ကြင်စဦးကာလမှာ ကြုံရတဲ့ Honeymoon Blues ကို ဘယ်လို ကျော်ဖြတ်ကြမလဲ.?

Image:freepik.com/look-studio

ဇာတ်ကားတွေထဲမှာဆိုရင်တော့ အိမ်ထောင်ပြု လက်ထပ်ပြီးရင် ပျော်ရွှင် စွာ ဇာတ်သိမ်းကြ လေ သတည်းဆိုပြီး စာတန်း ထိုး ရင် ထိုး နိုင် ပေမယ့် တကယ့် လက်တွေ့ ကတော့ အဲ့လို မဟုတ်ပါဘူး။လက်ထပ်လိုက်တာ ချစ်သူဘ၀ ရဲ့ ပျော်စရာ အဆုံး သတ် ဖြစ် နိုင် ပေမယ့် အိမ်ထောင်သည် ဘ၀ခရီးအတွက် က တော့ ခက်ခဲမှုတွေက အဲ့မှာ စတာပါ။ဘယ်လောက်ကြီးပဲ ချစ်ပြီး လက်ထပ် ထားပါ စေ. အိမ်ထောင်သည်ဘ၀ ရဲ့ ပထမ နှစ်နှစ်က တော့ အခက်အခဲ တွေ အများကြီး ရှိပါတယ်။အဲ့ နှစ်နှစ် ဆိုတဲ့ အချိန်က အိမ် ထောင် သည် life ရဲ့ အခက်အခဲ ဆုံး အချိန် ပါ။အဲ့ဒီ နှစ်နှစ်ဆိုတဲ့ အချိန်က ထာဝရ ပျော်ရွှင် ရတဲ့ အိမ်ထောင်ရေး ဖြစ်မလား၊ လမ်း ခွဲ ရမလား ဆိုတာကို အဆုံးအဖြတ် ပေးတဲ့ ကာလ လို့ တောင် ပြောလို့ရပါတယ်။ဒီအ ကြောင်းကိုတော့ verywellmind မှာ ဖော်ပြ ချက်ကို ပြန်လည် ကိုးကားပြီး ဝေမျှ ထားတာပါ။

Image:freepik.com/freepik

University of Texas က Dr. Ted Huston က ဒီအ ကြောင်းနဲ့ ပတ်သက်ပြီး လေ့လာ တွေ့ရှိချက် တွေနဲ့ သေချာ လေး ရှင်းပြ ခဲ့ပါ တယ်။လေ့လာမှု စုံတွဲ ၁၅၆ တွဲကို လေ့လာမှု လုပ်ခဲ့ပါတယ်။နောက် ၁၃ နှစ် အကြာမှာတော့ အဲ့ဒီအတွဲထဲမှာ ၃၂ တွဲက အိမ်ထောင်ရေးမှာ မပျော်ရွှင်၊၅၆ တွဲက ကွာရှင်း၊၆၈ တွဲက ပျော်ရွှင်တဲ့ အိမ် ထောင် ရေး ကို ရခဲ့ပါတယ်။ကွာရှင်းတဲ့ ၅၆ တွဲကို လေ့လာတဲ့ အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်သည် life ပထမ နှစ်နှစ် က တော်တော် လေး အဆင်မ ပြေ ဖြစ် ခဲ့ပါတယ်။အဲ့ဒီတုန်းက မကောင်းတဲ့ အဖုအထစ် တွေ ကြောင့် အိမ်ထောင်ရေး အဆင်မပြေ မှုတွေ ဖြစ်ခဲ့ ရပါတယ်။ပျော်ရွှင် နေတဲ့ စုံ တွဲ တွေ ကို လေ့လာ တဲ့ အခါမှာတော့ သူတို့ စ လက်ထပ်တဲ့ ကာလမှာတည်းက ကို တစ်ယောက် နဲ့ တစ်ယောက် ပျော်ရွှင်မှု တွေ ပေး နိုင် ခဲ့ တာကို တွေ့ ခဲ့ရပါတယ်။

READ
အိမ်ထောင်ရေးမပြိုကွဲဖို့ သိထားသင့်တဲ့အချက်များ
Image:freepik.com/look-studio

