ပျားအုံကြီးတစ်ခုလုံးကို လက်တစ်ဖက်တည်းနဲ့ အေးအေးလူလူ ရွှေ့ပြောင်းခဲ့တဲ့အမျိုးသား

twitter/theoshantonas

ပျားမွေးမြူရေးလုပ်သားတစ်ဦးက ပျားအုံကြီးတစ်ခုလုံးကို လက်တစ်ဘက်တည်းနဲ့ ထူးထူးဆန်းဆန်း ရွှေ့ပြောင်းလာတဲ့ဗီဒီယိုကို unilad သတင်းစာမျက်နှာမှာ တွေ့လိုက်ရပါတယ်။ ကြည့်ရှုသူတွေအဖို့တော့ ထိတ်လန့်စရာဖြစ်ပေမယ့် အဆိုပါ ပျားမွေးမြူရေးလုပ်သားကတော့ သူ့လက်မောင်းတစ်ဝိုက် ပျားတွေပတ်လည်ဝိုင်းနေပေမယ့် အေးအေးလူလူပဲ လမ်းလျှောက်သွားနေခဲ့တာပါ။

Twitter/TheoShantonas

တကယ်တော့ ပျားမွေးမြူရေးလုပ်သားဟာ ပျားအုံကို သေတ္တာထဲ သွားထည့်မှာ ဖြစ်ပါတယ်။ ထူးခြားတာက ပျားတွေဟာ သူ့ကိုဝိုင်းမတုပ်ကြဘဲ သူ့လက်မောင်းတစ်ဝိုက် ပြွတ်သိပ်ခဲပြီး လိုက်ပါလာခဲ့တာပါ။ အဆိုပါ ပျားမွေးမြူရေးလုပ်သားကတော့ သူ့ကိုပျားတွေက သူတို့သခင်မှန်းသိတဲ့အတွက်ကြောင့် မကိုက်ဘူးလို့ဆိုပါတယ်။ ၄င်း ပျားမွေးမြူရေးလုပ်သားဟာ ပျားဘုရင်မကို လက်သီးဆုပ်ထဲထည့်သယ်လာတာဖြစ်ပါတယ်။ သူတို့ ဘုရင်မက လက်သီးဆုပ်ထဲမှာရှိတဲ့အတွက် အခြားလုပ်သားပျားတွေကလည်း ဝန်းရံပြီးလိုက်ပါလာကြတာပါ။

ပျားတွေဟာ ပျားဘုရင်မအသစ်ရတဲ့အခါ၊ အရင်နေတဲ့ ပျားအုံနေရာပျက်စီးသွားတဲ့အခါ ပျားပန်းခတ်ကြပါတယ်။ ဒီအခါမှာ ပျားအုံတစ်ခုလုံးက ပျားတွေဟာ ကြောက်ရွံ့နေကြပေမယ့် ပျားဘုရင်မကိုကာကွယ်ရင်း အိမ်သစ်ရှာရတာမို့လို့ ၄င်းတို့ဟာ ရန်မလိုဘဲ ကျိုးနွံစွာရှိနေပါတယ်။ ပျားဘုရင်မက အသက်အန္တရာယ်ခြိမ်းခြောက်မခံရသရွေ့ ကျန်တဲ့ပျားအုပ်ကြီးဟာ ပျားဘုရင်မနောက်ကိုပဲလိုက်ကြပါတယ်။

READ
ထောင်သားတွေအကုန် တားဆေးစားခဲ့ရတဲ့ သြစတေးလျက အမျိုးသမီးအကျဉ်းထောင်
Twitter/TheoShantonas

ပျားတွေဟာ ပျားမွေးမြူရေးလုပ်သားရဲ့လက်သီးဆုပ်ထဲရောက်နေတဲ့ ပျားဘုရင်မရဲ့အနံ့ကိုသိကြပါတယ်။ တကယ်လို့ ပျားဘုရင်မက သူအန္တရာယ်ရှိတယ်လို့ ခံစားမိရင် အကူအညီတောင်းတဲ့အနံ့တစ်မျိုးကို လွှတ်ထုတ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိအခြေအနေ လက်သီးဆုပ်ထဲမှာနေရတာ လုံခြုံနွေးထွေးတယ်လို့ သူမခံစားမိတဲ့အတွက် ပျားတွေဟာ ပျားမွေးမြူရေးလုပ်သားကို အန္တရာယ်မပြုဘဲ လိုက်လာကြတာဖြစ်တယ်လို့လည်း နားလည်သူတွေပြောစကားအရ သိရပါတယ်။

ShweMom

SHARE