခရုဇ်ကို သေဒဏ်ပေးဖို့အတွက်သာ မျှော်လင့်နေကြောင်း သိရှိရပါတယ်။

ZARNI

SHARE