အက်စစ်ဓားစာခံအမျိုးသမီးရဲ့မင်္ဂလာပွဲမှာ အိမ်တစ်လုံးလက်ဖွဲ့တဲ့ သရုပ်ဆောင် Vivek

အိန္ဒိယဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ ကျော်ကြားသူများစာရင်းမှာ ပါဝင်တဲ့ မင်သားကြီး Vivek Oberoi ဟာ အက်စစ်နဲ့အ
တိုက်ခိုက်ခံရတဲ့ Lalita Benbansi နဲ့ သူမရဲ့ချစ်သူတို့ရဲ့ မင်္ဂလာပွဲကိုတက်ရောက်ခဲ့ပြီး နေထိုင်ဖို့ အိမ်တစ်လုံး လက်ဖွဲ့ခဲ့ပါ တယ်။ Lalita ဟာ အက်စစ်နဲ့ပတ်ခံရလို့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပေမယ့်၊ မတော်တဆဖုန်းမှားဆက်ရင်း Rahul Kumar နဲ့ ဖူးစာဆုံခဲ့ရပါတယ်။

ဒီမတိုင်ခင်ကတည်းက Vivek ဟာ Lalita ရဲ့ ခွဲစိတ်မှုတွေကို ကူညီပေးနေသူဖြစ်ပြီး၊ နောက်လည်း ဆက်လက် ကူးညီ ပေးနေမယ့်အကြောင်း ကတိပေးခဲ့ဖူးပါတယ်။ Lalita ဟာ လက်ရှိအချိန်ထိ ခွဲစိတ်မှု 17 ကြိမ် ပြုလုပ်ထားရပါတယ်။ သူမကို တူအရင်းဖြစ်သူက မိသားစုချင်း ဖြစ်တဲ့ ပြဿနာတစ်ခုမှာ အညှိုးထားပြီး အက်စစ်နဲ့ ပတ်ခဲ့တာပါ။

Vivek ကို အိန္ဒိယပြည်သူတွေက သူတို့နိုင်ငံမှာ အကြင်နာတရားအရှိဆုံး သရုပ်ဆောင်အဖြစ် သတ်မှတ်ထားပါတယ်။ အခုလည်း သူဟာ Lalita တို့ မင်္ဂလာပွဲကို ကိုယ်တိုင်တက်ရောက် ချီးမြှင့်ခဲ့သလို၊ တန်ဖိုးကြီးအိမ်တစ်လုံး လက်ဆောင်  ပေးခဲ့ပါတယ်။ ဒီလိုကိစ္စရပ်မျိုးဟာ ဆွေမျိုးအရင်းချင်းတောင်မှ ရှိခဲတဲ့ ကိစ္စရပ်တစ်ခုပါ။

READ
ကျောပေးထားတဲ့ ကလေးငယ်ကို အပီအပြင် အလစ်ချောင်းပြီး ခုန်အုပ်ခဲ့တဲ့ ခြင်္သေ့မကြီး

Vivek ဟာ ပရိဟိတလုပ်ငန်းတွေကို စိတ်ရင်းစေတနာနဲ့ အိပ်စိုက်လုပ်လေ့ရှိလို့ နာမည်အလွန်ကျော်ကြားသူ ဖြစ်ပါတယ်။ မကြာသေးခင်ကမှာ သူဟာ Sukma တိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ Central Reserve Police Force (CRPF) မှာ အာဇာနည်ရဲအရာရှိတွေရဲ့ မိသားစုတွေ နေထိုင်ဖို့ 25 ထပ်ပါ အဆောက်ဦးတစ်လုံးကို အစိုးရဆီ လွှဲပြောင်းလှူဒါန်းခဲ့ ပါသေးတယ်။

သတင်းတွေမှာတော့ Vivek နဲ့ သနားစရာ Lalita တို့ဟာ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက တွေ့ဆုံခဲ့ကြတာဖြစ်ကြောင်း၊ နောက် သူမရဲ့ နေမှုထိုင်မှုတွေကို စုံစမ်းစေခဲ့ကြောင်း၊ နေစရာအိမ် ကောင်းကောင်းမရှိကြောင်းနဲ့ ခွဲစိတ်ဖို့အတွက် လည်း ငွေတွေလိုအပ်နေကြောင်း သိရှိခဲ့ရပါတယ်။

ယင်းနောက် ထပ်မံတွေ့ဆုံကြပြီး၊ ခွဲစိတ်မှုတွေအတွက် မင်းသား Vivek က သူရဲ့ဖောင်ဒေးရှင်းက တာဝန်ယူကြောင်း၊ အိမ်လည်း ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။ အခုဆိုရင် မင်းသား Vivek ဟာ သရုပ်ဆောင်ပညာမှာ အခြား နာမည်ကျော်တွေထက် သာလွန်မှုမရှိပေမယ့် သူရဲ့ ပရဟိတစိတ်ဓာတ်ကြောင့် အိန္ဒိယနိုင်ငံရဲ့ အချစ်တော်ကြီးဖြစ်နေပါပြီ။

READ
နွေရာသီအပူချိန်လွန်ကဲမှုကြောင့် အသက်အန္တရာယ်ပါ စိုးရိမ်နေရတဲ့ ဖိလစ်ပိုင်မြို့တစ်မြို့

နတ်စည်တော် (Shwemom)

source : indiatimes.com

SHARE