သမီးလား၊အမေလား ခွဲရခက်လောက်အောင် နုပျိုနေသူများ

သမီးတွေနဲ့အတူသွားတိုင်း ညီအစ်မတွေလားလို့ အမြဲအထင်ခံ အမေး ခံရလောက် အထိ နုပျိုနေကြတဲ့ အမျိုးသမီးကြီးတွေရှိပါတယ်။နုပျို လွန်းတဲ့ အမျိုးသမီးကြီးတွေဟာ သမီးနဲ့အတူစကားပြောဆိုတဲ့ အချိန် နဲ့ကျောင်းမှာ မိဘဆရာတွေ့ဆုံပွဲတွေမှာဆိုရင်သမီးရဲ့ အမျိုးသား သူ ငယ်ချင်းတွေက အမေမှန်းမသိပဲ ဆိုင်ထိုင်ဖို့ ဖိတ်ခေါ်ရတဲ့အထိ ဖြစ် ခဲ့ပါတယ်။

(1)Kim and Alex(

အ၀ါရောင် ၀တ်ထားတဲ့ Kim Barker ရဲ့အသက်ကတော့ (၄၅)နှစ်ြ ဖစ်ပြီး၊သမီးဖြစ်သူ  Alex ရဲ့ အသက်ကတော့ (၂၄)ပါ။သူတို့သားအမိ ဟာ အင်္ဂလန်၊ Tamw orth မြို့ကပါ။အသက်(၂၀)ကျော်လောက် ကွာပေမယ့် မကြာခဏ ဆိုသလို ညီအစ်မလားလို့ အမေးခံခဲ့ရပါ တယ်။အရွယ်တင်လွန်းတဲ့ Kim ဟာ မြေး(၃)ယောက်ရဲ့ အဖွားပါ။နု ပျိုနေရတဲ့ လျှို့ဝှက်ချက် ကတော့ ရေများများသောက်ကြောင်း၊ကေ လးတွေသုံးတဲ့ အသားအရေ အလှ ဆီတွေကို သုံးကြောင်းအသား အရေကို အမြဲသန့်ရှင်းပြီး အစို ဓါတ်အမြဲထိန်းတယ်လို့ ပြောခဲ့ပါတယ်။

READ
အမျိုးသမီးများရေချိုးပြီးရင် လုပ်သင့်တဲ့အရေးကြီးဆုံးအရာ

(2)Beki and Courtney

အပြာဝတ်ထားတဲ့ မိခင်ဖြစ်သူ Beki ရဲ့အသက်က(၃၆)၊သမီးဖြစ်သူ  Courtney Richards ကတော့အသက်(၁၈)ပါ။အသက်အရွယ်က ထက်ဝက်ေ လာက် ကွာနေတာတောင်မှ အမေနဲ့သမီးကို ညီအစ်မ လားလို့အမြဲ အထင်မှားခံခဲ့ရပါတယ်။သမီးနဲ့အပြိုင် တက်တူးတောင် ထိုးထားပါ တယ်။သူမခုလိုနုပျိုနေရတာဟာ အလှကုန်ပစ္စည်းေ တွေ ကြာင့် မဟု တ်ကြောင်း သူမမှာ creams တစ်ခုတောင်မှ မရှိ ဘူး လို့ဆိုပါတယ်။ညဖက်တွေမှာ မိတ်ကပ်ဖျက်ပြီးမှ အိပ်ဖို့ သမီးဖြစ် သူ ကပြောပေမယ့် တစ်ခါမှာ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။အသားအရေ ထိန်းသိမ်းတာမျိုး မလုပ်ပဲ သမီးနဲ့အပြိုင်နုပျိုနေတဲ့ Richards အတွက် ကတော့ ဘုရားကပေးတဲ့ နုပျိုခြင်းလို့ပဲ ပြောရမှာပါ။

(3)Karen and Micca

READ
ပုရိသတွေကို တစ်မျိုးစွဲလမ်းစေမယ့် မိန်းမသားတို့၏ ပင်ကိုယ်အရည်အချင်းများ

အပြာရောင်ဝတ်ထားတဲ့ သမီးဖြစ်သူ Micca က အသက်(၂၄)နှ စ်ပါ။ မိခင်ဖြစ်သူ Karen Brown ကတော့ အသက်(၄၅)နှစ်ပါ။သားအမိနှ စ်ယောက်ဟာ ရုပ်ခြင်းဆင်ရုံသာမက အတိုင်ပင်ခံ အကြံပေးဆွေးနွေး တဲ့ အလုပ်ကိုပါ အတူတူလုပ်နေကြတာပါ။သမီးဖြစ်သူငယ်င ယ်တည်း က အတူသွားတိုင်း ညီအစ်မ အထင်ခံလာခဲ့ရတာ အခုထိပါ။မိခင်ဖြစ် သူဟာ သူမထက်တောင် ဖက်ရှင်ကျပြီး ၀တ်တတ်စားတတ် သူဖြစ်ေ ကြာင်း၊သူမအသက်ကြီးလာရင် သူ့အမေလို နုပျိုတဲ့ အမျိုးသမီးတစ်ေ ယာက် ဖြစ်ချင်တယ်လို့ Micca  ကပြောပါတယ်။

Ref;thesun

SHARE