အိမ်ထောင်မပြု ဖူးတဲ့ လူတော်တော်များများက တော့ အိမ်ထောင်စ ကျ ခါ စမှာ အရမ်းတွေ ပျော်နေရမယ်လို့ ထင် ကောင်း ထင် နိုင် ပါတယ်။ဒါပေမယ့် ဒါက ရာနှုန်း ပြည့်တော့ မမှန် ပါဘူး။ပျော်တဲ့ အတွဲတွေ ရှိ ပေမယ့် စုံတွဲ တော်တော် များများက Honeymoon Blues ဆိုတာကို ခံစားရ ကြပါတယ်။လက်ထပ်ပွဲကြီးကိုတော့ ပျော်ပျော်ပါးပါး ရင်ခုန် စိတ်လှုပ်ရှားမှု အပြည့် တွေ နဲ့ ကျင်းပလ ည်း ပြီး ရော စိတ်က မပျော်ရွှင်ေ တာ့ တာ၊ပျင်းလာတာ၊စိတ်ဓါတ်ကျ သလို ခံစားလာရတာ မျိုးပါ။ပါးစပ်က သာ ထုတ် မပြောေ ပမယ့် ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ဒါမျိုးကို အနည်းနဲ့ အများ ခံစားဖူး မှာပါ။ဒါက စိုးရိမ်စရာ လားဆို တော့ လည်း မဟုတ်ပါဘူး။ဒီလို ခံစားရတယ်ဆိုတာ ပုံမှန် ပါ။ဘာနဲ့ တူလည်း ဆိုတော့ မြင်သာအောင် ပြောရရင် အားလပ်ရက် ပြီးလို့ ရုံး ပြန် တက်ရရင် ခံစားရတဲ့ စိတ် ခံစားမှု လို မျိုးပါ။ဒါပေမယ့် ဒီတိုင်းကြီး လွှတ်မထားပဲ ကုစား ကျော်ဖြတ် ပေးဖို့ တော့ လိုပါတယ်။

READ
ရုပ်ရည်ချို့တဲ့မှုကို လျစ်လျူရှုကာ အချစ်စစ်နဲ့ လက်တွဲတွေမြဲနေတဲ့ စုံတွဲ
Image:freepik.com/marymarkevich

ပျော်စရာ ကောင်းတဲ့ ကြင်စဦး ကာ လ ဖြစ်ဖို့ အတွက် နှစ်အကြာကြီး လက်တွဲ ခိုင်မြဲ နေတဲ့ အိမ်ထောင်သည်တွေ ဆီက နေ အကြံဥာဏ် ယူပါ။အိမ် ထောင် ကျ ခါစ ကာလက တော့ ခက်ခဲ မယ်ဆို ပေမယ့် လည်း တစ်ယောက်နဲ့ တစ်ယောက် တကယ်ပဲ ချစ်လို့ လက်ထပ်ခဲ့ ကြတယ် ဆိုတဲ့ အချက်ကို အမြဲ အမှတ်ရ နေပါ။ပျော်ရွှင် တဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ အတွက် အခြေခံ အုတ်မြစ် တစ်ခုကို ဖန်တီး နေကြတယ်ဆိုတဲ့ အချက်ကို လည်း ဘယ် တော့ မှ မမေ့ပါနဲ့။ ချစ်သူဘ၀ တုန်းကလိုပဲ ပျော်စရာ တွေ အတူတူ ဖန်တီး ပါ။အတူတူ ရယ်မော နိုင်တဲ့ ကိစ္စ မျိုးတွေ .ဥပမာ- အတူတူ ဇာတ်ကားကြည့်တာ မျိုးတွေ လုပ်ပါ။အိမ်ထောင် သည်ဘ၀ မှာလည်း နေ့ တိုင်း မဟုတ်ရင်တောင်မှ တစ်ယောက်နဲ့ တစ်ယောက် ချစ်တဲ့ အကြောင်းတွေကို မကြာခဏ ပြော ပေးပါ။ နှစ်ယောက် တည်း အတူတူ ခရီးထွက်တာ၊နှစ်ယောက် တည်း အတူရှိ နေ တဲ့ အချိန် လေး တွေကို ဖန်တီးပေးပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေး တစ်ခု ကို တည်ဆောက် နိုင်အောင် ကြိုးစားေ နထိုင် ကြဖို့ အကြံပြု ပါ ရစေ။

Image:freepik.com/look-studio

#SHWEMOM

SHARE