ပန်းထိုးတဲ့ အတက်ဆိုတာ ကလည်း အနုပညာ တစ်ခုပါ။စိတ်ရှည် လက်ရှည် နဲ့ ဖန်တီးရတာ ဖြစ်ပြီး Idea ကောင်းကောင်းနဲ့ ဖန်တီး မှ ပြောင် မြောက် တဲ့ လက်ရာကို ရတာပါ။ပန်းချီကားတွေလားလို့ တောင် ထင်မှားရတဲ့ ပန်းထိုးလက်ရာတွေ ကြောင့် နာမည်ကြီး နေတဲ့ သူ တစ်ယောက် ရှိပါတယ်။သူမ ရဲ့ နာမည်က တော့ Vera Shimunia ပါ။ခဲခြစ် ဆေးရေး ပုံဖော် ထားတယ်လို့ တောင် ထင်မှတ် ရ ပေမယ့် တက်ယတော့ အပ်၊အရောင် စုံ အပ်ချည် တွေ ကို သုံးပြီး ဒီလက်ရာတွေ ကိုပုံဖော် ထားတာပါ။ဘယ်လောက်ထိ အနုစိတ် ပြီး လက်ရာ ကောင်းလဲ ဆိုရင်တော့ ပန်းထိုး လို့ တောင် မထင် ရ ပဲ ရေး ဆွဲ ထားတဲ့ ပန်းချီ တွေ လို့ တောင် ထင်ရပါတယ်။ဒီအ ကြောင်းကိုတော့ Brightside မှာ ဖော်ပြထားတာပါ။
Vera Shimunia က တော့ သူမ စိတ်ကူးရတဲ့ ပုံတွေကို ပန်းထိုး ပုံဖော်တာပါ။များသော အားဖြင့် က တော့ ရှုခင်း လက်ရာ တွေ များပါတယ်။သူမက တော့ လူငယ် ကုန်သွယ်မှု ဆိုင်ရာ စီးပွားရေး သမား တစ်ယောက်ပါ။အရင် တုန်းက ပန်းထိုးနဲ့ ဆိုင်တဲ့ Worshop တွေ၊ သင်တန်း တွေကို တစ်ခါ မှ မတက် ခဲ့ဖူးပါဘူး။ဒါပေမယ့် အပျော် တမ်း ၀ါသနာပါလို့ ရေးဆွဲတာ မျိုးတွေ တော့ ရှိပေမယ့် Artist တစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ် ချက် မျိုး တော့ သူမမှာ မရှိခဲ့ပါဘူး။ဒါပေမယ့် သူမရဲ့ စိတ်ခံစားချက်တွေကို ချည်တွေ နဲ့ ပုံဖော်ချင် တဲ့ စိတ် ကြောင့် ဒီလို လက်ရာ တွေကို ဖန်တီး ခဲ့ရာ ကေ န အခုလို နာမည်ကြီးသွားခဲ့တာပါ။ဖန်တီးထားတဲ့ ပန်ထိုးလက်ရာတွေ ကိုတော့ အခုထိ နာမည်မ ပေး ရသေးပါဘူး။
တရားဝင် Instagram အကောင့် ဖွင့်ထားပြီး အဲ့ဒီအ ကောင့်မှာတော့ သူမရဲ့ လက်ရာ တွေ အများကြီးကို ဝေမျှ ပေးထားပါတယ်။သဘာဝ ရှုခင်း ပုံ တွေကို ဖန်တီးတဲ့ နေရာမှာ တော့ အသေးစိတ် နေရာ လေးတွေက အစ ဟာကွက် မရှိ ဖန်တီးခဲ့တာပါ။ Vera က တော့ ချည် ကို တောင်မှ ကာလာ အနု အရင့် ၊ချည် အထူ အပါး သေချာ ပုံဖော်ခဲ့တာပါ။သူမ အကြိုက်ဆုံး သဘော အတွေ့ ဆုံးက တော့ ကောင်းကင် ပါ ထည့်သွင်း ဖန်တီး ရတဲ့ လက်ရာ မျိုး လို့ Vera က ပြောပါတယ်။မှုန်မှိုင်းနေတဲ့ ကောင်းကင်၊မီးခိုးမှိုင်းရောင် ဖြစ်နေတဲ့ ကောင်းကင်၊အပြာရောင် ကောင်းကင်..ကောင်းကင်ရဲ့ အ ရောင် တွေ က လူတွေရဲ့ စိတ်ခံစားချက်ကို ဖော်ပြ နေတာ လို့ သူမက ယုံကြည်ထားပါတယ်။
သူမ ဖန်တီးထားတဲ့ လက်ရာတွေ ကလည်း အဲ့ဒီ လက်ရာကို ပုံဖော်နေတဲ့ အချိန်မှာ ဖြစ်ပေါ် နေတဲ့ သူမ ခံစားချက်တွေကို ဖော်ကျူး ထားတာ တွေ ပါ။ပန်းထိုး လက်ရာတွေ နဲ့ ပတ်သက်ပြီး နှိုင်းယှဉ်ကြည့်တာ မျိုးတွေကို မလို လားကြောင်းနဲ့ ကိုယ့်ကိုယ်ကိုပဲ ပြန် နှိုင်းယှဉ် ပါတယ်လို့ ဆိုပါတယ်။Vera ရဲ့ Etsy shop ဆိုတဲ့ etsy.com ကို ဖန်တီးထားပြီး Customer တွေ ဆီ က နေ 5 Stars Rating အထိ ပါ ရထားပါတယ်။သူမရဲ့ IG မှာတော့ Follower (268 K) အထိ ရှိနေပါပြီ။
#SHWEMOM