Cocoa Motor ကုမ္ပဏီဟာ Walkcar လျှပ်စစ်စကူတာတွေကို တီထွင်လိုက်ပြီဖြစ်ပြီး မကြာခင် ကမ္ဘာ့အနှံ့ရနိုင်တော့မယ်လို့ ကြေညာခဲ့တာကို electrek အွန်လိုင်းစာမျက်နှာအရ သိရပါတယ်။ Walkcar စကူတာဟာ သေးသွယ်ကျစ်လစ်တဲ့ လက်ပ်တော့အရွယ်အစားလောက်ပဲရှိပါတယ်။ မျက်နှာပြင်ငြိမ်စေဖို့ စကူတာမှာ ဘီးလေးဘီးပါဝင်ပါတယ်။

စကူတာတစ်ခုလုံးကို လက်ကိုင်အိတ် ကျောပိုးအိတ်တွေထဲထည့်သယ်ယူနိုင်တဲ့အထိ အရွယ်အစားသေးပါတယ်။ စကူတာရဲ့ ရှေ့ဘက် ဘီးနှစ်လုံးကတော့ ပဲ့ထိန်းဖို့အတွက်ပါ။ သူ့မှာ အားသွင်းဖို့ပလတ်ပေါက်လည်း ပါဝင်ပါတယ်။

နောက်ဘက်ဘီးနှစ်လုံးကတော့ စီးနင်းသူက ကိုယ်အလေးချိန်နဲ့ညွတ်လိုက်တဲ့အခါ ဘီးနှစ်ခုလုံးဟာ ဆုံလည်လိုမျိုးအလုပ်လုပ်ပါတယ်။ အရှိန်ထိန်းတာ၊ ဘရိတ်ဖမ်းတာတွေကိုတော့ အရှေ့အနောက်ယိုင်တာကို သိနိုင်တဲ့ sensor ပါဝင်ပါတယ်။

အထက်ပါအချက်တွေကိုကြည့်ပြီး နည်းနည်းတော့ထူးခြားတယ်ထင်ရပေမယ့် Walkcar ဟာ ကိုင်တွယ်ဖို့ ထင်သလောက်မခက်ပါဘူး။ အောက်ဘက်မှာတော့ စကူတာရဲ့ အလုပ်လုပ်ပုံဗီဒီယိုကိုပြပေးထားပါတယ်။
စကူတာမှာ Sport နဲ့ Eco ဆိုပြီး mode နှစ်မျိုးပါဝင်ပါတယ်။ ၁နာရီကို ၁၆ ကီလိုမီတာ (၁၀မိုင်နှုန်း) နဲ့ ၁နာရီကို ၁၀ကီလိုမီတာ (၆မိုင်နှုန်း) အသီးသီးသွားနိုင်ပါတယ်။ အရမ်းမြန်အောင်တော့ မောင်းလို့မရပါဘူး။ Walk assist mode ဆိုတာလည်း ရှိပါသေးတယ်။ အဲ့ဒါတော့ ၁နာရီ ၆ကီလိုမီတာ (၃.၇မိုင်နှုန်း) သွားနိုင်ပါတယ်။ စကူတာကို အလွယ်တကူလှုပ်ရှားသွားလာနိုင်အောင် ပြုလုပ်ထားတာပါ။ ဘက်ထရီကလည်း သိပ်မကြီးလှပါဘူး။ ၁နာရီ ၆၈ဝပ် အားကုန်ပါတယ်။ ကျောင်းသွားကျောင်းပြန်၊ ဈေးဝယ်၊ အလုပ်သွားစတဲ့ ပေါ့ပေါ့ပါးပါး ခရီးတွေအတွက်တော့ ဒီစကူတာက အဆင်ပြေပါတယ်။ Walkcar စကူတာဈေးနှုန်းကတော့ ဒေါ်လာ ၁,၉၈၀ ခန့်ရှိကြောင်း သိရပါတယ်။

ShweMom