ပရိသတ်တွေ သဘောကျနေကြတဲ့ G Fatt နဲ့ နန်းဆုတို့ရဲ့ ဗီဒီယိုဖိုင်

အဆိုတော် G Fatt နဲ့နန်းဆုရတီစိုးတို့ချစ်သူနှစ်ယောက်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိနေသူတွေပဲဖြစ်ပါတယ်။ ပရိသတ်ကိုယ်တိုင်ကလည်း လက်ခံသဘောတူထားကြတဲ့ ချစ်သူစုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ယောက်ကတော့ အသက်ကွာပေမယ့်လည်း စနောင်ကျီစယ်နေကြတာ အားကျစရာကောင်းပါတယ်။

G Fatt နဲ့ နန်းဆိုတို့ကတော့ လတ်တလောမှာ ကြော်ငြာတွေ အတူတူရိုက်ကူးနေခဲ့တာပဲဖြစ်ပါတယ်။ နန်းဆုက ဆပ်ပြာကြော်ငြာရိုက်နေတဲ့ Live ကိုလည်း လွှင့်ခဲ့ပြီး G Fatt ကို ပန်းကန်ဆေး သင်ပေးနေရတယ်လို့ စနောက်ခဲ့ပါသေးတယ်။ G Fatt နဲ့နန်းဆုတို့စုံတွဲကတော့ လိုက်ဖက်ညီတဲ့စုံတွဲလေးပဲဖြစ်ပြီး အနုပညာလောကမှာ ကိုယ့်စီအောင်မြင်နေကြသူတွေလည်းဖြစ်ပါတယ်။

အခုမှာလည်း နန်းဆုက သူမရဲ့လူမှုကွန်ရက်ပေါ်မှာ G Fatt နဲ့အတူ ရိုက်ထားတဲ့ ဟာသဗီဒီယိုဖိုင်လေးကို တင်ထားတာတွေ့ရပါတယ်။ ဒီဗီဒီယိုလေးကိုတော့ Tik Tok app နဲ့လုပ်ထားတာဖြစ်ပြီး နန်းဆုက လုပ်ရမယ့်အကွက်မှားသွားလို့ G Fatt က လက်နဲ့ သူမနဖူးကို ချစ်စနိုးပုတ်လိုက်ပါသေးတယ်။ အရမ်းကြည်နူးစရာကောင်းတဲ့ သူတို့ချစ်သူနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်ကိုလည်း ပရိသတ်တွေက သဘောကျနေခဲ့ကြပါတယ်။

READ
Kim Kardashian ဆက်စီကျလွန်းတဲ့အခါ သူ့ကိုထိခိုက်လာစေတယ်ဆိုတဲ့ Kanye West

https://www.facebook.com/khunsanxxi/videos/1063955203753225/

source : Nansu Yati Soe

SHARE