မျက်လှည့်ပြကွက်တစ်ခုကြောင့် ခွက်ထိုးခွက်လန်ရယ်ခဲ့တဲ့ မျောက်ဝံ

သင်က အရမ်းရယ်ဖို့ကောင်းတဲ့ ဟာသတွေ ပြောနေပေမဲ့ နားထောင်နေတဲ့ လူတွေက မရယ်ကြတာမျိုးကြုံဖူးသလား။သင်က ရယ်ဖို့ကောင်းတာ တစ်ခုခု လုပ်ပြလိုက်ပေမဲ့လည်း ကြည့်နေတဲ့ လူတွေက ဘယ်လိုမှ မရယ်ကြလို့ သင့်အနေနဲ့ အောင့်သက်သက် ဖြစ်ဖူးပါသလား။ဒီလိုအဖြစ်မျိုးသင်ကြုံဖူးတယ်ဆိုရင်တော့ စပိန်၊ဘာစီလိုနာ တိရစ္ဆာန်ရုံက မျောက်ဝံတွေကို သင်ရယ်ဖို့ကောင်းတာ တစ်ခုခုသွားလုပ်ပြတာ ကမှ ပိုကောင်းဦးမှာပါ။အခု ဗီဒီယိုလေးထဲမှာတော့ လူတစ်ယောက်က မျက်လှည့်ပြကွက်တစ်ခု လုပ်ပြလို့ ခွက်ထိုးခွက်လန် ရယ်သွားတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Shwemom

Ref : Time

SHARE