ဒီတစ်ပတ်အားလပ်ရက်မှာချက်စားဖို့ Shwemomမှဟင်းလျှာအညွှန်း

လာမည့် ရုံးပိတ်ရက်မှာ အိမ်ရှင်မကို ဘာဟင်းချက်ခိုင်းရ ကောင်းမလဲ စဉ်းစားနေတဲ့သူတွေအတွက် Weekend အတွက် သင့်တော်တဲ့ ဟင်းလျှာလေးတွေကို Shwemom က တင်ဆက်ပေးလိုက်ပါတယ်။ ရန်ကုန်နဲ့နီးစပ်တဲ့ နယ်နိမိတ်အတွင်းမှာတော့ မိုးအေးအေးလေးနဲ့မို့ အားရက်မှာ စားပြီး မှိန်းနေလို့ ကောင်းမယ့် ၀က်သားအချိုချက်လေးကို မျှဝေလိုက်ပါတယ်။

လိုအပ်သောအမယ်များ-

ဝက်သားသုံးထပ်သား- သုံးဆယ်သား၊

ကြက်သွန်နီ – သုံးလုံး

ဂျင်း/ကြက်သွန်ဖြူ- အနည်းငယ်

အရောင်တင်/ဟင်းခပ်မှုန့်/သကြား/ဆား- အနည်းငယ်

ပဲဆီ- အနည်းငယ်

ပြင်ဆင်ပုံချက်ပြုတ်ပုံ

ဂျင်း/ကြက်သွန်ဖြူကို ထောင်းပါ၊ အရောင်တင်မှုန့်/ဟင်းခပ်မှုန့်/သကြား/ဆားကို သင့်တော်ရုံတုံးထားတဲ့ ၀က်သားထဲမှာ ထည့်ပြီး ဂျင်း/ကြက်သွန်ဖြူ ထောင်းပြီးသားပါ ရော၍ သမအောင် နယ်ပါ။ ဒယ်အိုးထဲကို ဆီအနည်းငယ် ထည့်ကာ
ကြက်သွန်နီ တစ်လုံးကို ခပ်ကြွပ်ကြွပ်လေး ဆီသတ်ပါ။ ပြီးရင် ၀က်သားနယ်ပြီးသားကို ထည့်လိုက်ပါ။ ရေလိုပါက အနည်းငယ် ထည့်ပေးနိုင်ပါတယ်။ မိနစ်(40-60)ဆိုရင် ၀က်သား အတော်နူးနေပါပြီ။ ကြက်သွန်နီနှစ်လုံးကို လေးစိပ်ထိုးပြီး
ဝက်သားအိုးထဲကို ထည့်ပါ။ ကြက်သွန်နီ အနှစ်ကျတဲ့အထိ ၀က်သားအိုးကို မီအေးအေးနဲ့ နှပ်ပါ။ ကြက်သွန်နီ အနှစ်ကျပြီဆိုတာနဲ့ ၀က်သားအိပြီး အရသာတွေ စိမ့်ဝင်သွားပြီမို့ မီးဖိုပေါ်က ချကာ ပူပူနွေးနွေး သုံးဆောင်လို့ရပါပြီ။

READ
ဘီယာပုလင်းအဖုံးကို ဖောက်တံမရှိရင် ဘယ်လိုအရာတွေနဲ့ ဖောက်နိုင်မလဲ

မဒီလေး (Shwemom)

shwemom-2

 

SHARE