တောက်ပတဲ့အလင်းရောင်ပိုင်ရှင်ကို တိမ်တွေကြားထဲ တွေ့ခဲ့ကြောင်း မျက်မြင်ကြုံသူများက ဆို

အမေရိကန် အလယ်ဘားမားပြည်နယ် တက်စ်ကာလူဆာမြို့မှာ မုန်တိုင်းဖြတ်သန်းစဉ်အတွင်း သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုကြုံခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သူတွေက ဆိုပါတယ်။ ထိုသူတွေရဲ့အဆိုအရ ကောင်းကင်ပြင်မှာ အလင်းရောင်တွေခြံရံထားတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ တိမ်တိုက်တွေကိုဖြတ်ပြီး လမ်းလျှောက်သွားခဲ့တယ်လို့ သိရပါတယ်။

Facebook/ Solo Dolo

ယင်းအဖြစ်ဟာ တက်စ်ကာလူဆာမြို့မုန်တိုင်းကို ဖေ့စ်ဘုတ်လိုက်ဖ် ဗီဒီယိုမှတ်တမ်းတင်နေစဉ်မှာ တွေ့ခဲ့ရတာပါ။ ဗီဒီိယိုထဲမှာ ဆိုလိုဒိုလိုအမည်ရ လူတစ်ဦးက အပြင်မှာရာသီဥတု ဆိုးရွားနေပုံကို ရိုက်ကူးနေရင်း မုန်တိုင်းတိုက်နေတဲ့အကြောင်းနဲ့ လျှပ်စစ်မီးတွေပြတ်တောက်နေတဲ့အကြောင်း ပြောပြနေတဲ့နောက်ခံအသံကို ကြားရမှာပါ။

ဗီဒီယိုကိုကြည့်ကြသူတွေအားလုံးလိုလိုဟာ တိမ်တွေကြားထဲ ဖြတ်သန်းသွားတဲ့ လူပုံသဏ္ဍာန်အရာကို တွေ့မြင်ခဲ့ကြပါတယ်။ ထိုအရာကို တန်ခိုးရှင်တစ်ဦးလို့ လက်မခံသူတွေရှိနေပေမယ့် လက်တွေ့လောကမှာ ကိုယ်ပိုင်ဥာဏ်နဲ့ လိုက်မမှီနိုင်တဲ့အရာတွေကလည်း အများသားမို့ တန်ခိုးရှင်တစ်ဦးဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ဆိုသူတွေလည်း ရှိနေပြန်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ ဆိုရှယ်မီဒီယာပေါ်ရောက်ခဲ့တဲ့ ယင်းဗီဒီယိုကို အကြိမ်ပေါင်း(၁)သန်းကျော်ခန့် ကြည့်ရှုခဲ့ကြကြောင်းသိရပါတယ်။

လင်းလင်း (ShweMom)

READ
နွေရာသီရဲ့ နတ်မိမယ်လေးတွေအလား လှသွေးကြွယ်နေတဲ့ သဇင်ထူးမြင့်နဲ့ နန်းရွှေရည်

Ref: Dailymail

SHARE