Virgo (ကန်ရာသီဖွား)တွေရဲ့ ဧပြီလ ကံကြမ္မာ ဟောစတမ်း

သြဂုတ်လ (၂၃)မှ စက်တင်ဘာ(၂၂)ရက်နေ့အကြား မွေးသူတွေကို virgo (ကန်ရာသီဖွား)လို့ သတ်မှတ်ကြပါတယ်။(၂၀)ရက်နေ့အထိကတော့ ကသုတ် ကရိုက်၊အူးယားဖားယားဖြစ်နေရမှာပါ။အဲ့ဒါတွေပြီးရင်တော့ အားလုံး ပုံမှန်ပြ န်ဖြစ်သွားမှာပါ။ဧပြီမှာတော့ ဘာသာရေး၊ကုသိုလ်ရေးနဲ့ပတ်သက်ပြီး အကျိုး ထူးမယ့်လပါ။လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ပါ။ပညာရေးနဲ့ပတ်သက်ပြီး အပြောင်းအလဲကြီးတွေ ကြုံရမယ့်လပါ။

အလုပ်အကိုင် – ဒီလမှာတော့ အလုပ်အကိုင်အရမ်းကောင်းပါတယ်။ လုပ်ငန်း ခွင်မှာ အဓိကအရေးကြီးတဲ့ နေရာကနေ ပါဝင်ရတာမျိုးနဲ့ ကြုံရတတ်ပါ တယ် ။ ကိုယ်နဲ့တကယ်လက်တွဲလုပ်လို့ ကောင်းတဲ့ အဆင်ပြေတဲ့ သူမျိုးနဲ့ ကြုံပြီး လုပ်ငန်းဆောင်ရွက်မှုတွေ အဆင်ပြေလွယ်ကူချောမွေ့နေပါလိမ့်မယ်။

ငွေရေးကြေးရေး – အကြွေးတွေကို ရှင်းနိုင်မယ့် အခွင့်အရေးတွေ ရလာမ ယ့်လပါ။တစ်ယောက်ယောက်ကနေ ငွေရေးကြေးရေး အကူအညီပေးမှုနဲ့ အရင်တင်နေခဲ့တဲ့ အကြွေးဟောင်းတွေကို ဖြေရှင်းနိုင်တဲ့ အခွင့်အရေးမျိုး နဲ့ ကြုံရပါလိမ့်မယ်။သူများကို ကူညီပေးတဲ့ ကိုယ့်ရဲ့ စေတနာနဲ့ ကူညီပေးမှုတွေက တန်ပြန်အကျိုးခံစားရတာမျိုးနဲ့ ကြုံရပါလိမ့်မယ်။ပိုက်ဆံကို မကုန်သင့်တဲ့ နေရာမျိုးမှာ သုံးစွဲချင်တဲ့ စိတ်ကိုတော့ သတိထား ဆင်ခြင်ပါ။

READ
မိန်ရာသီဖွား(Pisces)ကောင်လေးကိုကြိုက်မိနေရင် သိထားသင့်တဲ့အချက်များ

အချစ်ရေး၊မေတ္တာရေး – လကုန်ပိုင်းလောက်မှာတော့ မေတ္တာရေးနဲ့ ပတ် သက်ပြီး ကံကောင်းခြင်းတွေ ရောက်လာတာနဲ့ ကြုံရပါလိမ့်မယ်။ single သမားတွေအဖို့ ခရီးသွားရင်း၊ပညာရေးကိစ္စနဲ့သွားရင်းလာရင်း အချစ်နဲ့ ဆုံဆည်းတာမျိုး ကြုံရတတ်ပါတယ်။အိမ်ထောင်ရှင် တွေဆိုရင်တော့ ကိုယ်ဝန် သတင်းကြားရတတ်ပါတယ်။

ကျန်းမာရေး – ကျန်းမာရေးနဲ့သင့်တင့်လျောက်ပတ်စွာ စားသုံးမှု၊ခန္ဓာကိုယ်ထဲ ကနေ အဆိပ်အတောက်တွေကို ဖယ်ရှားတာ(ခြေထောက်ကနေ အဆိပ် ထုတ်တာ.မျိုး)အဲ့ဒီလိုတွေ လုပ်ပေးရင် ကျန်းမာရေးအတွက် အကျိုးကျေး ဇူးကြီးကြီးမားမား ခံစားရပါလိမ့်မယ်။ခြုံပြောရရင်တော့ ဒီလဟာ စန်းအ ရမ်းကောင်းနေ၊စန်းပွင့်နေတဲ့ လဖြစ်သလို၊ဘာသာရေးနဲ့ပတ်သက်ပြီး  ပါရမီ အားကောင်းနေတဲ့လဖြစ်လို့ ဘုရားတရားကို ပိုလုပ်ပေးပါ။

Ref;sunsigns

SHARE