FA တွေ ထိုင်ငိုပြီး အားကျနေရအောင် အွန်လိုင်းမှာတွေ့ပြီး ရွှေလက်တွဲသွားတဲ့ စုံတွဲ

Twitter- @HitmanCricket

အွန်လိုင်းမှာတွေ့ပြီးတော့ လက်ထပ်သွားကြတယ်ဆိုတဲ့ အချစ်ဇာတ်လမ်းတွေဟာ တော်တော်လေးကို ရှားနေပါသေးတယ်။ အားလုံးသိကြတဲအတိုင်း နှစ်နဲ့ချီပြီး သိလာတဲ့လူတွေတောင် ချစ်သူဖြစ်ရင် ပြတ်နေကြတဲ့ခေတ်၊ စုံတွဲဆိုရင် ၁ နှစ်ခံဖို့တောင် မသေချာတဲ့ ခေတ်ကြီးထဲမှာ ဒီစုံတွဲရဲ့ ဖူးစာကံကတော့ အံ့မခမ်းပါပဲ။

လတ်တလော India ရဲ့ Twitter အသုံးပြုသူတွေကြားထဲမှာ ခေတ်စားနေတဲ့ စုံတွဲတစ်တွဲရှိနေပါတယ်။

နောက်ပိုင်း comment တွေ အပြန်လှန်ရေးရင်းနဲ့ စကားတွေလည်း ပြောဖြစ်လာကာ သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ နောက်တော့ ဖုန်းတွေလည်းပြောဖြစ်ရင်း အပြင်မှာဆုံခဲ့ကြပါတယ်။ နောက်တော့ သံယောဇဉ်တွေတိုးတာရင်း နှစ်ယောက်သား ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ အခုဆိုရင် Sana နဲ့ Sameer တို့ဟာ လက်တောင်ထပ်လိုက်ခဲ့ကြပါပြီ။ မင်္ဂလာဆောင်ပုံလေးတွေ တင်ရင်းနဲ့မှ သူတို့နှစ်ယောက်ရဲ့ Twitter မှာ ဆုံခဲ့ကြတဲ့ဇာတ်လမ်းလေးကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။

#WeMetOnTwitter ဆိုပြီးတော့ caption လေးတွေနဲ့ ပုံလေးတွေ ပိုစ့်လေးတွေ တင်နေခဲ့တဲ့ စုံတွဲလေးဟာ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံခဲ့ပုံကစလို့ အခုလက်ရှိသူတို့ရဲ့ အခြေအနေထိကို ဓာတ်ပုံလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ခဲ့ရာမှတစ်ဆင့် မထင်မှတ်ထားဘဲ လူတွေရဲ့အာရုံစူးစိုက်မှုတွေကို ခံလိုက်ရတာပဲဖြစ်ပါတယ်။

READ
ခရီးသွားတွေကို တုန်လှုပ်ခြောက်ခြားသွားစေတဲ့ တရုတ်ပြည်က မှန်လျှောက်လမ်း

Sana Shariff Hai နဲ့ Sameer Allana တို့နှစ်ယောက်ဟာ Twitter မှာ Sana တစ်ယောက် Eid ပွဲတော်အတွက် ဆုတောင်းထားတဲ့ ပိုစ့်အောက်မှာ Sameer က ဝင် comment ပေးရင်းနဲ့ ဆုံခဲ့ကြတာပါ။

သူတို့နှစ်ယောက်ရဲ့ တက်တက်လာတဲ့ ပိုစ့်တွေကိုကြည့်ပြီး FA တစ်သိုက်ကတော့ သိပ်ကိုဝမ်းနည်းနေခဲ့ကြပါတယ်။ သူတို့မှာတော့ နှစ်ပေါင်းများစွာ Twitter သုံးတာတောင်မှပဲ ရည်းစားမပြောနဲ့ စကားပြောဖို့တောင် ရှာမရဘူးဆိုပြီး ပြောလာခဲ့တာပါ။ အွန်လိုင်းပေါ်မှာတော့ Sana နဲ့ Sameer တို့ရဲ့ ပိုစ့်တွေကိုကြည့်ပြီး ထိုင်ငိုနေကြသတဲ့။

penny

SHARE